Online မှာ ရောင်းတဲ့ တချို့ပစ္စည်းတွေက ဈေးသက်သာပြီး အရည်အသွေးလည်း ကောင်းကြပါတယ်။ ဒါပေမယ့် တချို့တွေက အရည်အသွေး လုံးဝညံ့တဲ့ ပစ္စည်းတွေကို လိမ်ညာပြီး ရောင်းတတ်ကြပါတယ်။
အဲဒါကြောင့် ပစ္စည်းဝယ်တော့မယ်ဆိုရင် ပစ္စည်းက တရားဝင် တင်သွင်းတဲ့ပစ္စည်းလား၊ ယုံကြည်ရတဲ့ ရောင်းချသူတွေက ရောင်းတာလား၊ နောက်ဆက်တွဲ ဆိုးကျိုးစတဲ့ အချက်တွေကို စဉ်းစားပြီးမှ ဝယ်သင့်ပါတယ်။
မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်က skincare ပစ္စည်းအတုတွေ မဝယ်သင့်ကြောင်းကို ကြောက်စရာကောင်းတဲ့ မျက်နှာပုံနဲ့ သတိပေးထားပါတယ်။ အမျိုးသမီးတစ်ယောက်က skincare ပစ္စည်းအတုတွေကို အစစ်ထက် ဈေးသက်သာတယ်ဆိုပြီး သုံးရာကနေ မျက်နှာအသားအရေ ပျက်စီးသွားပါတယ် ။
" ထုတ်လုပ်သူ နာမည်မသိတဲ့ skincare makeup တွေကို သုံးမိတဲ့ ရလဒ်ပါပဲ။ အဲဒီပစ္စည်းတွေက ဈေးပေါရင် ပေါနေပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မျက်နှာက ဒီလိုမျိုးဖြစ်သွားနိုင်တယ် " လို့ caption ရေးထားပါတယ်။ ဈေးလေးနည်းနည်းသက်သာမှာကို တွေးပြီး ပစ္စည်းအတုတွေ မသုံးသင့်ကြောင်း အကြံပေးထားပါသေးတယ်။
သူမက အမျိုးအမည်မသိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ comestic ပစ္စည်းအတုတွေ ပြုလုပ်နေကြတဲ့ ပုံတွေကိုလည်း တင်ထားပေးပါသေးတယ်။ မျက်နှာအသားအရေက အလွန်နုတာကြောင့် skincare ပစ္စည်းတွေ ဝယ်မယ်ဆိုရင် သေချာစိစစ်ပြီးမှ ဝယ်သင့်ပါတယ်။
Zombie (Lovemedia)
Ref - Worldofbuzz
For Zawgyi
Skincare ပစ္စည်းအတုတွေ သုံးမိလို့ အသားအရေပျက်စီးသွားရတဲ့ အမျိုးသမီး
Zombie (Lovemedia)
Ref - Worldofbuzz
0 Comments