လူတွေကို နားညည်းအောင်လုပ်လို့ ထောင် ၃ နှစ်ခွဲ ကျသွားတဲ့လူရဲ့အဖြစ် (ရုပ်သံ)

ရုရှားနိုင်ငံမှာရှိတဲ့ အမျိုးသားတစ်ဦးဟာ ညစဉ်ညတိုင်း ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို နားညည်းအောင်လုပ်လို့ ထောင်ကျသွားခဲ့ပါတယ်။

အသက် (၄၇) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Yuri Kondratyev ဆိုတဲ့အမျိူးသားဟာ Nizhny Novgorod မှာနေထိုင်ပြီးတော့ အိမ်နီးနားချင်းတွေကို စိတ်ညစ်အောင်လုပ်တဲ့ ကိစ္စနဲ့ နာမည်ကြီးပါတယ်။ သူ့မိန်းမက သူ့ကိုထားသွားတဲ့ အချိန်ကနေစပြီးတော့ ဒီလိုပြောင်းလဲသွားတာပါ။

အစပိုင်းမှာ သူက ကြမ်းတမ်းတဲ့ ရောခ့်ဂီတ အမျိုးအစားတွေကို တစ်ချိန်လုံး ဖွင့်နေခဲ့တာပါ။ ပြီးရင်လဲ မြင်းဟီသံအကျယ်ကြီးကိုထဲ ထဖွင့်ပါသေးတယ်။

ကြာတော့လည်းပတ်ဝန်းကျင်က Kondratyev ကို စိတ်အခြေအနေ မူမမှန်ဘူးအထင်နဲ့ စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်ပါတယ်။ ဒီလို ပို့တဲ့အခါမှာလည်း စိတ်ကျန်းမာရေး မူမမှန်ဘူးဆိုတဲ့ လက်မှတ်ကိုလည်း ဆေးရုံက ထုတ်ပေးခဲ့ပါတယ်။

ဒါကို မိတ္တူတစ်စောင်ဆီကူးပြီးတော့ အိမ်နီးနားချင်းတွေရဲ့ စာတိုက်ပုံးထဲကို တစ်အိမ်ချင်း လိုက်ထည့်ပေးပါသေးတယ်။ ပြီးတော့ ထုံးစံအတိုင်း မြင်းဟီသံအကျယ်ကြီးကိုပဲ ဆက်လက်ဖွင့်နေခဲ့ပါတယ်။

သူဟာ ၂၀၁၃ ကနေ ၂၀၂၀ ပြည့်နှစ်အထိ ကြားထဲမှာ ဆူညံမှုပေါင်းများစွာ ပြုလုပ်ခဲ့တာကြောင့် ဒဏ်ငွေပေါင်းများစွာလည်း ပေးဆောင်ခဲ့ရပါတယ်။ ဒီလိုပေးဆောင်နေရပေမယ့်လည်း သူကတော့ မမှုပဲ အသံအကျယ်ကြီးတွေကို ဆက်လက်ဖွင့်ခဲ့ပါတယ်။

ဇူလိုင်လ (၉) ရက်နေ့မှာတော့ Yuri Kondratyev ကို တရားရုံးကနေ ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီလိုအမှုဟာ ရုရှားနိုင်ငံမှာတော့ ပထမဆုံး ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပုဒ်မ ၁၁၇ အရ အိမ်နီးနားချင်းကို နှောင့်ယှက်မှုကြောင့် တရားစွဲခံရတဲ့အမှု ဖြစ်နေလို့ပါ။

ရုပ်သံ (၁)

ရုပ်သံ (၂)

Zombie (Lovemedia)

For Zawgyi

လူေတြကို နားညည္းေအာင္လုပ္လို႔ ေထာင္ ၃ ႏွစ္ခြဲ က်သြားတဲ့လူရဲ႕အျဖစ္

႐ုရွားႏိုင္ငံမွာရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ညစဥ္ညတိုင္း ပတ္ဝန္းက်င္မွာရွိတဲ့လူေတြကို နားညည္းေအာင္လုပ္လို႔ ေထာင္က်သြားခဲ့ပါတယ္။

အသက္ (၄၇) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Yuri Kondratyev ဆိုတဲ့အမ်ိဴးသားဟာ Nizhny Novgorod မွာေနထိုင္ၿပီးေတာ့ အိမ္နီးနားခ်င္းေတြကို စိတ္ညစ္ေအာင္လုပ္တဲ့ ကိစၥနဲ႔ နာမည္ႀကီးပါတယ္။ သူ႔မိန္းမက သူ႔ကိုထားသြားတဲ့ အခ်ိန္ကေနစၿပီးေတာ့ ဒီလိုေျပာင္းလဲသြားတာပါ။

အစပိုင္းမွာ သူက ၾကမ္းတမ္းတဲ့ ေရာခ့္ဂီတ အမ်ိဳးအစားေတြကို တစ္ခ်ိန္လုံး ဖြင့္ေနခဲ့တာပါ။ ၿပီးရင္လဲ ျမင္းဟီသံအက်ယ္ႀကီးကိုထဲ ထဖြင့္ပါေသးတယ္။

ၾကာေတာ့လည္းပတ္ဝန္းက်င္က Kondratyev ကို စိတ္အေျခအေန မူမမွန္ဘူးအထင္နဲ႔ စိတ္က်န္းမာေရးေဆး႐ုံကို ပို႔လိုက္ပါတယ္။ ဒီလို ပို႔တဲ့အခါမွာလည္း စိတ္က်န္းမာေရး မူမမွန္ဘူးဆိုတဲ့ လက္မွတ္ကိုလည္း ေဆး႐ုံက ထုတ္ေပးခဲ့ပါတယ္။

ဒါကို မိတၱဴတစ္ေစာင္ဆီကူးၿပီးေတာ့ အိမ္နီးနားခ်င္းေတြရဲ႕ စာတိုက္ပုံးထဲကို တစ္အိမ္ခ်င္း လိုက္ထည့္ေပးပါေသးတယ္။ ၿပီးေတာ့ ထုံးစံအတိုင္း ျမင္းဟီသံအက်ယ္ႀကီးကိုပဲ ဆက္လက္ဖြင့္ေနခဲ့ပါတယ္။

သူဟာ ၂၀၁၃ ကေန ၂၀၂၀ ျပည့္ႏွစ္အထိ ၾကားထဲမွာ ဆူညံမႈေပါင္းမ်ားစြာ ျပဳလုပ္ခဲ့တာေၾကာင့္ ဒဏ္ေငြေပါင္းမ်ားစြာလည္း ေပးေဆာင္ခဲ့ရပါတယ္။ ဒီလိုေပးေဆာင္ေနရေပမယ့္လည္း သူကေတာ့ မမႈပဲ အသံအက်ယ္ႀကီးေတြကို ဆက္လက္ဖြင့္ခဲ့ပါတယ္။

ဇူလိုင္လ (၉) ရက္ေန႔မွာေတာ့ Yuri Kondratyev ကို တရား႐ုံးကေန ေထာင္ဒဏ္ ခ်မွတ္ခဲ့ပါတယ္။ ဒီလိုအမႈဟာ ႐ုရွားႏိုင္ငံမွာေတာ့ ပထမဆုံး ျဖစ္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ပုဒ္မ ၁၁၇ အရ အိမ္နီးနားခ်င္းကို ေႏွာင့္ယွက္မႈေၾကာင့္ တရားစြဲခံရတဲ့အမႈ ျဖစ္ေနလို႔ပါ။

Zombie (Lovemedia)

Post a Comment

0 Comments