တနေ့ကို လေးညှင်းပွင့် ၂ ပွင့်စားရင် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမလဲ

ကမ္ဘာပေါ်မှာ လေးညှင်းပွင့် မျိုးစိတ်ပေါင်း များစွာရှိပါတယ်။ လေးညှင့်ပွင့်ကို အစားအစာတွေထဲ ထည့်ရင် ဟင်းကို အရသာ ရှိစေပါတယ်။ ဒါ့အပြင် လေးညှင့်ပွင့်ကို ဆေးဝါးတွေမှာလည်း ထည့်သုံးပါတယ်။ တစ်နေ့ကို လေးညှင်းပွင့် နှစ်ပွင့်စားရင် ကောင်းကျိုးတွေ အများကြီးရမှာပါ။

1. ကိုယ်ခံအားကို ကောင်းစေပါတယ်။

လေးညှင်းပွင့်က ခန္ဓာကိုယ်ထဲက သွေးဖြူဥဆဲလ်တွေကို တိုးလာစေလို့ ကိုယ်ခံအားကောင်းစေပါတယ်။ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ပြီးတော့ လေးညှင့်ပွင့်မှာ ဗီတာမင်စီလည်း ပါဝင်ပါသေးတယ်။

2. အစာချေမှုကို တိုးတက်စေပါတယ်။

အစာချေစနစ်နဲ့ ပတ်သက်တဲ့ဆေးတွေမှာ လေးညှင်းပွင့် ပါဝင်ပါတယ်။ လေးညှင့်ပွင့်က အစာချေအင်ဇိုင်းအရည် ထုတ်လုပ်မှုကို တိုးလာစေပါတယ်။ ဗိုက်မအီမသာလည်း မဖြစ်စေတော့ပါဘူး။ လေးညှင်းပွင့်မှာ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီးသားပါပဲ။ အစာချေမှုနဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် လေးညှင်းပွင့်ကို အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ သောက်ပေးလို့ရပါတယ်။

3. သွားကိုက်ခြင်းကို သက်သာစေပါတယ်။

သွားကိုက်ပြီဆိုရင် လေးညှင်းပွင့်ကို အရင်သတိရလိုက်ပါ။ သွားကိုက်တဲ့နေရာမှာ လေးညှင်းပွင့်ကို ငုံထားလို့ရပါတယ်။

4. အသည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

အသည်းက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ လေးညှင်းပွင့်က အသည်းရဲ့လုပ်ငန်းတွေကို တိုးတက်စေပါတယ်။

5. ခန္ဓာကိုယ်ထဲက နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးပါတယ်။

လေးညှင်းပွင့်ကို ခေါင်းကိုက်ပျောက်ဆေးအဖြစ် အသုံးပြုကြပါတယ်။ လေးညှင်းပွင့်ကို ဆား၊ နွားနို့နဲ့ရောသောက်ရင် ခေါင်းကိုက်သက်သာပါတယ်။ လေးညှင်းပွင့်ကို အုန်းဆီထဲမှာ နှစ်ပြီး နားထင်ကို နှိပ်နယ်ပေးရင်လည်း ခေါင်းကိုက်သက်သာပါတယ်။.

6. အရိုးနဲ့အဆစ်အမြစ်တွေအတွက် အကျိုးပြုပါတယ်။

လေးညှင်းပွင့်မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက အရိုးသိပ်သည်းဆကို မြင့်တင်ပေးပြီး အရိုးတွေဆီကို သတ္ထုဓာတ်တွေ ပို့ဆောင်ပေးပါတယ်။

7. လေးညှင်းပွင့်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတယ်။

ခံတွင်းကျန်းမာရေးအတွက် အသုံးပြုတဲ့ဆေးဝါးတွေမှာ လေးညှင်းပွင့်၊ လက်ဖက်ဆီ၊ ပင်စိမ်းတို့ ပါဝင်ပါတယ်။ သဘာဝအသီးအနှံတွေနဲ့ပြုလုပ်ထားတဲ့ ခံတွင်းသန့်ရှင်းဆေးတွေက သွားကျန်းမာရေးကို အထောက်အကူပြုစေပြီး သုံးပြီး 21 ရက်အကြာမှာ ခံတွင်းထဲက ဘက်တီးရီးယားတွေကို လျှော့ချပြီးသား ဖြစ်နေမှာပါ။

8. လေးညှင်းပွင့်မှာ အင်တီအောက်ဆီးဒင့်အပြည့် ပါဝင်ပါတယ်။

လေးညှင်းပွင့်က ကိုလက်စထရောနဲ့ သွေးဖိအားတွေကို လျော့စေပြီး သွေးလွှတ်ကြောတွေရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေပါတယ်။ ပြီးတော့ အသက်လည်း ရှည်စေပါသေးတယ်။

9. သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

ဆီးချိုရောဂါလိုမျိုး သွေးတွင်းသကြားဓာတ်နဲ့ ပတ်သက်ပြီး ပြဿာနာရှိသူတွေအတွက် လေးညှင်းပွင့်က သင့်တော်ပါတယ်။ လေးညှင့်ပွင့်က ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ရဲ့ တာဝန်လိုမျိုး လုပ်ဆောင်ပါတယ်။ လေးညှင်းပွင့်က သွေးထဲက ပိုနေတဲ့ သကြားဓာတ်တွေကို ဆဲလ်တွေဆီ ပို့ပေးလို့ သွေးတွင်းမှာ သကြားဓာတ်ညီမျှသွားမှာပါ။

10. သွေးခဲမှုအရှိန်ကို နှေးသွားစေပါတယ်။

လေးညှင်းပွင့်က သွေးခဲမှုအရှိန်ကို အလွန်နှေးသွားစေတာကြောင့် လေးညှင်းပွင့်မစားခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

တေန႔ကို ေလးညႇင္းပြင့္ ၂ ပြင့္စားရင္ ခႏၶာကိုယ္မွာ ဘာေတြေျပာင္းလဲလာမလဲ

ကမာၻေပၚမွာ ေလးညႇင္းပြင့္ မ်ိဳးစိတ္ေပါင္း မ်ားစြာရွိပါတယ္။ ေလးညႇင့္ပြင့္ကို အစားအစာေတြထဲ ထည့္ရင္ ဟင္းကို အရသာရွိေစပါတယ္။ ဒါ့အျပင္ ေလးညႇင့္ပြင့္ကို ေဆးဝါးေတြမွာလည္း ထည့္သုံးပါတယ္။ တစ္ေန႔ကို ေလးညႇင္းပြင့္ ႏွစ္ပြင့္စားရင္ ေကာင္းက်ိဳးေတြ အမ်ားႀကီးရမွာပါ။

1. ကိုယ္ခံအားကို ေကာင္းေစပါတယ္။

ေလးညႇင္းပြင့္က ခႏၶာကိုယ္ထဲက ေသြးျဖဴဥဆဲလ္ေတြကို တိုးလာေစလို႔ ကိုယ္ခံအားေကာင္းေစပါတယ္။ ကူးစက္ေရာဂါေတြကိုလည္း ကာကြယ္ေပးပါတယ္။ ၿပီးေတာ့ ေလးညႇင့္ပြင့္မွာ ဗီတာမင္စီလည္း ပါဝင္ပါေသးတယ္။

2. အစာေခ်မႈကို တိုးတက္ေစပါတယ္။

အစာေခ်စနစ္နဲ႔ ပတ္သက္တဲ့ေဆးေတြမွာ ေလးညႇင္းပြင့္ ပါဝင္ပါတယ္။ ေလးညႇင့္ပြင့္က အစာေခ်အင္ဇိုင္းအရည္ ထုတ္လုပ္မႈကို တိုးလာေစပါတယ္။ ဗိုက္မအီမသာလည္း မျဖစ္ေစေတာ့ပါဘူး။ ေလးညႇင္းပြင့္မွာ အမွ်င္ဓာတ္ေတြ ပါဝင္တာေၾကာင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ၿပီးသားပါပဲ။ အစာေခ်မႈနဲ႔ပတ္သက္တဲ့ ျပႆနာေတြအတြက္ ေလးညႇင္းပြင့္ကို အမႈန႔္ႀကိတ္ၿပီး ပ်ားရည္နဲ႔ ေသာက္ေပးလို႔ရပါတယ္။

3. သြားကိုက္ျခင္းကို သက္သာေစပါတယ္။

သြားကိုက္ၿပီဆိုရင္ ေလးညႇင္းပြင့္ကို အရင္သတိရလိုက္ပါ။ သြားကိုက္တဲ့ေနရာမွာ ေလးညႇင္းပြင့္ကို ငုံထားလို႔ရပါတယ္။

4. အသည္းက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစပါတယ္။

အသည္းက ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ ေလးညႇင္းပြင့္က အသည္းရဲ႕လုပ္ငန္းေတြကို တိုးတက္ေစပါတယ္။

5. ခႏၶာကိုယ္ထဲက နာက်င္ျခင္း၊ ေရာင္ရမ္းျခင္းေတြကို ေလွ်ာ့ခ်ေပးပါတယ္။

ေလးညႇင္းပြင့္ကို ေခါင္းကိုက္ေပ်ာက္ေဆးအျဖစ္ အသုံးျပဳၾကပါတယ္။ ေလးညႇင္းပြင့္ကို ဆား၊ ႏြားႏို႔နဲ႔ေရာေသာက္ရင္ ေခါင္းကိုက္သက္သာပါတယ္။ ေလးညႇင္းပြင့္ကို အုန္းဆီထဲမွာ ႏွစ္ၿပီး နားထင္ကို ႏွိပ္နယ္ေပးရင္လည္း ေခါင္းကိုက္သက္သာပါတယ္။.

6. အ႐ိုးနဲ႔အဆစ္အျမစ္ေတြအတြက္ အက်ိဳးျပဳပါတယ္။

ေလးညႇင္းပြင့္မွာပါဝင္တဲ့ ျဒပ္ေပါင္းေတြက အ႐ိုးသိပ္သည္းဆကို ျမင့္တင္ေပးၿပီး အ႐ိုးေတြဆီကို သတၳဳဓာတ္ေတြ ပို႔ေဆာင္ေပးပါတယ္။

7. ေလးညႇင္းပြင့္မွာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ႏိုင္တဲ့ အစြမ္းရွိတယ္။

ခံတြင္းက်န္းမာေရးအတြက္ အသုံးျပဳတဲ့ေဆးဝါးေတြမွာ ေလးညႇင္းပြင့္၊ လက္ဖက္ဆီ၊ ပင္စိမ္းတို႔ ပါဝင္ပါတယ္။ သဘာဝအသီးအႏွံေတြနဲ႔ျပဳလုပ္ထားတဲ့ ခံတြင္းသန႔္ရွင္းေဆးေတြက သြားက်န္းမာေရးကို အေထာက္အကူျပဳေစၿပီး သုံးၿပီး 21 ရက္အၾကာမွာ ခံတြင္းထဲက ဘက္တီးရီးယားေတြကို ေလွ်ာ့ခ်ၿပီးသား ျဖစ္ေနမွာပါ။

8. ေလးညႇင္းပြင့္မွာ အင္တီေအာက္ဆီးဒင့္အျပည့္ ပါဝင္ပါတယ္။

ေလးညႇင္းပြင့္က ကိုလက္စထေရာနဲ႔ ေသြးဖိအားေတြကို ေလ်ာ့ေစၿပီး ေသြးလႊတ္ေၾကာေတြရဲ႕လုပ္ေဆာင္မႈေတြကို တိုးတက္ေစပါတယ္။ ၿပီးေတာ့ အသက္လည္း ရွည္ေစပါေသးတယ္။

9. ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးပါတယ္။

ဆီးခ်ိဳေရာဂါလိုမ်ိဳး ေသြးတြင္းသၾကားဓာတ္နဲ႔ ပတ္သက္ၿပီး ျပႆာနာရွိသူေတြအတြက္ ေလးညႇင္းပြင့္က သင့္ေတာ္ပါတယ္။ ေလးညႇင့္ပြင့္က ခႏၶာကိုယ္ထဲမွာ အင္ဆူလင္ရဲ႕ တာဝန္လိုမ်ိဳး လုပ္ေဆာင္ပါတယ္။ ေလးညႇင္းပြင့္က ေသြးထဲက ပိုေနတဲ့ သၾကားဓာတ္ေတြကို ဆဲလ္ေတြဆီ ပို႔ေပးလို႔ ေသြးတြင္းမွာ သၾကားဓာတ္ညီမွ်သြားမွာပါ။

10. ေသြးခဲမႈအရွိန္ကို ေႏွးသြားေစပါတယ္။

ေလးညႇင္းပြင့္က ေသြးခဲမႈအရွိန္ကို အလြန္ေႏွးသြားေစတာေၾကာင့္ ေလးညႇင္းပြင့္မစားခင္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments