25 နှစ်လုံး အိမ်ထဲမှာ အမေဖြစ်သူရဲ့ ပိတ်လှောင်ခံထားရတဲ့ မိန်းကလေး

တစ်ခါတရံမှာ လူတွေဟာ ရင်းနှီးတဲ့သူတွေအပေါ် ဝမ်းနည်းတာတွေ၊ စိတ်မကျေနပ်တာတွေနဲ့ ကြုံရတတ်ပါတယ်။ သတိမထားမိလိုက်တဲ့ ကိစ္စလေးတွေလည်း ရှိပါတယ်။ ရင်းနှီးတဲ့သူတွေက စကားလုံးတွေ၊ အပြုအမူတွေနဲ့ ကိုယ့်ကို နာကျင်စေတတ်ပါတယ်။

ဒီလိုပြုမူပြောဆိုမှုအတွက် ဘယ်သူကမှလည်း ကာကွယ်ပြီး မပြောပေးပါဘူး။ အများစုကတော့ နှစ်ဦးနှစ်ဖက်လုံးအမှားတွေ နားလည်ပြီး တစ်ယောက်ကိုတစ်ယောက် တောင်းပန်ကြပါတယ်။ ဒီလိုတောင်းပန်တာက လူသားနဲ့တိရစ္ဆာန်ကြားက ကွာခြားချက်ပါ။ လူသားတွေမှာ သတိတရားဖြင့် ဆင်ခြင်နိုင်ခြင်းစွမ်းရည်ဆိုတာ ရှိလို့ပါ။

တစ်ခါတရံမှာ တချို့မိဘတွေက သားသမီးတွေအပေါ် အဆင်အခြင်မဲ့စွာ အပြစ်တင်ပြီး တမင်သက်သက်ထိခိုက်အောင် လုပ်တတ်တဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ ဒီကြောက်စရာကောင်းတဲ့ ဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံမှာ 19 ရာစုအတွင်း အဖြစ်အပျက်ပါ။

ပြင်ပလောကရဲ့ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံအနောက်ပိုင်းက Poitiers လို့ခေါ်တဲ့မြို့ငယ်လေးမှာ ဖြစ်ခဲ့ပါတယ်။ မြို့သူမြို့သားတွေက Monnier မိသားစုကို ဂုဏ်သရေရှိ မိသားစုအဖြစ် လေးစားကြပါတယ်။ မစ္စတာ Monnier နဲ့ မစ္စစ် Monnier မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်။ သူတို့သမီးလေး Blanche က သိပ်ကို လှပပါတယ်။

Blanche အသက် 25 နှစ် အရွယ်ရောက်တော့ သူမမှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူ ရှိတယ်လို့ မိဘတွေကို အသိပေးပါတယ်။ Blanche ရဲ့ အမေက ငွေမရှိတဲ့ ရှေ့နေငယ်လေးနဲ့ လက်ထပ်ဖို့ လုံးဝသဘောမတူပါဘူး။ ကံမကောင်းစွာပဲ လက်ထပ်ဖို့ တားမြစ်တာကို Blanche က ဘယ်လိုတုံ့ပြန်မလဲဆိုတာ မသိခဲ့ကြပါဘူး။

ဒါပေမယ့် မစ္စစ် Monnier ရဲ့နောက်ဆက်တွဲ အပြုအမူကိုတော့ ဘယ်တော့မှ နားလည်နိုင်ကြမှာ မဟုတ်ပါဘူး။ မစ္စစ် Monnierက သူ့သမီးကို အိမ်အမိုးအောက်က ထပ်ခိုးခန်းကျဉ်းကျဉ်းလေးထဲမှာ သော့ပိတ်ထားပါတယ်။ သားဖြစ်သူ Marcel နဲ့ အတူ မစ္စစ် Monnier ဟာ Blanche တစ်ယောက် ပျောက်သွားလို့ ဝမ်းနည်းကြေကွဲသလိုမျိုး နှစ်ပေါင်းများစွာ ဟန်ဆောင်ခဲ့ကြပါတယ်။

Blanche ဘယ်မှာ ရှိတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အိမ်ထဲမှာ Blanche ကို ပိတ်လှောင်ထားသူတွေပဲ သိပါတယ်။ ရေးသူအမည်မပါတဲ့ စာတစ်စောင်က ရဲလက်မရောက်ခင် 1901 ခုနှစ်အထိ Blanche ဟာ 25 နှစ်လုံးလုံး သော့ပိတ် ခံထားရပါတယ်။ Blanche ကို သူမရဲ့မိဘတွေက နှစ်ပေါင်းများစွာ ပိတ်လှောင်ထားတဲ့ အကြောင်း တစ်စုံတစ်ယောက်က သတင်းပေးလိုက်တာပါ။ ရဲတွေက ဒီသတင်းရဲ့ အရင်းအမြစ်ကို အတည်မပြုနိုင်ခဲ့ကြပါဘူး။

အဲဒါကြောင့် ရဲတွေက သူတို့ကိုယ်တိုင်ပဲ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မစ္စစ် Monnier ကတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေပါတယ်။ ရဲအရာရှိတွေက အိမ်အမိုးအောက် ထပ်ခိုးခန်းထဲကို တက်သွားတဲ့အခါ မစ္စစ် Monnier ဟာ စိတ်လှုပ်ရှားမှုကင်းမဲ့တဲ့ မျက်နှာနဲ့ ထိုင်နေပါတယ်။ နောက်ဆုံးတော့ ပျောက်ဆုံးနေတဲ့ Blanche ကို ပြန်တွေ့ပါတယ်။

အားအင်ကုန်ခန်းခြင်းကြောင့် Blanche ဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပါတယ်။ သူမရဲ့အမေကိုတော့ ချက်ချင်းဖမ်းဆီးပြီး ထောင်ချလိုက်ပါတယ်။ မစ္စစ် Monnier ဟာ သူမရဲ့ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြပြီး 15 ရက်အကြာမှာ ကွယ်လွန်သွားပါတယ်။ Marcel ကိုလည်း တရားစွဲလိုက်ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုလို့ ကြေညာခဲ့ပါတယ်။ အဲဒီကာလက ပြင်သစ်နိုင်ငံမှာ အမှုတစ်ခုကို ကန့်ကွက်တဲ့သူမရှိရင် တရားစွဲလို့ရတဲ့ဥပဒေ မရှိသေးပါဘူး။ ကံဆိုးတာကတော့ Blanche ဟာ စိတ်ဝေဒနာကို အပြင်းအထန် ခံစားရတာပါပဲ ။ သူမရဲ့ကျန်ရှိနေသေးတဲ့ဘဝကို စိတ်ကျန်းမာရေးဆေးရုံမှာ ကုန်ဆုံးခဲ့ပြီး 12 နှစ် အကြာမှာ ကွယ်လွန်ခဲ့ပါတယ် ။

တစ်ခါတရံမှာ ချစ်ခင်ရတဲ့သူတွေလည်း နာကျင်မှု သိပ်ပေးပါတယ်။ ဒါပေမယ့် မစ္စစ် Monnier ရဲ့ အပြုအမူ ကန့်သတ်ချက်တွေအားလုံးကို ချိုးဖျက်လိုက်တာပါပဲ။ မစ္စစ် Monnier က သူ့သမီးရဲ့ဘဝကို ပိတ်ပင်တားဆီးခဲ့ပြီး သေလောက်အောင် ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်အောင် လုပ်ခဲ့တာပါပဲ။

သင့်ရဲ့ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်မျိုးနဲ့ အလားတူဖြစ်ရပ်မျိုးကို သံသယရှိရင် အာဏာပိုင်အဖွဲ့တွေကို သတင်းပေးဖို့ မတွေဝေပါနဲ့။ သင့်ရဲ့နိုးနိုးကြားကြားနဲ့ သတိရှိခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ကယ်တင်နိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

25 ႏွစ္လုံး အိမ္ထဲမွာ အေမျဖစ္သူရဲ႕ ပိတ္ေလွာင္ခံထားရတဲ့ မိန္းကေလး

တစ္ခါတရံမွာ လူေတြဟာ ရင္းႏွီးတဲ့သူေတြအေပၚ ဝမ္းနည္းတာေတြ၊ စိတ္မေက်နပ္တာေတြနဲ႔ ႀကဳံရတတ္ပါတယ္။ သတိမထားမိလိုက္တဲ့ ကိစၥေလးေတြလည္း ရွိပါတယ္။ ရင္းႏွီးတဲ့သူေတြက စကားလုံးေတြ၊ အျပဳအမူေတြနဲ႔ ကိုယ့္ကို နာက်င္ေစတတ္ပါတယ္။

ဒီလိုျပဳမူေျပာဆိုမႈအတြက္ ဘယ္သူကမွလည္း ကာကြယ္ၿပီးမေျပာေပးပါဘူး။ အမ်ားစုကေတာ့ ႏွစ္ဦးႏွစ္ဖက္လုံးအမွားေတြ နားလည္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ ေတာင္းပန္ၾကပါတယ္။ ဒီလိုေတာင္းပန္တာက လူသားနဲ႔တိရစာၦန္ၾကားက ကြာျခားခ်က္ပါ။ လူသားေတြမွာ သတိတရားျဖင့္ ဆင္ျခင္ႏိုင္ျခင္းစြမ္းရည္ဆိုတာ ရွိလို႔ပါ။

တစ္ခါတရံမွာ တခ်ိဳ႕မိဘေတြက သားသမီးေတြအေပၚ အဆင္အျခင္မဲ့စြာ အျပစ္တင္ၿပီး တမင္သက္သက္ထိခိုက္ေအာင္ လုပ္တတ္တဲ့အျဖစ္မ်ိဳးလည္း ရွိပါတယ္။ ဒီေၾကာက္စရာေကာင္းတဲ့ ဇာတ္လမ္းကေတာ့ ျပင္သစ္ႏိုင္ငံမွာ 19 ရာစုအတြင္း အျဖစ္အပ်က္ပါ။

ျပင္ပေလာကရဲ႕ေၾကာက္စရာေကာင္းတဲ့ ဇာတ္လမ္းကေတာ့ ျပင္သစ္ႏိုင္ငံအေနာက္ပိုင္းက Poitiers လို႔ေခၚတဲ့ၿမိဳ႕ငယ္ေလးမွာ ျဖစ္ခဲ့ပါတယ္။ ၿမိဳ႕သူၿမိဳ႕သားေတြက Monnier မိသားစုကို ဂုဏ္သေရရွိမိသားစုအျဖစ္ ေလးစားၾကပါတယ္။ မစၥတာ Monnier နဲ႔ မစၥစ္ Monnier မွာ သားတစ္ေယာက္၊ သမီးတစ္ေယာက္ ရွိပါတယ္။ သူတို႔သမီးေလး Blanche က သိပ္ကို လွပပါတယ္။

Blanche အသက္ 25 ႏွစ္ အ႐ြယ္ေရာက္ေတာ့ သူမမွာ လက္ထပ္ဖို႔ ရည္႐ြယ္ထားတဲ့သူ ရွိတယ္လို႔ မိဘေတြကို အသိေပးပါတယ္။ Blanche ရဲ႕ အေမက ေငြမရွိတဲ့ ေရွ႕ေနငယ္ေလးနဲ႔ လက္ထပ္ဖို႔ လုံးဝသေဘာမတူပါဘူး။ ကံမေကာင္းစြာပဲ လက္ထပ္ဖို႔ တားျမစ္တာကို Blanche က ဘယ္လိုတုံ႔ျပန္မလဲဆိုတာ မသိခဲ့ၾကပါဘူး။

ဒါေပမယ့္ မစၥစ္ Monnier ရဲ႕ေနာက္ဆက္တြဲအျပဳအမူကိုေတာ့ ဘယ္ေတာ့မွ နားလည္ႏိုင္ၾကမွာ မဟုတ္ပါဘူး။ မစၥစ္ Monnierက သူ႔သမီးကို အိမ္အမိုးေအာက္က ထပ္ခိုးခန္းက်ဥ္းက်ဥ္းေလးထဲမွာ ေသာ့ပိတ္ထားပါတယ္။ သားျဖစ္သူ Marcel နဲ႔ အတူ မစၥစ္ Monnier ဟာ Blanche တစ္ေယာက္ ေပ်ာက္သြားလို႔ ဝမ္းနည္းေၾကကြဲသလိုမ်ိဳး ႏွစ္ေပါင္းမ်ားစြာ ဟန္ေဆာင္ခဲ့ၾကပါတယ္။

Blanche ဘယ္မွာ ရွိတယ္ဆိုတာ ဘယ္သူမွမသိၾကပါဘူး။ အိမ္ထဲမွာ Blanche ကို ပိတ္ေလွာင္ထားသူေတြပဲ သိပါတယ္။ ေရးသူအမည္မပါတဲ့ စာတစ္ေစာင္က ရဲလက္မေရာက္ခင္ 1901 ခုႏွစ္အထိ Blanche ဟာ 25 ႏွစ္လုံးလုံး ေသာ့ပိတ္ ခံထားရပါတယ္။ Blanche ကို သူမရဲ႕မိဘေတြက ႏွစ္ေပါင္းမ်ားစြာ ပိတ္ေလွာင္ထားတဲ့ အေၾကာင္း တစ္စုံတစ္ေယာက္က သတင္းေပးလိုက္တာပါ။ ရဲေတြက ဒီသတင္းရဲ႕အရင္းအျမစ္ကို အတည္မျပဳႏိုင္ခဲ့ၾကပါဘူး။

အဲဒါေၾကာင့္ ရဲေတြက သူတို႔ကိုယ္တိုင္ပဲ စုံစမ္းစစ္ေဆးဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ မစၥစ္ Monnier ကေတာ့ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနပါတယ္။ ရဲအရာရွိေတြက အိမ္အမိုးေအာက္ ထပ္ခိုးခန္းထဲကို တက္သြားတဲ့အခါ မစၥစ္ Monnier ဟာ စိတ္လႈပ္ရွားမႈကင္းမဲ့တဲ့ မ်က္ႏွာနဲ႔ ထိုင္ေနပါတယ္။ ေနာက္ဆုံးေတာ့ ေပ်ာက္ဆုံးေနတဲ့ Blanche ကို ျပန္ေတြ႕ပါတယ္။

အားအင္ကုန္ခန္းျခင္းေၾကာင့္ Blanche ဟာ မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားပါတယ္။ သူမရဲ႕အေမကိုေတာ့ ခ်က္ခ်င္းဖမ္းဆီးၿပီး ေထာင္ခ်လိုက္ပါတယ္။ မစၥစ္ Monnier ဟာ သူမရဲ႕ေၾကာက္စရာေကာင္းတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေဖာ္ေျပာျပၿပီး 15 ရက္အၾကာမွာ ကြယ္လြန္သြားပါတယ္။ Marcel ကိုလည္း တရားစြဲလိုက္ပါတယ္။

ဒါေပမယ့္ မၾကာခင္မွာပဲ စိတ္ပိုင္းဆိုင္ရာမက်န္းမာမႈလို႔ ေၾကညာခဲ့ပါတယ္။ အဲဒီကာလက ျပင္သစ္ႏိုင္ငံမွာ အမႈတစ္ခုကို ကန႔္ကြက္တဲ့သူမရွိရင္ တရားစြဲလို႔ရတဲ့ဥပေဒ မရွိေသးပါဘူး။ ကံဆိုးတာကေတာ့ Blanche ဟာ စိတ္ေဝဒနာကို အျပင္းအထန္ ခံစားရတာပါပဲ ။ သူမရဲ႕က်န္ရွိေနေသးတဲ့ဘဝကို စိတ္က်န္းမာေရးေဆး႐ုံမွာ ကုန္ဆုံးခဲ့ၿပီး 12 ႏွစ္ အၾကာမွာ ကြယ္လြန္ခဲ့ပါတယ္ ။

တစ္ခါတရံမွာ ခ်စ္ခင္ရတဲ့သူေတြလည္း နာက်င္မႈ သိပ္ေပးပါတယ္။ ဒါေပမယ့္ မစၥစ္ Monnier ရဲ႕ အျပဳအမူ ကန႔္သတ္ခ်က္ေတြအားလုံးကို ခ်ိဳးဖ်က္လိုက္တာပါပဲ။ မစၥစ္ Monnier က သူ႔သမီးရဲ႕ဘဝကို ပိတ္ပင္တားဆီးခဲ့ၿပီး ေသေလာက္ေအာင္ေၾကာက္စရာေကာင္းတဲ့ အေျခအေနျဖစ္ေအာင္ လုပ္ခဲ့တာပါပဲ။

သင့္ရဲ႕ပတ္ဝန္းက်င္မွာ ဒီလိုအျဖစ္မ်ိဳးနဲ႔ အလားတူျဖစ္ရပ္မ်ိဳးကို သံသယရွိရင္ အာဏာပိုင္အဖြဲ႕ေတြကို သတင္းေပးဖို႔ မေတြေဝပါနဲ႔။ သင့္ရဲ႕ႏိုးႏိုးၾကားၾကားနဲ႔ သတိရွိျခင္းဟာ လူတစ္ေယာက္ရဲ႕ ဘဝကို ကယ္တင္ႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments