မယုံနိုင်လောက်အောင် ဝိတ်ကျသွားခဲ့တဲ့ လျှို့ဝှက်ချက်ကို ပြောပြလာသူ ထိုင်းအမျိုးသား

တစ်နှစ်အတွင်း ကိုယ်အလေးချိန် ၁၅၆ ကီလိုဂရမ်ကနေ ၇၅ ကီလိုဂရမ်အထိ ကျသွားတဲ့ လျှို့ဝှက်ချက်ကို ပြောပြလာသူ

သင်ဟာ ဝိတ်ချနေသူတစ်ယောက်ဆိုရင် ကိုယ်အလေးချိန် တစ်ပေါင်ကျဖို့ မလွယ်ကြောင်းကို သိမှာပါနော်။

ထိုင်းနိုင်ငံက အမျိုးသားတစ်ယောက်ကတော့ တစ်နှစ်အတွင်း ၈၁ ကီလိုဂရမ် ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကို မျှဝေပေးထားပါတယ်။ ဂျွန်လ ၆ ရက်နေ့တုန်းက တင်ထားတဲ့ သူ့ရဲ့ ဝိတ်ချနည်း post က အရမ်းကို ပျံ့နှံ့သွားပါတယ်။


Nes Chedtragull က ငယ်စဉ်ကတည်းက အဝလွန်သူပါ။ သူဝိတ်ချတဲ့အချိန်မှာ ကိုယ်အလေးချိန်က ၁၅၆ ကီလိုဂရမ် ရှိပါတယ်။ သူက အစားကို စနစ်တကျစားပြီး တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် လမ်းလျှောက်ပေးတဲ့အခါ တစ်နှစ်အကြာမှာတော့ ကိုယ်အလေးချိန်က ၇၅ ကီလိုဂရမ်အထိ ကျဆင်းသွားပါတယ်။

သူ့ရဲ့ ဝိတ်မချခင်ပုံနဲ့ ဝိတ်ချပြီးပုံကို ယှဉ်ပြထားပါတယ်။ ပိန်သွားပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်က အရင်ကဝတ်ခဲ့တဲ့ဘောင်းဘီအဟောင်းထဲကိုတောင် တစ်ကိုယ်လုံးဝင်လို့ရသွားခဲ့ပါတယ်။ Nes က ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ တင်ထားတဲ့ facebook post တစ်ခုမှာလည်း သူဝိတ်ချခဲ့ပုံကို မျှဝေပေးထားပါသေးတယ်။


Nes က နေ့စဉ်စက်ဘီးစီးပါတယ်။ တစ်ခါတရံ အိမ်မှာစီးသလို ပိတ်ရက်တွေမှာဆိုရင် အပြင်ကို ထွက်စီးပါတယ်။ ၂၀၂၀ နှစ်ကုန်မှာ ဝိတ်က တော်တော်ကျသွားပြီး ခန္ဓာကိုယ် ကျစ်လျစ်သွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ ရေကူးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ Gym သွားတာ စတဲ့နည်းလမ်းတွေကို ဝိတ်ကျဖို့အတွက် Nes က အကြံပေးထားပါတယ်။


"အစားအစာက သင့်ကျန်းမာရေးကို အဆုံးအဖြတ်ပေးတဲ့ အဓိကအရာပါ။ ခန္ဓာကိုယ်ကျန်းမာဖို့က အရမ်းအရေးကြီးတယ်" လို့ Nes က ပြောပြာတယ်။ သူ့ရဲ့ facebook post မပျံ့နှံ့ခင်မှာ သူ workout လုပ်ပုံတွေ၊ စက်ဘီးစီးပုံတွေ၊ ထိုင်ထလုပ်ပုံတွေ၊ ခါးကွင်းလှည့်ပုံတွေ စတဲ့ video တွေကို တင်ပေးထားပါတယ်။

သင်လည်း ဝိတ်ချဖို့ စဉ်းစားနေတယ်ဆိုရင် ဒီလိုနည်းတွေ သုံးပြီး အမြန်ဆုံး လုပ်လိုက်ပါတော့နော်။

Zombie (Lovemedia)

For Zawgyi

တစ္ႏွစ္အတြင္း ကိုယ္အေလးခ်ိန္ ၁၅၆ ကီလိုဂရမ္ကေန ၇၅ ကီလိုဂရမ္အထိ က်သြားတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပလာသူ

သင္ဟာ ဝိတ္ခ်ေနသူတစ္ေယာက္ဆိုရင္ ကိုယ္အေလးခ်ိန္ တစ္ေပါင္က်ဖို႔ မလြယ္ေၾကာင္းကို သိမွာပါေနာ္။

ထိုင္းႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ကေတာ့ တစ္ႏွစ္အတြင္း ၈၁ ကီလိုဂရမ္ ဝိတ္ခ်ႏိုင္ခဲ့တဲ့ အေၾကာင္းကို မွ်ေဝေပးထားပါတယ္။ ဂြၽန္လ ၆ ရက္ေန႔တုန္းက တင္ထားတဲ့ သူ႔ရဲ႕ ဝိတ္ခ်နည္း post က အရမ္းကို ပ်ံ႕ႏွံ႔သြားပါတယ္။

Nes Chedtragull က ငယ္စဥ္ကတည္းက အဝလြန္သူပါ။ သူဝိတ္ခ်တဲ့အခ်ိန္မွာ ကိုယ္အေလးခ်ိန္က ၁၅၆ ကီလိုဂရမ္ ရွိပါတယ္။ သူက အစားကို စနစ္တက်စားၿပီး တစ္ေန႔ကို တစ္နာရီ သို႔မဟုတ္ ႏွစ္နာရီခန႔္ လမ္းေလွ်ာက္ေပးတဲ့အခါ တစ္ႏွစ္အၾကာမွာေတာ့ ကိုယ္အေလးခ်ိန္က ၇၅ ကီလိုဂရမ္အထိ က်ဆင္းသြားပါတယ္။

သူ႔ရဲ႕ ဝိတ္မခ်ခင္ပုံနဲ႔ ဝိတ္ခ်ၿပီးပုံကို ယွဥ္ျပထားပါတယ္။ ပိန္သြားၿပီးေနာက္မွာေတာ့ သူ႔ခႏၶာကိုယ္က အရင္ကဝတ္ခဲ့တဲ့ ေဘာင္းဘီအေဟာင္းထဲကိုေတာင္ တစ္ကိုယ္လုံးဝင္လို႔ ရသြားခဲ့ပါတယ္။ Nes က ၂၀၁၉ ခုႏွစ္ ဩဂုတ္လမွာ တင္ထားတဲ့ facebook post တစ္ခုမွာလည္း သူဝိတ္ခ်ခဲ့ပုံကို မွ်ေဝေပးထားပါေသးတယ္။

Nes က ေန႔စဥ္စက္ဘီးစီးပါတယ္။ တစ္ခါတရံ အိမ္မွာစီးသလို ပိတ္ရက္ေတြမွာဆိုရင္ အျပင္ကို ထြက္စီးပါတယ္။ ၂၀၂၀ ႏွစ္ကုန္မွာ ဝိတ္က ေတာ္ေတာ္က်သြားၿပီး ခႏၶာကိုယ္ က်စ္လ်စ္သြားေအာင္ ထိန္းသိမ္းခဲ့ပါတယ္။ ေရကူးတာ၊ စက္ဘီးစီးတာ၊ လမ္းေလွ်ာက္တာ၊ ေျပးတာ၊ Gym သြားတာ စတဲ့နည္းလမ္းေတြကို ဝိတ္က်ဖို႔အတြက္ Nes က အႀကံေပးထားပါတယ္။

"အစားအစာက သင့္က်န္းမာေရးကို အဆုံးအျဖတ္ေပးတဲ့ အဓိကအရာပါ။ ခႏၶာကိုယ္က်န္းမာဖို႔က အရမ္းအေရးႀကီးတယ္" လို႔ Nes က ေျပာျပာတယ္။ သူ႔ရဲ႕ facebook post မပ်ံ႕ႏွံ႔ခင္မွာ သူ workout လုပ္ပုံေတြ၊ စက္ဘီးစီးပုံေတြ၊ ထိုင္ထလုပ္ပုံေတြ၊ ခါးကြင္းလွည့္ပုံေတြ စတဲ့ video ေတြကို တင္ေပးထားပါတယ္။

သင္လည္း ဝိတ္ခ်ဖို႔ စဥ္းစားေနတယ္ဆိုရင္ ဒီလိုနည္းေတြ သုံးၿပီး အျမန္ဆုံး လုပ္လိုက္ပါေတာ့ေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments