သတို့သမီး ရုတ်တရက်သေသွားလို့ သတို့သမီးရဲ့ညီမနဲ့ လက်ထပ်လိုက်တဲ့အမျိုးသား

မင်္ဂလာမဆောင်ခင်လေးမှာ သတို့သမီး ရုတ်တရက် သေသွားလို့ သတို့သမီးရဲ့ညီမနဲ့ လက်ထပ်လိုက်တဲ့အမျိုးသား

ကိုဗစ်က မပြီးသေးပေမယ့်လည်း တချို့နေရာတွေမှာ မင်္ဂလာပွဲတွေ ကျင်းပနေဆဲပါပဲ။ ကူးစက်နှုန်း မြင့်နေတဲ့ အိန္ဒိယနိုင်ငံမှာလည်း မင်္ဂလာပွဲတွေ ကျင်းပနေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ တွေ့ရလေ့ ရှိပါတယ်။

မေလ ၂၇ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ Etawah ခရိုင်က Samasuar ရွာမှာ သတို့သမီးတစ်ယောက်က မင်္ဂလာပွဲ မလုပ်ခင်မှာ နှလုံးရောဂါနဲ့သေသွားပါတယ်။ သတို့သမီးရဲ့အလောင်းကို တခြားအခန်းမှာ ထားလိုက်ပြီးတော့ သတို့သားက သတို့သားရဲ့ညီမကို ယူလိုက်ပါတယ်။ ပြီးတော့ မင်္ဂလာပွဲကို ဆက်ပြီးကျင်းပပါတယ်။

မင်္ဂလာပွဲ ထုံးတမ်းအစဉ်အလာတွေကို ကြာသပတေးနေ့ညမှာ ပြုလုပ်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သတို့သမီး Surbi က နေရထိုင်ရမကောင်းကြောင်း ပြောပါသေးတယ်။ ပြောပြီးမကြာခင်မှာပဲ သတို့သမီးက ရုတ်တရက်ကြီး နှလုံးရောဂါနဲ့ သေသွားခဲ့ပါတယ်။

သတို့သား Mangesh Kumar က သတို့သမီး Surbi ရဲ့ညီမအငယ်နဲ့ ထုံးတမ်းနဲ့အညီ လက်ထပ်ပေးဖို့ သတို့သမီး မိဘတွေကို တောင်းဆိုပါတယ်။ မိသားစုတွေက အတူတကွ တိုင်ပင်လိုက်ကြပြီးနောက်မှာတော့ မင်္ဂလာပွဲကို ရပ်လိုက်မယ့်အစား သမီးအငယ်နဲ့ သတို့သားကို လက်ထပ်ပေးဖို့ သဘောတူ လိုက်ကြပါတယ်။

Surbhi ရဲ့ ဈာပနကိုတော့ သူ့ညီမနဲ့ Mangesg တို့ရဲ့ မင်္ဂလာပွဲပြီးမှ ပြုလုပ်ကြပါတယ်။ မတူညီတဲ့ ပွဲနှစ်ခုကို တစ်နေရာတည်းမှာ ပြုလုပ်တာ ထူးဆန်းကြောင်း Surbhui ရဲ့အစ်ကို Saurabh က ပြောပါတယ်။

Zombie (Lovemedia)

source - WorldofBuzz

For Zawgyi

သတို႔သမီး ႐ုတ္တရက္ေသသြားလို႔ သတို႔သမီးရဲ႕ညီမနဲ႔ လက္ထပ္လိုက္တဲ့အမ်ိဳးသား

မဂၤလာမေဆာင္ခင္ေလးမွာ သတို႔သမီး ႐ုတ္တရက္ေသသြားလို႔ သတို႔သမီးရဲ႕ညီမနဲ႔ လက္ထပ္လိုက္တဲ့အမ်ိဳးသား

ကိုဗစ္က မၿပီးေသးေပမယ့္လည္း တခ်ိဳ႕ေနရာေတြမွာ မဂၤလာပြဲေတြ က်င္းပေနဆဲပါပဲ။ ကူးစက္ႏႈန္း ျမင့္ေနတဲ့ အိႏၵိယႏိုင္ငံမွာလည္း မဂၤလာပြဲေတြ က်င္းပေနၾကပါတယ္။ အိႏၵိယႏိုင္ငံမွာ မဂၤလာပြဲနဲ႔ ပတ္သက္ၿပီး ထူးထူးဆန္းဆန္း အျဖစ္အပ်က္ေတြ ေတြ႕ရေလ့ ရွိပါတယ္။

ေမလ ၂၇ ရက္ေန႔တုန္းက အိႏၵိယႏိုင္ငံ Etawah ခ႐ိုင္က Samasuar ႐ြာမွာ သတို႔သမီးတစ္ေယာက္က မဂၤလာပြဲ မလုပ္ခင္မွာ ႏွလုံးေရာဂါနဲ႔ေသသြားပါတယ္။ သတို႔သမီးရဲ႕အေလာင္းကို တျခားအခန္းမွာ ထားလိုက္ၿပီးေတာ့ သတို႔သားက သတို႔သားရဲ႕ညီမကို ယူလိုက္ပါတယ္။ ၿပီးေတာ့ မဂၤလာပြဲကို ဆက္ၿပီးက်င္းပပါတယ္။

မဂၤလာပြဲ ထုံးတမ္းအစဥ္အလာေတြကို ၾကာသပေတးေန႔ညမွာ ျပဳလုပ္ေနခဲ့ၾကပါတယ္။ အဲဒီအခ်ိန္မွာ သတို႔သမီး Surbi က ေနရထိုင္ရမေကာင္းေၾကာင္း ေျပာပါေသးတယ္။ ေျပာၿပီးမၾကာခင္မွာပဲ သတို႔သမီးက ႐ုတ္တရက္ႀကီး ႏွလုံးေရာဂါနဲ႔ ေသသြားခဲ့ပါတယ္။

သတို႔သား Mangesh Kumar က သတို႔သမီး Surbi ရဲ႕ညီမအငယ္နဲ႔ ထုံးတမ္းနဲ႔အညီ လက္ထပ္ေပးဖို႔ သတို႔သမီး မိဘေတြကို ေတာင္းဆိုပါတယ္။ မိသားစုေတြက အတူတကြ တိုင္ပင္လိုက္ၾကၿပီးေနာက္မွာေတာ့ မဂၤလာပြဲကို ရပ္လိုက္မယ့္အစား သမီးအငယ္နဲ႔ သတို႔သားကို လက္ထပ္ေပးဖို႔ သေဘာတူ လိုက္ၾကပါတယ္။

Surbhi ရဲ႕ ဈာပနကိုေတာ့ သူ႔ညီမနဲ႔ Mangesg တို႔ရဲ႕ မဂၤလာပြဲၿပီးမွ ျပဳလုပ္ၾကပါတယ္။ မတူညီတဲ့ ပြဲႏွစ္ခုကို တစ္ေနရာတည္းမွာ ျပဳလုပ္တာ ထူးဆန္းေၾကာင္း Surbhui ရဲ႕အစ္ကို Saurabh က ေျပာပါတယ္။

Zombie (Lovemedia)

source - WorldofBuzz

Post a Comment

0 Comments