Taal မီးတောင်ပေါက်ကွဲနေတာကို နောက်ခံထားပြီး မင်္ဂလာပွဲပြုလုပ်ခဲ့ကြတဲ့စုံတွဲ

ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲဟာ သူတို့ရဲ့မင်္ဂလာပွဲကို မီးတောင်ပေါက်ကွဲနေတဲ့ အချိန်မှာ မီးတောင်နဲ့ ၂၀ ကီလိုမီတာဝေးတဲ့နေရာမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နေ့လယ် ၂ နာရီခန့်မှာ Chino Valflor နဲ့ Kat Palomar တို့ စုံတွဲဟာ Cavite စီရင်စု၊ Alfonso မြို့က မီးတောင်နဲ့ ၂၀ ကီလိုမီတာဝေးတဲ့ Savanna Farm မှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ပါတယ်။

သူတို့မင်္ဂလာပွဲရဲ့ အံ့သြမှင်သက်လောက်တဲ့ ဓါတ်ပုံတွေကို ရိုက်ပေးသူကတော့ Randolf Evan ပါ။ Taal မီးတောင်က ပေါက်ကွဲခါနီးဖြစ်နေပေမယ့် မင်္ဂလာဆောင်ကို ဆက်လက်ကျင်းပခဲ့ကြောင်း၊ မီးတောင်ရဲ့အခြေအနေကိုတော့ social media ကနေ အဆက်မပြတ်ကြည့်နေခဲ့ရကြောင်း ဓါတ်ပုံဆရာ Randolf က ပြောပါတယ်။

အန္တရာယ် အလွန်များလာရင်တော့ မင်္ဂလာပွဲကို ဘယ်လိုဆက်လုပ်မလဲ ဆိုတာကို စီစဉ်ထားခဲ့ကြပါတယ်။ မီးတောင်ပေါက်ကွဲလို့ ကောင်းကင်မှာ တိမ်တွေ ထူထပ်နေတာကို နောက်ခံထားပြီး မင်္ဂလာဆောင်ကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ဓါတ်ပုံတွေကတော့ ရင်သပ်ရှုမောရလောက်အောင် လှနေပါတယ်။

မင်္ဂလာပွဲ ကျင်းပတဲ့နေရာက စိုးရိမ်စရာ မရှိလောက်ဘူးလို့ သူတို့ထင်ခဲ့ကြပါတယ်။ မီးတောင်က ချော်ရည်နဲ့ပြာတွေ ထွက်လာတဲ့အခါမှာတော့ Savanna Farm ရဲ့ဧည့်ကြိုဌာနကလူတွေက ခုံတွေ၊ တဲတွေကို ရွှေ့လိုက်ကြပါတယ်။

ဒါပေမယ့် သတို့သားနဲ့ သတို့သမီးကတော့ မင်္ဂလာဆောင်မှာ ကပြီး စကားပြောလိုက်ပါသေးတယ်။ သတို့သား၊ သတို့သမီးရဲ့ မိသားစုတွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက မင်္ဂလာပွဲပြီးတဲ့အထိ နေပေးကြပါတယ်။ ထူးခြားတာကတော့ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က မင်္ဂလာဆောင်ခဲ့ကြပြီး ကလေးနှစ်ယောက်လည်း ရှိပါတယ်။

မီးတောင်ပေါက်ကွဲတဲ့အချိန်မှာ မင်္ဂလာဆောင်ရတာဟာ သူတို့အတွက် လုံးဝမမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါပဲ။

Zombie (Lovemedia)

For Zawgyi

Taal မီးေတာင္ေပါက္ကြဲေနတာကို ေနာက္ခံထားၿပီး မဂၤလာပြဲျပဳလုပ္ခဲ့ၾကတဲ့စုံတြဲ

ဖိလစ္ပိုင္ႏိုင္ငံက စုံတြဲတစ္တြဲဟာ သူတို႔ရဲ႕မဂၤလာပြဲကို မီးေတာင္ေပါက္ကြဲေနတဲ့ အခ်ိန္မွာ မီးေတာင္နဲ႔ ၂၀ ကီလိုမီတာေဝးတဲ့ေနရာမွာ က်င္းပဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ေန႔လယ္ ၂နာရီခန႔္မွာ Chino Valflor နဲ႔ Kat Palomar တို႔စုံတြဲဟာ Cavite စီရင္စု၊ Alfonso ၿမိဳ႕က မီးေတာင္နဲ႔ ၂၀ကီလိုမီတာေဝးတဲ့ Savanna Farm မွာ မဂၤလာပြဲ ျပဳလုပ္ခဲ့ပါတယ္။

သူတို႔မဂၤလာပြဲရဲ႕ အံ့ၾသမွင္သက္ေလာက္တဲ့ ဓါတ္ပုံေတြကို ႐ိုက္ေပးသူကေတာ့ Randolf Evan ပါ။ Taal မီးေတာင္က ေပါက္ကြဲခါနီးျဖစ္ေနေပမယ့္ မဂၤလာေဆာင္ကို ဆက္လက္က်င္းပခဲ့ေၾကာင္း၊ မီးေတာင္ရဲ႕အေျခအေနကိုေတာ့ social mediaကေန အဆက္မျပတ္ၾကည့္ေနခဲ့ရေၾကာင္း ဓါတ္ပုံဆရာ Randolf က ေျပာပါတယ္။ အႏၲရာယ္ အလြန္မ်ားလာရင္ေတာ့ မဂၤလာပြဲကို ဘယ္လိုဆက္လုပ္မလဲ ဆိုတာကို စီစဥ္ထားခဲ့ၾကပါတယ္။

မီးေတာင္ေပါက္ကြဲလို႔ ေကာင္းကင္မွာ တိမ္ေတြ ထူထပ္ေနတာကို ေနာက္ခံထားၿပီး မဂၤလာေဆာင္ကို ဓါတ္ပုံ႐ိုက္ခဲ့ပါတယ္။ ဓါတ္ပုံေတြကေတာ့ ရင္သပ္ရႈေမာရေလာက္ေအာင္ လွေနပါတယ္။ မဂၤလာပြဲ က်င္းပတဲ့ေနရာက စိုးရိမ္စရာ မရွိေလာက္ဘူးလို႔ သူတို႔ထင္ခဲ့ၾကပါတယ္။ မီးေတာင္က ေခ်ာ္ရည္နဲ႔ျပာေတြ ထြက္လာတဲ့အခါမွာေတာ့ Savanna Farm ရဲ႕ဧည့္ႀကိဳဌာနကလူေတြက ခုံေတြ၊ တဲေတြကို ေ႐ႊ႕လိုက္ၾကပါတယ္။

ဒါေပမယ့္ သတို႔သားနဲ႔ သတို႔သမီးကေတာ့ မဂၤလာေဆာင္မွာ ကၿပီး စကားေျပာလိုက္ပါေသးတယ္။ သတို႔သား၊ သတို႔သမီးရဲ႕ မိသားစုေတြနဲ႔ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြက မဂၤလာပြဲၿပီးတဲ့အထိ ေနေပးၾကပါတယ္။ ထူးျခားတာကေတာ့ သူတို႔ႏွစ္ေယာက္ဟာ လြန္ခဲ့တဲ့ ရွစ္ႏွစ္က မဂၤလာေဆာင္ခဲ့ၾကၿပီး ကေလးႏွစ္ေယာက္လည္း ရွိပါတယ္။

မီးေတာင္ေပါက္ကြဲတဲ့အခ်ိန္မွာ မဂၤလာေဆာင္ရတာဟာ သူတို႔အတြက္ လုံးဝမေမ့ႏိုင္တဲ့ အမွတ္တရတစ္ခုပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments