ရေပန်းစားနေတဲ့ ထူးထူးခြားခြား မြွေနဲ့နှိပ်နယ်ပေးတဲ့ Spa

ပုံမှန်လိုမဟုတ်ပဲ တစ်မူထူးခြားတဲ့ မြွေနဲ့နှိပ်နယ်ပေးတဲ့ Spa

လူတိုင်းဟာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိတဲ့အခါ Spa ကိုသွားတတ်ကြပါတယ်။ Spa တွေကလည်း တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ဧည့်သည်တွေကို ဖိတ်ခေါ်ကြပါတယ်။ ဒီလိုတွေကြောင့်လည်း Spa တွေဟာ လူအများ စိတ်ဝင်စားလာအောင် နည်းလမ်းမျိုးစုံကို သုံးလာကြပါတယ်။

Spa တစ်ခုကတော့ အများနဲ့မတူပဲ နည်းလမ်းတစ်ခုကို အသုံးပြုလိုက်ပါတယ်။ ထူးလဲထူးဆန်းသလို အတွေးနဲ့တင် ကြောက်ဖို့ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြွေများကို အသုံးပြုပြီး နှိပ်နယ်ပေးလို့ပါ။ ကြောင်တောင်တောင်လဲ နိုင်ပါတယ်နော်။

ဒါပေမယ့်လည်း လူသားတွေရဲ့ သဘာဝက အန္တရာယ်များတာကိုမှ စမ်းသပ်ချင်ကြတာပါ။ ဒါကြောင့်လဲ ဒေါ်လာ (၈၀) အကုန်ခံပြီးတော့ကို လာရောက် စူးစမ်းကြပါတယ်။

ဒီလိုနှိပ်နယ်ရာမှာ မြွေကြီးတွေကို သင့်ရဲ့ကျောပေါ်ကို တင်ပြီး နှိပ်နယ်ပေးတာပါ။ မြွေအမျိူးအစားတွေကတော့ ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါက ဘုရင်မြွေ၊ အခြားမြွေမျိုးစိတ်တွေနဲ့ပါ။

Spa ရဲ့ပိုင်ရှင်ကတော့ ဒီလိုနှိပ်နယ်တာဟာ အလွန်ကို အပန်းပြေစေပြီးတော့ နေလို့ထိုင်လို့ကောင်းစေတယ်လို့ ပြောပါတယ်။

မြွေအရွယ်အစားကြီးမားလေ အကြောအချဉ် ပိုပြေလေလို့ ပြောပါတယ်။ ဒီလိုမြွေတွေကို ကျောပေါ်မှာ ဖြတ်သန်းနေတာက အချိန်ခဏတော့ ယူရပေမယ့် နောက်ပိုင်းမှာ ခံစားမှု ကောင်းမွန်လာတယ်လို့လဲ ပြောပါတယ်။ စိတ်ဖိစီးမှုတွေလဲ လျှော့ချပေးတယ်လို့ ဆိုပါတယ်။

မြွေတွေနဲ့ ထိတွေ့နေရတာက စိတ်အေးချမ်းတယ်လို့လဲ လူအချို့ကပြောပါတယ်။ ဒီလို အသုံးပြုတဲ့မြွေတွေဟာ အဆိပ်မရှိပါဘူး။ အနှိပ်ခံတဲ့နေရာမှာလဲ ဘာအန္တရာယ်မှ မရှိပါဘူး။ ဖောက်သည်စိတ်ကြိုက်မြွေကိုလဲ ရွေးချယ်ခွင့်ပေးထားတယ်လို့ ပြောပါတယ်။

ကြီးမားတဲ့မြွေတွေကို ကြွက်သားတင်းမာမှုတွေ ဖြေလျှော့တဲ့နေရာမှာ အသုံးပြုပြီးတော့ မြွေသေးသေးလေးတွေကိုတော့ သာမာန်နှိပ်နယ်မှုတွေမှာ အသုံးပြုတာပါ။

အရင်ဆုံး အနှိပ်ခံဖို့အတွက် သင့်ကျောပေါ်မှာ အရည်တစ်မျိုးကို လိမ်းပါမယ်။ ပြီးရင်တော့ သင့်ကျောပေါ်ကို မြွေတွေ နေရာချပေးမှာပါ။ Python လိုမြွေမျိုးနဲ့ အနှိပ်ခံတဲ့နေရာမှာတော့ သူတို့ရဲ့ပါးစပ်တွေကို ကြိုးနဲ့တုပ်နှောင်ထားပါတယ်။

သင်ဟာမြွေကို လမ်းမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် တွေ့ရင် ကြောက်လန့်မှာ ဖြစ်နိုင်ပေမယ့် ဒီလိုနေရာမျိုးမှာ အနှိပ်ခံရမယ် ဆိုရင်တော့ မြွေပေါ်ထားတဲ့ သင့်စိတ်တွေ ပြောင်းလဲသွားမှာပါ။

Zombie (Lovemedia)

For Zawgyi

ပုံမွန္လိုမဟုတ္ပဲ တစ္မူထူးျခားတဲ့ ေႁမြနဲ႔ႏွိပ္နယ္ေပးတဲ့ Spa

လူတိုင္းဟာ ပင္ပန္းႏြမ္းနယ္မႈေတြရွိတဲ့အခါ Spa ကိုသြားတတ္ၾကပါတယ္။ Spa ေတြကလည္း တစ္ခုနဲ႔တစ္ခု အၿပိဳင္အဆိုင္ ဧည့္သည္ေတြကို ဖိတ္ေခၚၾကပါတယ္။ ဒီလိုေတြေၾကာင့္လည္း Spa ေတြဟာ လူအမ်ား စိတ္ဝင္စားလာေအာင္ နည္းလမ္းမ်ိဳးစုံကို သုံးလာၾကပါတယ္။

Spa တစ္ခုကေတာ့ အမ်ားနဲ႔မတူပဲ နည္းလမ္းတစ္ခုကို အသုံးျပဳလိုက္ပါတယ္။ ထူးလဲထူးဆန္းသလို အေတြးနဲ႔တင္ ေၾကာက္ဖို႔ေကာင္းေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေႁမြမ်ားကို အသုံးျပဳၿပီး ႏွိပ္နယ္ေပးလို႔ပါ။ ေၾကာင္ေတာင္ေတာင္လဲ ႏိုင္ပါတယ္ေနာ္။

ဒါေပမယ့္လည္း လူသားေတြရဲ႕ သဘာဝက အႏၲရာယ္မ်ားတာကိုမွ စမ္းသပ္ခ်င္ၾကတာပါ။ ဒါေၾကာင့္လဲ ေဒၚလာ (၈၀) အကုန္ခံၿပီးေတာ့ကို လာေရာက္ စူးစမ္းၾကပါတယ္။

ဒီလိုႏွိပ္နယ္ရာမွာ ေႁမြႀကီးေတြကို သင့္ရဲ႕ေက်ာေပၚကို တင္ၿပီး ႏွိပ္နယ္ေပးတာပါ။ ေႁမြအမ်ိဴးအစားေတြကေတာ့ ကယ္လီဖိုးနီးယားနဲ႔ ဖေလာ္ရီဒါက ဘုရင္ေႁမြ၊ အျခားေႁမြမ်ိဳးစိတ္ေတြနဲ႔ပါ။

Spa ရဲ႕ပိုင္ရွင္ကေတာ့ ဒီလိုႏွိပ္နယ္တာဟာ အလြန္ကို အပန္းေျပေစၿပီးေတာ့ ေနလို႔ထိုင္လို႔ေကာင္းေစတယ္လို႔ ေျပာပါတယ္။

ေႁမြအ႐ြယ္အစားႀကီးမားေလ အေၾကာအခ်ဥ္ ပိုေျပေလလို႔ ေျပာပါတယ္။ ဒီလိုေႁမြေတြကို ေက်ာေပၚမွာ ျဖတ္သန္းေနတာက အခ်ိန္ခဏေတာ့ ယူရေပမယ့္ ေနာက္ပိုင္းမွာ ခံစားမႈ ေကာင္းမြန္လာတယ္လို႔လဲ ေျပာပါတယ္။ စိတ္ဖိစီးမႈေတြလဲ ေလွ်ာ့ခ်ေပးတယ္လို႔ ဆိုပါတယ္။

ေႁမြေတြနဲ႔ ထိေတြ႕ေနရတာက စိတ္ေအးခ်မ္းတယ္လို႔လဲ လူအခ်ိဳ႕ကေျပာပါတယ္။ ဒီလို အသုံးျပဳတဲ့ေႁမြေတြဟာ အဆိပ္မရွိပါဘူး။ အႏွိပ္ခံတဲ့ေနရာမွာလဲ ဘာအႏၲရာယ္မွ မရွိပါဘူး။ ေဖာက္သည္စိတ္ႀကိဳက္ေႁမြကိုလဲ ေ႐ြးခ်ယ္ခြင့္ေပးထားတယ္လို႔ ေျပာပါတယ္။

ႀကီးမားတဲ့ေႁမြေတြကို ႂကြက္သားတင္းမာမႈေတြ ေျဖေလွ်ာ့တဲ့ေနရာမွာ အသုံးျပဳၿပီးေတာ့ ေႁမြေသးေသးေလးေတြကိုေတာ့ သာမာန္ႏွိပ္နယ္မႈေတြမွာ အသုံးျပဳတာပါ။

အရင္ဆုံး အႏွိပ္ခံဖို႔အတြက္ သင့္ေက်ာေပၚမွာ အရည္တစ္မ်ိဳးကို လိမ္းပါမယ္။ ၿပီးရင္ေတာ့ သင့္ေက်ာေပၚကို ေႁမြေတြ ေနရာခ်ေပးမွာပါ။ Python လိုေႁမြမ်ိဳးနဲ႔ အႏွိပ္ခံတဲ့ေနရာမွာေတာ့ သူတို႔ရဲ႕ပါးစပ္ေတြကို ႀကိဳးနဲ႔တုပ္ေႏွာင္ထားပါတယ္။

သင္ဟာေႁမြကို လမ္းမွာျဖစ္ျဖစ္ အိမ္မွာျဖစ္ျဖစ္ ေတြ႕ရင္ ေၾကာက္လန႔္မွာ ျဖစ္ႏိုင္ေပမယ့္ ဒီလိုေနရာမ်ိဳးမွာ အႏွိပ္ခံရမယ္ ဆိုရင္ေတာ့ ေႁမြေပၚထားတဲ့ သင့္စိတ္ေတြ ေျပာင္းလဲသြားမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments