ညဘက် အိပ်ပျော်ဖို့ မလွယ်သူတွေအတွက် တစ်မိနစ်အတွင်းအိပ်ပျော်စေမယ့် နည်းလမ်း

စိတ်ညစ်စရာ အကောင်းဆုံး အရာတွေထဲမှာ ညဘက် အိပ်မပျော်တာလည်း တစ်ခုအပါအဝင် ပါပဲ။ သင့်မှာ စိတ်ဖိစီးစရာ ရှိတာပဲဖြစ်ဖြစ်၊ စိတ်ပူပန်စရာ ရှိတာပဲဖြစ်ဖြစ် အဲဒီအရာတွေကို တွေးပြီး အိပ်မပျော် ဖြစ်လာရပါတယ်။ ညစဉ် အိပ်မပျော်တာ များလာရင် ကြာတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။

ညဘက်မှာ လွယ်လွယ်ကူကူနဲ့ အချိန်တိုအတွင်း အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ အဲဒီနည်းလမ်းကိုတော့ ၄-၇-၈ နည်းလို့ ခေါ်ပါတယ်။

- အရင်ဆုံး ၄ စက္ကန့်ကြာ အသက်ကို နှာခေါင်းကနေ ဖြည်းဖြည်းရှူပါ။

- ပြီးရင် ၇ စက္ကန့်ကြာ အသက်အောင့်ထားပါ။

- နောက်ဆုံးမှာတော့ ၈ စက္ကန့်ကြာအောင် အသက်ကို ပါးစပ်ကနေ ရှူထုတ်ပါ။

ဒီနည်းက နည်းနည်းတောင် ကြောင်တောင်တောင်ဖြစ်ပေမယ့် တကယ်အလုပ် ဖြစ်ပါတယ်နော်။

ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုများလာတဲ့အခါ အဒရီနလင်းဟော်မုန်းတွေ ထွက်လာပါတယ်။ အဲဒီဟော်မုန်းကြောင့် အသက်ရှူတာက မြန်လာပါတယ်။ ၄-၇-၈ နည်းလမ်းက စိတ်ကို တည်ငြိမ်စေပါတယ်။ အသက်ရှူမြန်တာကိုလည်း အမြန်ဆုံး တည်ငြိမ်စေတဲ့ နည်းလမ်းပါ။

ဒီနည်းလမ်းက တရားထိုင်တာနဲ့ သိပ်မကွာတာကြောင့် စိတ်ကိုလည်း စုစည်းပြီးသား ဖြစ်ပါစေတယ်။ အဲဒီအခါ စိတ်ဖိစီးမှုတွေလည်း တဖြည်းဖြည်း လျော့ပါးပြီးသား ဖြစ်သွားစေပါတယ်။

ဒီလေ့ကျင့်ခန်းက တစ်ကိုယ်လုံးကို အပန်းဖြေတဲ့ လေ့ကျင့်ခန်းဆိုလည်း မမှားပါဘူး။ ၄-၇-၈ နည်းလမ်းကို အိန္ဒိယယောဂပညာမှာ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတယ်လို့ Harvard တက္ကသိုလ်က ဒေါက်တာ Andrew Weil က တွေ့ရှိခဲ့ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ဘာအန္တရာယ်မှ မဖြစ်စေတဲ့ နည်းလမ်းပါ။

ညဘက်မှာ လန့်နိုးတာပဲဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ခုခု ပြိုင်ခါနီးလို့ စိတ်လှုပ်ရှားတာပဲဖြစ်ဖြစ် ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

ညဘက်မှာ ခန္ဓာကိုယ်နဲ့ စိတ်ကို အပန်းပြေစေဖို့အတွက် နည်းလမ်းတစ်ခုရှိပါသေးတယ်။

- ပျားရည် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

- ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

- အုန်းဆီလက်ဖက်ရည် ဇွန်းတစ်ဇွန်း

အဲဒီသုံးမျိုးကို ရောပြီးသောက်လို့ရသလို ရေနွေးလည်း ရောပြီး သောက်လို့လည်း ရပါတယ်။ အကျိုးအာနိသင်ကလည်း အတူတူပါပဲ။ ကော်တီဇောဟော်မုန်းကို လျှော့ချပေးတာကြောင့် ညဘက်မှာ လျင်လျင်မြန်မြန် အိပ်ပျော်သွားစေမှာပါ။

Zombie (Lovemedia)

For Zawgyi

ညဘက္ အိပ္မေပ်ာ္လြယ္သူေတြအတြက္ တစ္မိနစ္အတြင္းအိပ္ေပ်ာ္ေစမယ့္ နည္းလမ္း

စိတ္ညစ္စရာ အေကာင္းဆုံး အရာေတြထဲမွာ ညဘက္ အိပ္မေပ်ာ္တာလည္း တစ္ခုအပါအဝင္ပါပဲ။ သင့္မွာ စိတ္ဖိစီးစရာ ရွိတာပဲျဖစ္ျဖစ္၊ စိတ္ပူပန္စရာ ရွိတာပဲျဖစ္ျဖစ္ အဲဒီအရာေတြကို ေတြးၿပီး အိပ္မေပ်ာ္ ျဖစ္လာရပါတယ္။ ညစဥ္အိပ္မေပ်ာ္တာ မ်ားလာရင္ ၾကာတဲ့အခါ က်န္းမာေရးကို ထိခိုက္လာေစပါတယ္။

ညဘက္မွာ လြယ္လြယ္ကူကူနဲ႔ အခ်ိန္တိုအတြင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။ အဲဒီနည္းလမ္းကိုေတာ့ ၄-၇-၈ နည္းလို႔ ေခၚပါတယ္။

- အရင္ဆုံး ၄ စကၠန႔္ၾကာ အသက္ကို ႏွာေခါင္းကေန ျဖည္းျဖည္းရႉပါ။

- ၿပီးရင္ ၇ စကၠန႔္ၾကာ အသက္ေအာင့္ထားပါ။

- ေနာက္ဆုံးမွာေတာ့ ၈ စကၠန႔္ၾကာေအာင္ အသက္ကို ပါးစပ္ကေန ရႉထုတ္ပါ။

ဒီနည္းက နည္းနည္းေတာင္ ေၾကာင္ေတာင္ေတာင္ျဖစ္ေပမယ့္ တကယ္အလုပ္ ျဖစ္ပါတယ္ေနာ္။

ခႏၶာကိုယ္မွာ စိတ္ဖိစီးမႈမ်ားလာတဲ့အခါ အဒရီနလင္းေဟာ္မုန္းေတြ ထြက္လာပါတယ္။ အဲဒီေဟာ္မုန္းေၾကာင့္ အသက္ရႉတာက ျမန္လာပါတယ္။ ၄-၇-၈ နည္းလမ္းက စိတ္ကို တည္ၿငိမ္ေစပါတယ္။ အသက္ရႉျမန္တာကိုလည္း အျမန္ဆုံး တည္ၿငိမ္ေစတဲ့ နည္းလမ္းပါ။

ဒီနည္းလမ္းက တရားထိုင္တာနဲ႔ သိပ္မကြာတာေၾကာင့္ စိတ္ကိုလည္း စုစည္းၿပီးသား ျဖစ္ပါေစတယ္။ အဲဒီအခါ စိတ္ဖိစီးမႈေတြလည္း တျဖည္းျဖည္း ေလ်ာ့ပါးၿပီးသား ျဖစ္သြားေစပါတယ္။

ဒီေလ့က်င့္ခန္းက တစ္ကိုယ္လုံးကို အပန္းေျဖတဲ့ ေလ့က်င့္ခန္းဆိုလည္း မမွားပါဘူး။ ၄-၇-၈ နည္းလမ္းကို အိႏၵိယေယာဂပညာမွာ ရာစုႏွစ္ေပါင္းမ်ားစြာ အသုံးျပဳခဲ့ၾကတယ္လို႔ Harvard တကၠသိုလ္က ေဒါက္တာ Andrew Weil က ေတြ႕ရွိခဲ့ပါတယ္။ ခႏၶာကိုယ္ကိုလည္း ဘာအႏၲရာယ္မွ မျဖစ္ေစတဲ့ နည္းလမ္းပါ။

ညဘက္မွာ လန႔္ႏိုးတာပဲျဖစ္ျဖစ္၊ ၿပိဳင္ပြဲတစ္ခုခုၿပိဳင္ခါနီးလို႔ စိတ္လႈပ္ရွားတာပဲျဖစ္ျဖစ္ ဒီနည္းလမ္းက အသုံးဝင္ပါတယ္။

ညဘက္မွာ ခႏၶာကိုယ္နဲ႔ စိတ္ကို အပန္းေျပေစဖို႔အတြက္ နည္းလမ္းတစ္ခုရွိပါေသးတယ္။

- ပ်ားရည္ လက္ဖက္ရည္ဇြန္း ၄ ပုံ ၁ ပုံ

- ပင္လယ္ဆား လက္ဖက္ရည္ဇြန္း ၈ ပုံ ၁ ပုံ

- အုန္းဆီလက္ဖက္ရည္ ဇြန္းတစ္ဇြန္း

အဲဒီသုံးမ်ိဳးကို ေရာၿပီးေသာက္လို႔ရသလို ေရေႏြးလည္း ေရာၿပီး ေသာက္လို႔လည္း ရပါတယ္။ အက်ိဳးအာနိသင္ကလည္း အတူတူပါပဲ။ ေကာ္တီေဇာေဟာ္မုန္းကို ေလွ်ာ့ခ်ေပးတာေၾကာင့္ ညဘက္မွာ လ်င္လ်င္ျမန္ျမန္ အိပ္ေပ်ာ္သြားေစမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments