ကိုယ်ဝန်ဆောင်ဇနီးသည်ထိုင်ဖို့ ထိုင်ခုံအဖြစ် လုပ်ပေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

အချစ်ဆိုတာ တကယ်မရှိဘူး၊ အချစ်ဆိုတာ သုံးနှစ်ပဲ ခံတယ်လို့ တချို့က ပြောကြပါတယ်။ တကယ်တော့ အချစ်က ရှိပါတယ်။ သင်က မတွေ့သေးတာပါ။ တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်က တကယ်ချစ်တတ်တဲ့သူဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို သက်သေပြခဲ့ပါတယ်။

သူ့ရဲ့အမျိုးသမီးက ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ပြီး ဆေးရုံကို အတူသွားပြကြပါတယ်။ ဆရာဝန်ကို ပြဖို့အတွက် စောင့်ရတဲ့နေရာမှာ လူတွေက အလွန်များပါတယ်။ သူ့ရဲ့အမျိူးသမီး အချိန်ကြာကြာ မရပ်နိုင်လို့ ထိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအခါ ခင်ပွန်းဖြစ်သူက သူ့အမျိုးသမီးထိုင်ဖို့အတွက် ချက်ချင်းပဲ သူ့ရဲ့ ခန္ဓါကိုယ်ကို ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ထိုင်ခုံပုံစံဖြစ်အောင် ကွေးလိုက်ပါတယ်။

သူ့ရဲ့အမျိုးသမီးက သူ့ရဲ့ကျောပေါ်မှာ ထိုင်လို့ရသွားပါတယ်။ ဒါ့အပြင် သူ့ရဲ့အမျိုးသမီး မောပြီး ရေဆာနေမှာစိုးလို့ ရေဘူးကို လှမ်းပေးလိုက်ပါသေးတယ်။ မကြာခင်မှာပဲ အမျိုးသားဖြစ်သူက ရေကို သောက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူမက ခြေထောက်ထုံနေတာကြောင့် ခြေထောက်ကို နှိပ်နေပါတယ်။

ဒီ video လေးကို ကြည့်ပြီးတဲ့သူတွေက ဆေးရုံက စောင့်ရတဲ့နေရာမှာ ထိုင်ခုံ မရှိဘူးလားလို့ comment မှာ မေးထားကြပါတယ်။ ဒါပေမယ့် သူမရဲ့နာမည်ကို ခေါ်ရင် ကြားနိုင်အောင်လို့ ရပ်စောင့်နေတာ ဖြစ်နိုင်တယ်လို့ ပြန်ဖြေထားကြပါတယ်။ အဲဒီအမျိူးသားရဲ့ ကြင်နာမှုက မြင်ရတဲ့သူတွေကို အပျော်တွေ ကူးစက်သွားစေပါတယ်။

တကယ်ချစ်တဲ့သူဆိုတာ ဘယ်အချိန်၊ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေတွေ ရှိနေပါစေ၊ သူ့အချစ်တွေကို ဖော်ပြဖို့ အမြဲအဆင်သင့် ဖြစ်နေတာပါ။

ရုပ်သံ

Zombie (Lovemedia)

ref - worldofbuzz

For Zawgyi

ကိုယ္ဝန္ေဆာင္ဇနီးသည္ထိုင္ဖို႔ ထိုင္ခုံအျဖစ္ လုပ္ေပးခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

အခ်စ္ဆိုတာ တကယ္မရွိဘူး၊ အခ်စ္ဆိုတာ သုံးႏွစ္ပဲ ခံတယ္လို႔ တခ်ိဳ႕က ေျပာၾကပါတယ္။ တကယ္ေတာ့ အခ်စ္က ရွိပါတယ္။ သင္က မေတြ႕ေသးတာပါ။ တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္က တကယ္ခ်စ္တတ္တဲ့သူဆိုတာ ဘယ္လိုမ်ိဳးလဲ ဆိုတာကို သက္ေသျပခဲ့ပါတယ္။

သူ႔ရဲ႕အမ်ိဳးသမီးက ကိုယ္ဝန္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ေဆး႐ုံကို အတူသြားျပၾကပါတယ္။ ဆရာဝန္ကို ျပဖို႔အတြက္ ေစာင့္ရတဲ့ေနရာမွာ လူေတြက အလြန္မ်ားပါတယ္။ သူ႔ရဲ႕အမ်ိဴးသမီး အခ်ိန္ၾကာၾကာ မရပ္ႏိုင္လို႔ ထိုင္ဖို႔ လိုအပ္ပါတယ္။ အဲဒီအခါ ခင္ပြန္းျဖစ္သူက သူ႔အမ်ိဳးသမီးထိုင္ဖို႔အတြက္ ခ်က္ခ်င္းပဲ သူ႔ရဲ႕ ခႏၶါကိုယ္ကို ၾကမ္းျပင္ေပၚထိုင္ခ်လိုက္ၿပီး ထိုင္ခုံပုံစံျဖစ္ေအာင္ ေကြးလိုက္ပါတယ္။

သူ႔ရဲ႕အမ်ိဳးသမီးက သူ႔ရဲ႕ေက်ာေပၚမွာ ထိုင္လို႔ရသြားပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕အမ်ိဳးသမီး ေမာၿပီး ေရဆာေနမွာစိုးလို႔ ေရဘူးကို လွမ္းေပးလိုက္ပါေသးတယ္။ မၾကာခင္မွာပဲ အမ်ိဳးသားျဖစ္သူက ေရကို ေသာက္လိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူမက ေျခေထာက္ထုံေနတာေၾကာင့္ ေျခေထာက္ကို ႏွိပ္ေနပါတယ္။

ဒီ video ေလးကို ၾကည့္ၿပီးတဲ့သူေတြက ေဆး႐ုံက ေစာင့္ရတဲ့ေနရာမွာ ထိုင္ခုံ မရွိဘူးလားလို႔ comment မွာ ေမးထားၾကပါတယ္။ ဒါေပမယ့္ သူမရဲ႕နာမည္ကို ေခၚရင္ ၾကားႏိုင္ေအာင္လို႔ ရပ္ေစာင့္ေနတာ ျဖစ္ႏိုင္တယ္လို႔ ျပန္ေျဖထားၾကပါတယ္။ အဲဒီအမ်ိဴးသားရဲ႕ ၾကင္နာမႈက ျမင္ရတဲ့သူေတြကို အေပ်ာ္ေတြ ကူးစက္သြားေစပါတယ္။

တကယ္ခ်စ္တဲ့သူဆိုတာ ဘယ္အခ်ိန္၊ ဘယ္လိုေနရာ၊ ဘယ္လိုအေျခအေနေတြ ရွိေနပါေစ၊ သူ႔အခ်စ္ေတြကို ေဖာ္ျပဖို႔ အၿမဲအဆင္သင့္ ျဖစ္ေနတာပါ။

Zombie (Lovemedia)

ref - worldofbuzz

Post a Comment

0 Comments