သမီးဖြစ်သူကို ဝက်အကောင် ၃၀၀ နဲ့ တန်ဖိုးဖြတ်လိုက်တဲ့ ဖေဖေ

သမီးဖြစ်သူကို လက်ထပ်ချင်ရင် အနည်းဆုံး ဝက်အကောင် ၃၀၀ နဲ့ တင်တောင်းဖို့ ပြောတဲ့အဖေ

မိဘတွေက သားသမီးတွေ အိမ်ထောင်မကျသေးရင် စိတ်ပူကြပါတယ်။ သားသမီးတွေကို သူတို့သဘောကျ စိတ်တိုင်းကျလူနဲ့ပဲ လက်ထပ်ပေးချင်ကြပါတယ်။

တရုတ်နိုင်ငံက အဖေတစ်ယောက်ကတော့ သူ့ရဲ့သမီးကို လက်ထပ်ချင်သူဟာ ရုပ်ရည်ခန့်ညားပြီး အနည်းဆုံး ဝက်အကောင် ၃၀၀ နဲ့ တင်တောင်းနိုင်သူဖြစ်ရမယ်လို့ ပြောပါတယ်။ အသက်၂၄ နှစ် အရွယ် Zhang Zhiyuan က တရုတ်နိုင်ငံ Henan စီရင်စုမှာ နေထိုင်ပါတယ်။

Zhang Zhuyuan က တက္ကသိုလ်ကနေ လွန်ခဲ့တဲ့ ၃ နှစ်က ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာ ဇာတိမြို့ကို ပြန်လာပြီး အိမ်ကမွေးထားတဲ့ ဝက်အကောင် ၂၀၀၀ ကို စောင့်ရှောက်မွေးမြူပါတယ်။

တရုတ်နိုင်ငံမှာ ဝက်ဈေးက မြင့်နေတာကြောင့် Zhiyuan ကို လက်ထပ်ချင်တဲ့သူတွေကလည်း မနည်းပါဘူး ။ Zhiyuan က ဝက်ခြံတွေကို သန့်ရှင်းရေးလုပ်ပြီး ဝက်တွေကို အစာကျွေးပါတယ်။ မနက်ဆိုရင် စောစောထပြီး ဝက်သားတွေကို ဈေးမှာ သွားရောင်းပါတယ်။

ဝက်သားဈေးက ဒီနှစ်ထဲမှာ အလွန်တက်သွားတာကြောင့် Zhiyuan လည်း အလွန် အလုပ်များသွားပါတယ်။

"ဝက်မွေးတဲ့ အလုပ်က ဂုဏ်သိက္ခာရှိတဲ့အလုပ် မဟုတ်ဘူးလို့ လူတွေက ထင်ကြတယ်။ ဒါပေမယ့် အဲဒီအချက်ကို သဘောမတူပါဘူး။ ဝက်မွေးတဲ့အလုပ်ကို တက္ကသိုလ်မှာ သေသေချာချာသင်ယူခဲ့တာပါ " လို့ Zhiyuanက ပြောပါတယ်။

မိဘတွေနဲ့ မောင်နှမတွေက Zhiyuan ကို တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက်မှာ ဝက်မွေးတဲ့အလုပ်ကို မလုပ်စေချင်ပါဘူး။ မြို့ကြီးမှာ လစာကောင်းတဲ့အလုပ်ကိုပဲ လုပ်စေချင်ကြပါတယ်။ ဒါပေမယ့် Zhiyuan က မိဘတွေ အရင်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ စိုက်ပျိုးမွေးမြူရေးကိုပဲ လုပ်ချင်နေခဲ့ပါတယ်။

Zhiyuan ရဲ့ ညီမ Yuanyuan က အလုပ်အားတဲ့အခါမှာ ကူညီပေးပါတယ်။ Yuanyuan က လက်ထပ်ပြီးသွားပါပြီ။ Zhiyuan ကို သဘောကျနေတဲ့သူတွေက အများကြီးပါပဲ။ Zhiyuan က သူမ လက်ထပ်မယ့် ခင်ပွန်းလောင်းမှာ ရှိရမယ့်အ ရည်အချင်းကတော့ ဝက်တစ်ကောင်ရဲ့ အလေးချိန်တစ်ဝက်ကို မ နိုင်မယ့် အရည်အချင်းပါပဲ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေရှိရင် လက်တို့လိုက်ကြပါဦးနော်။

Zombie (Lovemedia)

Ref - WorldofBuzz

For Zawgyi

သမီးျဖစ္သူကို ဝက္အေကာင္ ၃၀၀ နဲ႔ တန္ဖိုးျဖတ္လိုက္တဲ့ ေဖေဖ

သမီးျဖစ္သူကို လက္ထပ္ခ်င္ရင္ အနည္းဆုံး ဝက္အေကာင္ ၃၀၀ နဲ႔ တင္ေတာင္းဖို႔ ေျပာတဲ့အေဖ

မိဘေတြက သားသမီးေတြ အိမ္ေထာင္မက်ေသးရင္ စိတ္ပူၾကပါတယ္။ သားသမီးေတြကို သူတို႔သေဘာက် စိတ္တိုင္းက်လူနဲ႔ပဲ လက္ထပ္ေပးခ်င္ၾကပါတယ္။

တ႐ုတ္ႏိုင္ငံက အေဖတစ္ေယာက္ကေတာ့ သူ႔ရဲ႕သမီးကို လက္ထပ္ခ်င္သူဟာ ႐ုပ္ရည္ခန႔္ညားၿပီး အနည္းဆုံး ဝက္အေကာင္ ၃၀၀ နဲ႔ တင္ေတာင္းႏိုင္သူျဖစ္ရမယ္လို႔ ေျပာပါတယ္။ အသက္၂၄ ႏွစ္ အ႐ြယ္ Zhang Zhiyuan က တ႐ုတ္ႏိုင္ငံ Henan စီရင္စုမွာ ေနထိုင္ပါတယ္။ Zhang Zhuyuan က တကၠသိုလ္ကေန လြန္ခဲ့တဲ့ ၃ ႏွစ္က ဘြဲ႕ရခဲ့ပါတယ္။ ဘြဲ႕ရၿပီးေနာက္မွာ ဇာတိၿမိဳ႕ကို ျပန္လာၿပီး အိမ္ကေမြးထားတဲ့ ဝက္အေကာင္၂၀၀၀ ကို ေစာင့္ေရွာက္ေမြးျမဴပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ဝက္ေဈးက ျမင့္ေနတာေၾကာင့္ Zhiyuan ကို လက္ထပ္ခ်င္တဲ့သူေတြကလည္း မနည္းပါဘူး ။ Zhiyuan က ဝက္ၿခံေတြကို သန႔္ရွင္းေရးလုပ္ၿပီး ဝက္ေတြကို အစာေကြၽးပါတယ္။ မနက္ဆိုရင္ ေစာေစာထၿပီး ဝက္သားေတြကို ေဈးမွာ သြားေရာင္းပါတယ္။ ဝက္သားေဈးက ဒီႏွစ္ထဲမွာ အလြန္တက္သြားတာေၾကာင့္ Zhiyuan လည္း အလြန္ အလုပ္မ်ားသြားပါတယ္။

"ဝက္ေမြးတဲ့ အလုပ္က ဂုဏ္သိကၡာရွိတဲ့အလုပ္ မဟုတ္ဘူးလို႔ လူေတြက ထင္ၾကတယ္။ ဒါေပမယ့္ အဲဒီအခ်က္ကို သေဘာမတူပါဘူး။ ဝက္ေမြးတဲ့အလုပ္ကို တကၠသိုလ္မွာ ေသေသခ်ာခ်ာသင္ယူခဲ့တာပါ " လို႔ Zhiyuanက ေျပာပါတယ္။

မိဘေတြနဲ႔ ေမာင္ႏွမေတြက Zhiyuan ကို တကၠသိုလ္ကေန ဘြဲ႕ရၿပီးေနာက္မွာ ဝက္ေမြးတဲ့အလုပ္ကို မလုပ္ေစခ်င္ပါဘူး။ ၿမိဳ႕ႀကီးမွာ လစာေကာင္းတဲ့အလုပ္ကိုပဲ လုပ္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ Zhiyuan က မိဘေတြ အရင္ကတည္းက လုပ္ကိုင္လာခဲ့တဲ့ စိုက္ပ်ိဳးေမြးျမဴေရးကိုပဲ လုပ္ခ်င္ေနခဲ့ပါတယ္။

Zhiyuan ရဲ႕ ညီမ Yuanyuan က အလုပ္အားတဲ့အခါမွာ ကူညီေပးပါတယ္။ Yuanyuan က လက္ထပ္ၿပီးသြားပါၿပီ။ Zhiyuan ကို သေဘာက်ေနတဲ့သူေတြက အမ်ားႀကီးပါပဲ။ Zhiyuan က သူမ လက္ထပ္မယ့္ ခင္ပြန္းေလာင္းမွာ ရွိရမယ့္အ ရည္အခ်င္းကေတာ့ ဝက္တစ္ေကာင္ရဲ႕ အေလးခ်ိန္တစ္ဝက္ကို မ ႏိုင္မယ့္ အရည္အခ်င္းပါပဲ။ စိတ္ဝင္စားတဲ့ သူငယ္ခ်င္းေတြရွိရင္ လက္တို႔လိုက္ၾကပါဦးေနာ္။

Zombie (Lovemedia)

Ref - WorldofBuzz

Post a Comment

0 Comments