ဖုန်းအသုံးပြုပုံကနေ သိရှိနိုင်တဲ့ သင့်ရဲ့ပင်ကိုယ်စရိုက်

ဖုန်းအသုံးပြုတဲ့နည်းကနေ သင့်ရဲ့ပင်ကိုစရိုက်ကို သိနိုင်ပါတယ်

မိုဘိုင်းဖုန်းတွေက လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလာပါပြီ။ ဖုန်းနဲ့ တစ်ကမ္ဘာလုံးကို ဆက်သွယ်နိုင်တာကြောင့် လူတိုင်းမှာ ဖုန်းကိုယ်စီနဲ့ပါ။ ဖုန်းကို အသုံးပြုပုံကနေ သင့်ရဲ့ စိတ်နေစိတ်ထားကို သိနိုင်ပါတယ်။

၁။ ဖုန်းကို မကြာခဏစစ်ခြင်း

ဖုန်းကို မကြာခဏစစ်တဲ့သူတွေက စိတ်လိုက်မာန်ပါ ပြုလုပ်တတ်သူတွေဖြစ်ကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဖုန်းသုံးရတာကို စွဲလမ်းနေတဲ့သူတွေက စိတ်ခံစားချက် ပိုများတဲ့သူတွေပါ။ အထီးကျန်တဲ့သူတွေက ဖုန်းကိုအဖော်ပြုပြီး အထီးကျန်မှုတွေကို ဖြေဖျောက်ကြပါတယ်။

၂။ ဖုန်းကို မသုံးရမနေနိုင်ဖြစ်ခြင်း

စိတ်ဖိစီးမှုများတဲ့သူတွေက ဖုန်းကို မသုံးရမနေနိုင်အသုံးပြုတတ်ကြပါတယ်။ ဖုန်းသုံးလိုက်တဲ့အခါ ခဏတာဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ နည်းသွားမလားဆိုတဲ့ အတွေးနဲ့ အသုံးပြုကြပါတယ်။

၃။ ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း

ဖုန်းသုံးတဲ့ အချိန်ပမာဏ များတဲ့သူတွေက ပျော်ရွှင်မှု နည်းသူတွေပါ။ သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖုန်းထဲမှာ ရှာဖွေရင်း အချိန်တွေ ကြာသွားတတ်ကြပါတယ်။

၄။ ညနက်တဲ့အထိ အသုံးပြုခြင်း

တစ်ခါတရံမှာ ညနက်တဲ့အထိ ဖုန်းသုံးကြတဲ့တချို့သူတွေက အထီးကျန်တဲ့သူတွေ ဖြစ်နေကြလို့ပါ။ဖုန်းကို ညနက်တဲ့အထိ သုံးတဲ့အခါ အိပ်ချိန်တွေနည်းပါးပြီး စိတ်မရှည်တာတွေ၊ စိတ်တိုတာတွေဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ဖုန်းကို ညနက်တဲ့အထိ မသုံးသင့်ပါဘူး။

၅။ ဖုန်းအားပြည့်တဲ့အထိ စောင့်ခြင်း

တချို့လူတွေက ဖုန်းအားနည်းလာတာကို မကြိုက်ကြပါဘူး။ ဖုန်းအားလေး နည်းနည်းလျော့တာနဲ့ ချက်ချင်းအားသွင်းတတ်ကြပါတယ်။ အချို့ဆိုရင် ဖုန်းအား ၆၀% ရောက်တာနဲ့ တစ်ခါတည်း သွင်းကြတာပါ။ ဖုန်းကို အားပြည့်မှ နေသာထိုင်သာရှိသူတွေက တာဝန်သိတတ်တဲ့စိတ်ထားပိုင်ရှင်တွေပါ။

၆။ ဖုန်းခေါ်ဆိုမှုများစွာ ရရှိခြင်း

လူမှုဆက်ဆံရေး ကောင်းတဲ့သူတွေဆီကို ဖုန်းတွေ များများဆက်ကြပါတယ်။ နားအေးပါးအေး နေချင်သူတွေကတော့ ဖုန်းခဏခဏလာတာ မကြိုက်ကြပါဘူး။ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူတွေက သာမန်လူတွေထက် ဖုန်းခေါ်တဲ့သူပိုများပါတယ်။

Zombie (Lovemedia)

For Zawgyi

ဖုန္းအသုံးျပဳပုံကေန သိရွိႏိုင္တဲ့ သင့္ရဲ႕ပင္ကိုယ္စ႐ိုက္

ဖုန္းအသုံးျပဳတဲ့နည္းကေန သင့္ရဲ႕ပင္ကိုစ႐ိုက္ကို သိႏိုင္ပါတယ္

မိုဘိုင္းဖုန္းေတြက လူေတြရဲ႕ေန႔စဥ္ဘဝမွာ မရွိမျဖစ္ အေရးပါလာပါၿပီ။ ဖုန္းနဲ႔ တစ္ကမာၻလုံးကို ဆက္သြယ္ႏိုင္တာေၾကာင့္ လူတိုင္းမွာ ဖုန္းကိုယ္စီနဲ႔ပါ။ ဖုန္းကို အသုံးျပဳပုံကေန သင့္ရဲ႕စိတ္ေနစိတ္ထားကို သိႏိုင္ပါတယ္။

၁။ ဖုန္းကို မၾကာခဏစစ္ျခင္း

ဖုန္းကို မၾကာခဏစစ္တဲ့သူေတြက စိတ္လိုက္မာန္ပါ ျပဳလုပ္တတ္သူေတြျဖစ္ေၾကာင္း သုေတသနတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ဖုန္းသုံးရတာကို စြဲလမ္းေနတဲ့သူေတြက စိတ္ခံစားခ်က္ ပိုမ်ားတဲ့သူေတြပါ။ အထီးက်န္တဲ့သူေတြက ဖုန္းကိုအေဖာ္ျပဳၿပီး အထီးက်န္မႈေတြကို ေျဖေဖ်ာက္ၾကပါတယ္။

၂။ ဖုန္းကို မသုံးရမေနႏိုင္ျဖစ္ျခင္း

စိတ္ဖိစီးမႈမ်ားတဲ့သူေတြက ဖုန္းကို မသုံးရမေနႏိုင္အသုံးျပဳတတ္ၾကပါတယ္။ ဖုန္းသုံးလိုက္တဲ့အခါ ခဏတာျဖစ္ျဖစ္ စိတ္ဖိစီးမႈေတြ နည္းသြားမလားဆိုတဲ့ အေတြးနဲ႔ အသုံးျပဳၾကပါတယ္။

၃။ ဖုန္းကို အခ်ိန္ၾကာျမင့္စြာ အသုံးျပဳျခင္း

ဖုန္းသုံးတဲ့ အခ်ိန္ပမာဏမ်ားတဲ့သူေတြက ေပ်ာ္႐ႊင္မႈ နည္းသူေတြပါ။ သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈေတြကို ဖုန္းထဲမွာ ရွာေဖြရင္း အခ်ိန္ေတြၾကာသြားတတ္ၾကပါတယ္။

၄။ ညနက္တဲ့အထိ အသုံးျပဳျခင္း

တစ္ခါတရံမွာ ညနက္တဲ့အထိ ဖုန္းသုံးၾကတဲ့တခ်ိဳ႕သူေတြက အထီးက်န္တဲ့သူေတြ ျဖစ္ေနၾကလို႔ပါ။ဖုန္းကို ညနက္တဲ့အထိ သုံးတဲ့အခါ အိပ္ခ်ိန္ေတြနည္းပါးၿပီး စိတ္မရွည္တာေတြ၊ စိတ္တိုတာေတြျဖစ္လာတတ္ပါတယ္။ အဲဒါေၾကာင့္ ဖုန္းကို ညနက္တဲ့အထိ မသုံးသင့္ပါဘူး။

၅။ ဖုန္းအားျပည့္တဲ့အထိ ေစာင့္ျခင္း

တခ်ိဳ႕လူေတြက ဖုန္းအားနည္းလာတာကို မႀကိဳက္ၾကပါဘူး။ ဖုန္းအားေလး နည္းနည္းေလ်ာ့တာနဲ႔ ခ်က္ခ်င္းအားသြင္းတတ္ၾကပါတယ္။ အခ်ိဳ႕ဆိုရင္ ဖုန္းအား ၆၀% ေရာက္တာနဲ႔ တစ္ခါတည္း သြင္းၾကတာပါ။ ဖုန္းကို အားျပည့္မွ ေနသာထိုင္သာရွိသူေတြက တာဝန္သိတတ္တဲ့စိတ္ထားပိုင္ရွင္ေတြပါ။

၆။ ဖုန္းေခၚဆိုမႈမ်ားစြာ ရရွိျခင္း

လူမႈဆက္ဆံေရး ေကာင္းတဲ့သူေတြဆီကို ဖုန္းေတြ မ်ားမ်ားဆက္ၾကပါတယ္။ နားေအးပါးေအး ေနခ်င္သူေတြကေတာ့ ဖုန္းခဏခဏလာတာ မႀကိဳက္ၾကပါဘူး။ ဘြင္းဘြင္းရွင္းရွင္း ေျပာတတ္သူေတြက သာမန္လူေတြထက္ ဖုန္းေခၚတဲ့သူပိုမ်ားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments