ကလေးတွေကို ဖုန်းပေးသုံးတဲ့အခါ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မိဘတွေက ကလေးတွေအတွက် smartphone တွေရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို စဉ်းစားလာကြပါတယ်။ အချို့ ကလေးတွေမှာ ဆိုရင် ဂိမ်းဆော့ဖို့ ကိုယ်ပိုင် smartphone တွေ ရှိနေကြပါပြီ။

တစ်ဖက်ကနေ ကြည့်ရင် smaetphone တွေက သတင်းအသစ်တွေ၊ ဆက်သွယ်မှု အသစ်တွေနဲ့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ နောက်တစ်ဖက်ကနေ ကြည့်ရင်တော့ smartphone တွေ လူတွေကို ပြင်ပကမ္ဘာနဲ့ အလှမ်းဝေးသွားစေ ပါတယ်။

Smartphone သုံးတာဟာ သာမန်ဆိုရင် ဘာမှမဖြစ်ပေမယ့် စွဲလမ်းလာရင်တော့ မူးယစ်ဆေးလိုပဲ ဖြတ်ရခက်ပါတယ်။ ပြီးတော့ ကလေးတွေက ဂိမ်းတွေကိုလည်း စွဲလာကြပါတယ်။ ကလေးတွေက ဖုန်းရှေ့မှာပဲ အချိန်ဖြုန်းလေ၊ ကလေးတွေအတွက် ဆိုးကျိုးများလေပါပဲ။

လေ့လာမှုတွေအရ အသက် 8 နှစ်ကနေ 18 နှစ်ကြား ရှိတဲ့ကလေးတွေက တစ်နေ့ကို ပျမ်းမျှ 7 နာရီခွဲကြာ ဖုန်းသုံးပါတယ်။ 2 နှစ် 3 နှစ် အရွယ်ကစလို့ အိမ်အပြင်ထွက်မကစားဘဲ ဖုန်းပဲကိုင်နေရင် အသက် 7 နှစ်ရောက်တဲ့အခါ လူတွေနဲ့ တွေ့ဆက်ဆံဖို့ ကြောက်ရွံ့လာတတ်ပါတယ်။

အပြင်မထွက်ချင်တော့ဘဲ ဖုန်းရှေ့၊ ကွန်ပြူတာရှေ့မှာပဲ အချိန်ကုန်တတ်ပါတယ်။ ကလေးငယ်ငယ်လေးတွေ ဖုန်းသုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို စိတ်ပညာရှင်တွေက ပြောပြထားပါတယ်။

1. မိဘနဲ့ ရင်းရင်းနှီးနှီး မရှိတော့ဘဲ အာရုံစိုက်မှု၊ သိမြင်မှုတွေ နည်းပါးလာတတ်ပါတယ်။ ပြီးတော့ သင်ယူမှုတွေမှာ ခက်ခဲလာတတ်ပါတယ်။

2. စကားပြောဆိုမှုစွမ်းရည်တွေ နှောင့်နှေးသွားတတ်ပါတယ်။

3. လှုပ်ရှားမှုတွေနည်းပြီး ရုပ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ နှေးကွေးသွားတတ်ပါတယ်။

4. အိပ်ချိန်မှာ မအိပ်လို့ အိပ်ချိန်တွေ မှားလာတတ်ပါတယ်။

5. ကျောင်းလုပ်ငန်းတွေမှာ မပါဝင်တတ်တော့ ပါဘူး။

6. ဒေါသကြီးလာတတ်ပါတယ်

7. စိတ်ဓာတ်ကျခြင်း၊ စိတ်မလိုကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ တဖြည်းဖြည်း ဖြစ်လာနိုင်ပါတယ်။

8. ဖုန်းမသုံးခိုင်းတော့ဘဲ ပြန်ယူထားလိုက်ရင် စိတ်ကစဉ့်ကလျား ရောဂါဖြစ်လာနိုင်ပါတယ်။

သင့်ကလေးက ဒီအချက်တွေထဲကနေ အနည်းဆုံး တစ်ချက်ဖြစ်နေပြီဆိုရင် သူ ဖုန်းကို အရမ်းစွဲလမ်းနေပါပြီ။ ဒီဂျစ်တယ်နည်းပညာကြီးကိုတော့ ရပ်ပစ်လိုက်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ကလေးရဲ့ကျန်းမာရေးထက် ဘယ်အရာကမှ ပိုအရေးမကြီးပါဘူး။

Zombie (Lovemedia)

For Zawgyi

ကေလးေတြကို ဖုန္းေပးသုံးတဲ့အခါ ျဖစ္ေပၚလာမယ့္ ဆိုးက်ိဳးမ်ား

နည္းပညာေတြ တိုးတက္လာတာနဲ႔အမွ် မိဘေတြက ကေလးေတြအတြက္ smartphone ေတြရဲ႕ ေကာင္းက်ိဳးနဲ႔ဆိုးက်ိဳးေတြကို စဥ္းစားလာၾကပါတယ္။ အခ်ိဳ႕ကေလးေတြမွာ ဆိုရင္ ဂိမ္းေဆာ့ဖို႔ ကိုယ္ပိုင္ smartphone ေတြ ရွိေနၾကပါၿပီ။

တစ္ဖက္ကေန ၾကည့္ရင္ smaetphone ေတြက သတင္းအသစ္ေတြ၊ ဆက္သြယ္မႈ အသစ္ေတြနဲ႔ စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ေနာက္တစ္ဖက္ကေန ၾကည့္ရင္ေတာ့ smartphone ေတြ လူေတြကို ျပင္ပကမာၻနဲ႔ အလွမ္းေဝးသြားေစ ပါတယ္။

Smartphone သုံးတာဟာ သာမန္ဆိုရင္ ဘာမွမျဖစ္ေပမယ့္ စြဲလမ္းလာရင္ေတာ့ မူးယစ္ေဆးလိုပဲ ျဖတ္ရခက္ပါတယ္။ ၿပီးေတာ့ ကေလးေတြက ဂိမ္းေတြကိုလည္း စြဲလာၾကပါတယ္။ ကေလးေတြက ဖုန္းေရွ႕မွာပဲ အခ်ိန္ျဖဳန္းေလ၊ ကေလးေတြအတြက္ ဆိုးက်ိဳးမ်ားေလပါပဲ။

ေလ့လာမႈေတြအရ အသက္ 8 ႏွစ္ကေန 18 ႏွစ္ၾကား ရွိတဲ့ကေလးေတြက တစ္ေန႔ကို ပ်မ္းမွ် 7 နာရီခြဲၾကာ ဖုန္းသုံးပါတယ္။ 2 ႏွစ္ 3 ႏွစ္ အ႐ြယ္ကစလို႔ အိမ္အျပင္ထြက္မကစားဘဲ ဖုန္းပဲကိုင္ေနရင္ အသက္ 7 ႏွစ္ေရာက္တဲ့အခါ လူေတြနဲ႔ ေတြ႕ဆက္ဆံဖို႔ ေၾကာက္႐ြံ႕လာတတ္ပါတယ္။ အျပင္မထြက္ခ်င္ေတာ့ဘဲ ဖုန္းေရွ႕၊ ကြန္ျပဴတာေရွ႕မွာပဲ အခ်ိန္ကုန္တတ္ပါတယ္။ ကေလးငယ္ငယ္ေလးေတြ ဖုန္းသုံးရင္ ျဖစ္လာမယ့္ ဆိုးက်ိဳးေတြကို စိတ္ပညာရွင္ေတြက ေျပာျပထားပါတယ္။

1. မိဘနဲ႔ ရင္းရင္းႏွီးႏွီး မရွိေတာ့ဘဲ အာ႐ုံစိုက္မႈ၊ သိျမင္မႈေတြ နည္းပါးလာတတ္ပါတယ္။ ၿပီးေတာ့ သင္ယူမႈေတြမွာ ခက္ခဲလာတတ္ပါတယ္။

2. စကားေျပာဆိုမႈစြမ္းရည္ေတြ ေႏွာင့္ေႏွးသြားတတ္ပါတယ္။

3. လႈပ္ရွားမႈေတြနည္းၿပီး ႐ုပ္ပိုင္းဆိုင္ရာ၊ ဦးေႏွာက္ပိုင္းဆိုင္ရာ တိုးတက္မႈေတြ ေႏွးေကြးသြားတတ္ပါတယ္။

4. အိပ္ခ်ိန္မွာ မအိပ္လို႔ အိပ္ခ်ိန္ေတြ မွားလာတတ္ပါတယ္။

5. ေက်ာင္းလုပ္ငန္းေတြမွာ မပါဝင္တတ္ေတာ့ ပါဘူး။

6. ေဒါသႀကီးလာတတ္ပါတယ္

7. စိတ္ဓာတ္က်ျခင္း၊ စိတ္မလိုက်ျခင္း စတဲ့ စိတ္ပိုင္းဆိုင္ရာျပႆနာေတြ တျဖည္းျဖည္း ျဖစ္လာႏိုင္ပါတယ္။

8. ဖုန္းမသုံးခိုင္းေတာ့ဘဲ ျပန္ယူထားလိုက္ရင္ စိတ္ကစဥ့္ကလ်ား ေရာဂါျဖစ္လာႏိုင္ပါတယ္။

သင့္ကေလးက ဒီအခ်က္ေတြထဲကေန အနည္းဆုံး တစ္ခ်က္ျဖစ္ေနၿပီဆိုရင္ သူ ဖုန္းကို အရမ္းစြဲလမ္းေနပါၿပီ။ ဒီဂ်စ္တယ္နည္းပညာႀကီးကိုေတာ့ ရပ္ပစ္လိုက္လို႔ မရႏိုင္ပါဘူး။ ဒါေပမယ့္ ကေလးရဲ႕က်န္းမာေရးထက္ ဘယ္အရာကမွ ပိုအေရးမႀကီးပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments