ကြက်သွန်နီရဲ့ လူသိနည်းသေးတဲ့ လျှို့ဝှက်ချက်များ

သင့်ကို မျက်ရည်ကျစေတဲ့အရာက သင့်ကို ကျန်းမာရေး ကောင်းစေတယ်ဆိုတာ သိပါသလား။ သူကတော့ ကြက်သွန်နီပါပဲ။ ကြက်သွန်နီမှာပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရတွေက ခေါင်းကနေ ခြေဖျားအထိ အားဖြည့်ပေးပါတယ်။ ဂျပန်လူမျိုးတွေ အသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ထဲမှာလည်း ကြက်သွန်နီလည်း ပါဝင်ပါတယ်။ နေ့စဉ်စားပေးမယ် ဆိုရင်တော့ အံ့သြဖွယ် ရလဒ်တွေကို မြင်တွေ့ရမှာပါ။

၁။ အရိုးကို သိပ်သည်းစေခြင်း

သင့်မှာ အရိုးပွတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် ကြက်သွန်နီကို နေ့စဉ်စားပေးဖို့ လိုအပ်လာပါပြီ။ ကြက်သွန်နီကို တစ်လကြာ နေ့စဉ်စားပေးတဲ့အခါ အရိုးသိပ်သည်းမှုက ၅% တိုးတက်လာတာကို တွေ့ရမှာပါ။

၂။ ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း

ခန္ဓါကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ကြက်သွန်နီက လျှော့ချပေးပါတယ်။ ကိုလက်စထရော နည်းသွားတဲ့အခါ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ချေ နည်းသွားပါတယ်။

၃။ အစာချေရာတွင် လွယ်ကူစေခြင်း

ကြက်သွန်နီမှာ အမျှင်ဓါတ်တွေ ပါရှိတာကြောင့် အစာချေရာမှာ လွယ်ကူချောမွေ့လာစေပါတယ်။ အူထဲက အကျိုးပြုဘက်တီးရီးယားထုတ်လုပ်မှုကို အားကောင်းလာစေတာကြောင့် အစာချေရာမှာ အရင်ကထက် တိုးတက်လာစေပါတယ်။

၄။ ဆဲလ်ပျက်စီးမှုကို လျော့ကျစေခြင်း

ကြက်သွန်နီမှာ အင်တီအောက်ဆီးဒင့်တွေ ၂၅ မျိုးပါတယ်။ အဲဒါကြောင့် ကိုယ်ခံအားကောင်းစေပြီး ဆဲလ်ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။

၅။ အမြင်အာရုံ တိုးတက်စေခြင်း

ကြက်သွန်နီက ခံတွင်းထဲမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် သွားတွေကိုလည်း ခိုင်မာစေပါတယ်။ ကြက်သွန်နီမှာ မျက်စိအတွင်းတိမ်ကို တိုက်ဖျက်ပေးတဲ့ quercetin ဆိုတဲ့ဓါတ် ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်စေပါတယ်။

၆။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း

သင်က ညဘက်မှာ ကောင်းကောင်း အိပ်မပျော်တတ်သူဆိုရင် ကြက်သွန်နီကို စားကြည့်ပါ။ ကြက်သွန်နီမှာ အမျှင်ဓါတ်ပါတာကြောင့် အူကျန်းမာရေးကို ကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ အဲဒါကြောင့် ကြက်သွန်နီကို နေ့စဉ်စားပေးသင့်ပါတယ်။

၇။ အသားအရေလှပစေခြင်း

ကြက်သွန်နီမှာပါဝင်တဲ့ ဗီတာမင် A၊ C နဲ့ E က အသားအရေကို သဘာဝအတိုင်း လှပဖို့ ကူညီပါတယ်။ ဒါတင်မကသေးပါဘူး။ ဝက်ခြံတွေလည်း နည်းသွားစေပါသေးတယ်။ ကြက်သွန်နီက ထွက်တဲ့အစေးက အမာရွတ်တွေကိုလည်း ပျောက်စေတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

Zombie (Lovemedia)

For Zawgyi

ၾကက္သြန္နီရဲ႕ လူသိနည္းေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္မ်ား

သင့္ကို မ်က္ရည္က်ေစတဲ့အရာက သင့္ကို က်န္းမာေရး ေကာင္းေစတယ္ဆိုတာ သိပါသလား။ သူကေတာ့ ၾကက္သြန္နီပါပဲ။ ၾကက္သြန္နီမွာပါဝင္တဲ့ ဗီတာမင္နဲ႔ အာဟာရေတြက ေခါင္းကေန ေျခဖ်ားအထိ အားျဖည့္ေပးပါတယ္။ ဂ်ပန္လူမ်ိဳးေတြ အသက္ရွည္ရတဲ့ လွ်ိဳ႕ဝွက္ခ်က္ထဲမွာလည္း ၾကက္သြန္နီလည္း ပါဝင္ပါတယ္။ ေန႔စဥ္စားေပးမယ္ ဆိုရင္ေတာ့ အံ့ၾသဖြယ္ရလဒ္ေတြကို ျမင္ေတြ႕ရမွာပါ။

၁။ အ႐ိုးကို သိပ္သည္းေစျခင္း

သင့္မွာ အ႐ိုးပြတဲ့ လကၡဏာေတြ ျပလာၿပီဆိုရင္ ၾကက္သြန္နီကို ေန႔စဥ္စားေပးဖို႔ လိုအပ္လာပါၿပီ။ ၾကက္သြန္နီကို တစ္လၾကာ ေန႔စဥ္စားေပးတဲ့အခါ အ႐ိုးသိပ္သည္းမႈက ၅% တိုးတက္လာတာကို ေတြ႕ရမွာပါ။

၂။ ကိုလက္စထေရာကို ေလ်ာ့က်ေစၿပီး ႏွလုံးက်န္းမာေရးေကာင္းမြန္ေစျခင္း

ခႏၶါကိုယ္ထဲက မေကာင္းတဲ့ ကိုလက္စထေရာေတြကို ၾကက္သြန္နီက ေလွ်ာ့ခ်ေပးပါတယ္။ ကိုလက္စထေရာ နည္းသြားတဲ့အခါ ႏွလုံးေသြးေၾကာနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္ႏိုင္ေခ် နည္းသြားပါတယ္။

၃။ အစာေခ်ရာတြင္ လြယ္ကူေစျခင္း

ၾကက္သြန္နီမွာ အမွ်င္ဓါတ္ေတြ ပါရွိတာေၾကာင့္ အစာေခ်ရာမွာ လြယ္ကူေခ်ာေမြ႕လာေစပါတယ္။ အူထဲက အက်ိဳးျပဳဘက္တီးရီးယားထုတ္လုပ္မႈကို အားေကာင္းလာေစတာေၾကာင့္ အစာေခ်ရာမွာ အရင္ကထက္ တိုးတက္လာေစပါတယ္။

၄။ ဆဲလ္ပ်က္စီးမႈကို ေလ်ာ့က်ေစျခင္း

ၾကက္သြန္နီမွာ အင္တီေအာက္ဆီးဒင့္ေတြ ၂၅ မ်ိဳးပါတယ္။ အဲဒါေၾကာင့္ ကိုယ္ခံအားေကာင္းေစၿပီး ဆဲလ္ပ်က္စီးမႈေတြကို ကာကြယ္ေပးပါတယ္။

၅။ အျမင္အာ႐ုံ တိုးတက္ေစျခင္း

ၾကက္သြန္နီက ခံတြင္းထဲမွာရွိတဲ့ မေကာင္းတဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးပါတယ္။ ဒါ့အျပင္ သြားေတြကိုလည္း ခိုင္မာေစပါတယ္။ ၾကက္သြန္နီမွာ မ်က္စိအတြင္းတိမ္ကို တိုက္ဖ်က္ေပးတဲ့ quercetin ဆိုတဲ့ဓါတ္ ပါဝင္တာေၾကာင့္ အျမင္အာ႐ုံကို တိုးတက္ေစပါတယ္။

၆။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစျခင္း

သင္က ညဘက္မွာ ေကာင္းေကာင္း အိပ္မေပ်ာ္တတ္သူဆိုရင္ ၾကက္သြန္နီကို စားၾကည့္ပါ။ ၾကက္သြန္နီမွာ အမွ်င္ဓါတ္ပါတာေၾကာင့္ အူက်န္းမာေရးကို ေကာင္းေစတဲ့အျပင္ စိတ္ဖိစီးမႈကိုလည္း ေလ်ာ့က်ေစပါတယ္။ အဲဒါေၾကာင့္ ၾကက္သြန္နီကို ေန႔စဥ္စားေပးသင့္ပါတယ္။

၇။ အသားအေရလွပေစျခင္း

ၾကက္သြန္နီမွာပါဝင္တဲ့ ဗီတာမင္ A၊ C နဲ႔ E က အသားအေရကို သဘာဝအတိုင္း လွပဖို႔ ကူညီပါတယ္။ ဒါတင္မကေသးပါဘူး။ ဝက္ၿခံေတြလည္း နည္းသြားေစပါေသးတယ္။ ၾကက္သြန္နီက ထြက္တဲ့အေစးက အမာ႐ြတ္ေတြကိုလည္း ေပ်ာက္ေစတယ္လို႔ ေလ့လာခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments