ညဘက်မှာ လက်ဝတ်ရတနာတွေကို ဘာလို့ချွတ်အိပ်သင့်တာလဲ

ညအိပ်တဲ့အခါ လူအများစုက လက်ဝတ်ရတနာတွေကို ချွတ်ပြီး မအိပ်ဖြစ်ကြပါဘူး။ တစ်ခါတရံမှာလည်း လက်ဝတ်ရတနာတွေကို ချွတ်အိတ်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါပေမယ့် ညဘက်မှာ လက်ဝတ်ရတနာတွေကို ဝတ်အိပ်ရင် ရလာမယ့် ဆိုးကျိုးတွေကို ဖော်ပြပေးပါမယ်နော်။

၁။ မနက်ရောက်ရင် လက်စွပ်ချွတ်ရခက်ခြင်း

မနက်ရောက်ရင် လက်က နည်းနည်းလေး ကြီးနေတာကို သင်သတိထားမိမှာပါ။ ညဘက်အိပ်တဲ့အခါ ခန္ဓာကိုယ်ထဲကအရည်တွေက တစ်သျှူးတွေကို တည်ဆောက်ပြီး မနက်နိုးလာတဲ့အခါ လက်တွေက အနည်းငယ် ရောင်နေတတ်ပါတယ်။ ညဘက်မှာ လက်စွပ်ဝတ်အိပ်ရင်တော့ မနက်ဘက်မှာ လက်စွပ်ချွတ်ဖို့ ခက်နေပါလိမ့်မယ်။ လက်စွပ်ချွတ်ရခက်တယ် ဆိုရင် ဆပ်ပြာရည်၊ ဟင်းသီးဟင်းရွက်ဆီတွေကို လက်မှာပွတ်တိုက်ပြီး ချွတ်လို့ရပါတယ်။ လက်ကို ရေခဲရည်စိမ်ပြီးတော့လည်း ချွတ်လို့ရပါသေးတယ်။

၂။ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်ခြင်း

ဆွဲကြိုးမှာ ဆွဲသီးတွေ ချူတွေပါရင် ညဘက်မှာ ငြိပြီးအိပ်ရခက်ပါတယ်။ ညဘက်မှာ ဆွဲကြိုးကို ချွတ်ရမှာ အလုပ်ရှုပ်တယ်ဆိုရင်တော့ သက်တောင့်သက်သာနဲ့ ချောင်ချောင်ချိချိဖြစ်စေမယ့် ဆွဲကြိုးမျိုးကို ပိုပြီးရွေးချယ်သင့်ပါတယ်။

၃။ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

တချို့ လက်ဝတ်ရတနာတွေကို နီကယ်ဒြပ်စင်တွေနဲ့ ပြုလုပ်ကြပါတယ်။ အဲဒီအခါ တချို့လူတွေနဲ့ ဓါတ်မတည့်ဘဲ အရေပြားယားယံတာတွေ အနီစက်တွေဖြစ်လာပါတယ်။ ရွှေ၊ ငွေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကတော့ လူအများစုနဲ့ ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် ရွှေနဲ့ ဓါတ်မတည့်သူတွေကတော့ 14k goldကို ရွေးချယ်လို့ရပါတယ်။

၄။ နားက အိကျလာခြင်း

ညဘက်မှာ နားကပ်ဝတ်အိပ်တာက တစ်ခါတရံမှာ အဆင်မပြေပါဘူး။ နားကပ်က အလေးချိန်များလေ နားက ပိုပြီး အိကျလာလေပဲ။ ညဘက်မှာ နားကပ်ဝတ်အိပ်ရင် တစ်ခါတရံမှာ ထွက်လာတဲ့ အနံ့အသက်က မကောင်းပါဘူး။ အဲဒါကြောင့် နားပေါက် လေဝင်လေထွက်ကောင်းအောင် ညဘက်မှာ နားကပ်ကို ချွတ်အိပ်သင့်ပါတယ်။;

၅။ ဘက်တီးရီးယားများ ပွားလာခြင်း

လက်စွပ်အောက်မှာလည်း ဘက်တီးရီးယားတွေ ရှင်သန်နိုင်ပါတယ်။ အရေပြားနဲ့ ထိနေတဲ့ လက်စွပ်မှာ ရေငွေ့တွေစုလာပြီး ဘက်တီးရီးယားတွေ ပျော်တဲ့နေရာဖြစ်လာပါတယ်။

၆။ လက်ဝတ်ရတနာရဲ့ အရောင်ကျလာခြင်း

တချို့တွေက လက်ထပ်လက်စွပ်တွေ စေ့စပ်လက်စွပ်တွေကို ဝတ်အိပ်တတ်ကြပါတယ်။ ဒါပေမယ့် ချွတ်အိပ်တာက လက်ဝတ်ရတနာအတွက် ပိုပြီးကောင်းပါတယ်။ တစ်ခါတရံမှာ လက်ကောက်က ဆွဲသီးလေးတွေနဲ့ စောင်နဲ့ ငြိပြီး ပျက်စီးတတ်သလို ချွေးတွေကြောင့်လည်း လက်ဝတ်ရတနာရဲ့အရောင်တွေကျလာပါတယ်။

Zombie (Lovemedia)

For Zawgyi

ညဘက္မွာ လက္ဝတ္ရတနာေတြကို ဘာလို႔ခြၽတ္အိပ္သင့္တာလဲ

ညအိပ္တဲ့အခါ လူအမ်ားစုက လက္ဝတ္ရတနာေတြကို ခြၽတ္ၿပီး မအိပ္ျဖစ္ၾကပါဘူး။ တစ္ခါတရံမွာလည္း လက္ဝတ္ရတနာေတြကို ခြၽတ္အိတ္ဖို႔ ေမ့ေနတတ္ၾကပါတယ္။ ဒါေပမယ့္ ညဘက္မွာ လက္ဝတ္ရတနာေတြကို ဝတ္အိပ္ရင္ ရလာမယ့္ ဆိုးက်ိဳးေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ မနက္ေရာက္ရင္ လက္စြပ္ခြၽတ္ရခက္ျခင္း

မနက္ေရာက္ရင္ လက္က နည္းနည္းေလးႀကီးေနတာကို သင္သတိထားမိမွာပါ။ ညဘက္အိပ္တဲ့အခါ ခႏၶာကိုယ္ထဲကအရည္ေတြက တစ္သွ်ဴးေတြကို တည္ေဆာက္ၿပီး မနက္ႏိုးလာတဲ့အခါ လက္ေတြက အနည္းငယ္ ေရာင္ေနတတ္ပါတယ္။ ညဘက္မွာ လက္စြပ္ဝတ္အိပ္ရင္ေတာ့ မနက္ဘက္မွာ လက္စြပ္ခြၽတ္ဖို႔ ခက္ေနပါလိမ့္မယ္။ လက္စြပ္ခြၽတ္ရခက္တယ္ ဆိုရင္ ဆပ္ျပာရည္၊ ဟင္းသီးဟင္း႐ြက္ဆီေတြကို လက္မွာပြတ္တိုက္ၿပီး ခြၽတ္လို႔ရပါတယ္။ လက္ကို ေရခဲရည္စိမ္ၿပီးေတာ့လည္း ခြၽတ္လို႔ရပါေသးတယ္။

၂။ အိပ္စက္မႈကို အေႏွာင့္အယွက္ျဖစ္ျခင္း

ဆြဲႀကိဳးမွာ ဆြဲသီးေတြ ခ်ဴေတြပါရင္ ညဘက္မွာ ၿငိၿပီးအိပ္ရခက္ပါတယ္။ ညဘက္မွာ ဆြဲႀကိဳးကို ခြၽတ္ရမွာ အလုပ္ရႈပ္တယ္ဆိုရင္ေတာ့ သက္ေတာင့္သက္သာနဲ႔ ေခ်ာင္ေခ်ာင္ခ်ိခ်ိျဖစ္ေစမယ့္ ဆြဲႀကိဳးမ်ိဳးကို ပိုၿပီးေ႐ြးခ်ယ္သင့္ပါတယ္။

၃။ အေရျပားစပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္း

တခ်ိဳ႕ လက္ဝတ္ရတနာေတြကို နီကယ္ျဒပ္စင္ေတြနဲ႔ ျပဳလုပ္ၾကပါတယ္။ အဲဒီအခါ တခ်ိဳ႕လူေတြနဲ႔ ဓါတ္မတည့္ဘဲ အေရျပားယားယံတာေတြ အနီစက္ေတြျဖစ္လာပါတယ္။ ေ႐ႊ၊ ေငြနဲ႔ျပဳလုပ္ထားတဲ့ လက္ဝတ္ရတနာေတြကေတာ့ လူအမ်ားစုနဲ႔ ပိုအဆင္ေျပပါတယ္။ ဒါေပမယ့္ ေ႐ႊနဲ႔ ဓါတ္မတည့္သူေတြကေတာ့ 14k goldကို ေ႐ြးခ်ယ္လို႔ရပါတယ္။

၄။ နားက အိက်လာျခင္း

ညဘက္မွာ နားကပ္ဝတ္အိပ္တာက တစ္ခါတရံမွာ အဆင္မေျပပါဘူး။ နားကပ္က အေလးခ်ိန္မ်ားေလ နားက ပိုၿပီး အိက်လာေလပဲ။ ညဘက္မွာ နားကပ္ဝတ္အိပ္ရင္ တစ္ခါတရံမွာ ထြက္လာတဲ့ အနံ႔အသက္က မေကာင္းပါဘူး။ အဲဒါေၾကာင့္ နားေပါက္ ေလဝင္ေလထြက္ေကာင္းေအာင္ ညဘက္မွာ နားကပ္ကို ခြၽတ္အိပ္သင့္ပါတယ္။

၅။ ဘက္တီးရီးယားမ်ား ပြားလာျခင္း

လက္စြပ္ေအာက္မွာလည္း ဘက္တီးရီးယားေတြ ရွင္သန္ႏိုင္ပါတယ္။ အေရျပားနဲ႔ ထိေနတဲ့ လက္စြပ္မွာ ေရေငြ႕ေတြစုလာၿပီး ဘက္တီးရီးယားေတြ ေပ်ာ္တဲ့ေနရာျဖစ္လာပါတယ္။

၆။ လက္ဝတ္ရတနာရဲ႕ အေရာင္က်လာျခင္း

တခ်ိဳ႕ေတြက လက္ထပ္လက္စြပ္ေတြ ေစ့စပ္လက္စြပ္ေတြကို ဝတ္အိပ္တတ္ၾကပါတယ္။ ဒါေပမယ့္ ခြၽတ္အိပ္တာက လက္ဝတ္ရတနာအတြက္ ပိုၿပီးေကာင္းပါတယ္။ တစ္ခါတရံမွာ လက္ေကာက္က ဆြဲသီးေလးေတြနဲ႔ ေစာင္နဲ႔ ၿငိၿပီး ပ်က္စီးတတ္သလို ေခြၽးေတြေၾကာင့္လည္း လက္ဝတ္ရတနာရဲ႕အေရာင္ေတြက်လာပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments