လည်ပင်းက အရေးအကြောင်းတွေကို ဖယ်ရှားဖို့ အထိရောက်ဆုံးသဘာဝနည်းလမ်း (6) ခု

လည်ပင်းက ခန္ဓါကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာပါဝင်ပေမယ့် တစ်ခါတရံ လည်ပင်းကို ဂရုမစိုက်မိတတ်ကြပါဘူး။ လည်ပင်းရဲ့အလှကလည်း မိန်းကလေးတစ်ယောက်အတွက် အရေးပါပါတယ်။ လည်ပင်းမှာ အရေးအကြောင်း ရှိတာကို တချို့က သဘောကျပေမယ့် တချို့ကလည်း လည်ပင်းမှာ အရေးအကြောင်းတွေ မရှိချင်ကြပါဘူး။ လည်ပင်းက အရေးအကြောင်းတွေပျောက်ပြီး ငယ်ရွယ်နုပျိုတဲ့အသွင် ပြန်ရစေဖို့ နည်းလမ်းလေးတွေက လွယ်ကူပါတယ်နော်။

၁။ ဖုန်းနဲ့ ကွန်ပျူတာကို ခန္ဓါကိုယ်ကို မတ်မတ်ထားပြီး အသုံးပြုပါ။

ဖုန်းနဲ့ကွန်ပျူတာကို အချိန်များစွာ အသုံးပြုတဲ့အခါ နောက်ကျောတွေ တက်လာပြီး လည်ပင်းမှာလည်း အရေးအကြောင်းတွေ ပေါ်လာပါတယ်။ အဲဒါကြောင့် သင်ဟာ ဖုန်းနဲ့ကွန်ပျူတာကို အချိန်ကြာကြာအသုံးပြုရသူဆိုရင် ခန္ဓါကိုယ်ကို မတ်မတ်ထိုင်ပြီး ကွန်ပျူတာနဲ့ဖုန်းကို ခန္ဓါကိုယ်နဲ့ အဆင်ပြေအောင် ထားဖို့လိုပါတယ်။

၂။ ခေါင်းနဲ့လည်ပင်းအတွက် ထုတ်လုပ်ထားတဲ့ application တွေကို အသုံးပြုပါ။

သင်ရဲ့ခေါင်းနဲ့လည်ပင်းအနေအထား မမှန်တော့ဘူးဆိုရင် သတိပေးမယ့် အချို့ application လေးတွေ ရှိပါတယ်။ Application ကနေ notification လေး ရောက်လာတဲ့အခါ ခေါင်းနဲ့လည်ပင်း အနေအထားကို သတိထားမိပြီး ပြင်လို့ရသွားပါတယ်။

၃။ လည်ပင်းကို နေ့စဉ်သန့်ရှင်းရေးလုပ်ပေးခြင်း

မနက်ခင်းမှာ မိတ်ကပ်တွေကို ဖျက်တဲ့အခါ လည်ပင်းတစ်ဝိုက်ကိုပါ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ မျက်နှာကို moisturizer လိမ်းတဲ့အခါ လည်ပင်းကိုလည်း လိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒီအခါ လည်ပင်းအသားအရေကလည်း မျက်နှာအသားအရေနဲ့ ညီသွားပြီး လှပနေမှာပါ။

၄။ ဆဲလ်သေဖယ်ရှားခြင်း

ခန္ဓါကိုယ်နဲ့မျက်နှာကို ဆဲလ်သေဖယ်ရှားတတ်ပေမယ့် လည်ပင်းက ဆဲလ်သေတွေ ဖယ်ရှားဖို့ကိုတော့ တစ်ခါတရံမှာ မေ့နေတတ်ပါတယ်။ လည်ပင်းအသားအရေက နုပေမယ့် ဆဲလ်သေတွေ ရှိနေနိုင်ပါတယ်။ အဲဒါကြောင့် မျက်နှာကို ဆဲလ်သေတွေ ဖယ်ရှားတဲ့အခါမှာလည်း လည်ပင်းက ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးဖို့ပါတယ်။ ဒါပေမယ့် နေ့စဉ်လုပ်ဖို့ မလိုအပ်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ဆိုရင် လုံလောက်ပါပြီ။

၅။ Retinoid cream ကို အသုံးပြုပါ။

Retinoid cream ဟာလည်း collagen အရေပြားမှ collagen ထုတ်လုပ်မှုကိုအားပေးပါတယ်။ ဒါ့အပြင် အရေပြားကို မည်းညိုစေတဲ့အဓိကဓါတ်ဖြစ်တဲ့ melanin ကိုလျော့ကျစေနိုင်ပါတယ်။ အဲဒါကြောင့် လည်ပင်းက အရေးအကြောင်းတွေ လျော့ပါးဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ retinoid creamကို ၂ ရက်တစ်ခါကိုမှ ပမာဏနည်းနည်းသာ အသုံးပြုဖို့ အကြံပေးပါတယ်။ အများကြီး အသုံးပြုတဲ့အခါ အသားအရေ ခြောက်သွေ့စေလို့ပါ။

၆။ ယောဂကျင့်ခြင်း

ကျွမ်းကျင်သူတွေက မျက်နှာအတွက် ယောဂလေ့ကျင့်ခန်းကို တစ်ရက်ကို နာရီဝက်နဲ့ အနည်းဆုံး ၅ လကြာအောင် ကျင့်ဖို့ အကြံပြုကြပါတယ်။

လေ့ကျင့်ခန်း ၁

- သက်တောင့်သက်သာရှိတဲ့ အနေအထားအတိုင်းထိုင်ပြီး မျက်နှာကို ရှေ့ကို အနည်းငယ် ပင့်လိုက်ပါ။

- မျက်နှာကို ပင့်လျက်နဲ့ ၅ စက္ကန့်ကြာအောင် ပြုံးပါ။ လည်ပင်းကြွက်သားတွေ တင်းလာတာကို ခံစားလာရပါတယ်။

- ဒီလေ့ကျင့်ခန်းကိုတော့ တစ်ကြိမ်ကို ၃ ခါနဲ့ တစ်နေ့ ၂ ကြိမ်ခန့်ပြုလုပ်လို့ ရပါတယ်။

လေ့ကျင့်ခန်း ၂

ဒီလေ့ကျင့်ခန်းကတော့ ကွန်ပျူတာရှေ့မှာ ကြာကြာထိုင်ရသူတွေအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းပါပဲ။

- အရင်ဆုံး ပုခုံးကို ဖြေလျှော့လိုက်ပါ။

- မျက်နှာကို အပေါ်ဘက်သို့ မော့လိုက်ပါ။ အဲဒီအခါ လည်ပင်းနဲ့ပါးမှာ တင်းအားဖြစ်လာတာကို ခံစားရပါတယ်။

- အဲဒီ အနေအထားမှာတင်ပဲ နှုတ်ခမ်းကို ၅ စက္ကန့်ကြာအောင် ဆူလိုက်ပါ။

- ဒီလေ့ကျင့်ခန်းကိုလည်း တစ်ကြိမ်ကို ၃ ခါနဲ့ တစ်နေ့ကို ၂ ကြိမ်ခန့်ပြုလုပ်လို့ရပါတယ်။

လေ့ကျင့်ခန်း ၃

- သက်တောင့်သက်သာ အနေအထားအတိုင်းထိုင်ပြီး ပုခုံးတွေကို ဖြေလျှော့ထားပါ။

- ညာဘက်လက်ကို ဘယ်ဘက်ပုခုံးညှပ်ရိုးပေါ်တင်ပြီး အနည်းငယ် အားနဲ့ဖိထားပါ။

- ခေါင်းနဲ့လည်ပင်းကို ညာဘက်ကို စောင်းလိုက်ပါ။

- ပြီးရင်တော့ ဘဲနှုတ်ခမ်းပုံစံအတိုင်း ၅ စက္ကန့်ကြာ နှုတ်ခမ်းဆူလိုက်ပါ။

- ဒီလေ့ကျင့်ခန်းကိုလည်း တစ်နေ့ ၂ ကြိမ်ခန့်ပြုလုပ်ပေးလို့ရပါတယ်။

အသက်ငယ်ရွယ်သူတွေမှာလည်း လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။

ပတ်ဝန်းကျင်နဲ့ မျိုးရိုးကြောင့်လည်း အသက်ငယ်ငယ်နဲ့ လည်ပင်းမှာ အရေးအကြောင်း ရှိတတ်ပါတယ်။ အရေးအကြောင်းတွေကို လျှော့ဖို့အတွက် လည်ပင်းနဲ့ဦးခေါင်း လေ့ကျင့်ခန်းလုပ်ပြီး ဆေးလိပ်သောက်တာကို ရှောင်ကြဉ်ခြင်းပါ။ အဲဒီအခါ လည်ပင်းက အရေးအကြောင်းတွေ သိသိသာသာ လျော့ပါးလာပါတယ်။

Zombie (Lovemedia)

Zawgyi

လည္ပင္းက အေရးအေၾကာင္းေတြကို ဖယ္ရွားဖို႔ အထိေရာက္ဆုံးသဘာဝနည္းလမ္း (6) ခု

လည္ပင္းက ခႏၶါကိုယ္ရဲ႕အေရးႀကီးတဲ့ အစိတ္အပိုင္းမွာပါဝင္ေပမယ့္ တစ္ခါတရံလည္ပင္းကို ဂ႐ုမစိုက္မိတတ္ၾကပါဘူး။ လည္ပင္းရဲ႕အလွကလည္း မိန္းကေလးတစ္ေယာက္အတြက္ အေရးပါပါတယ္။ လည္ပင္းမွာ အေရးအေၾကာင္း ရွိတာကို တခ်ိဳ႕က သေဘာက်ေပမယ့္ တခ်ိဳ႕ကလည္း လည္ပင္းမွာ အေရးအေၾကာင္းေတြ မရွိခ်င္ၾကပါဘူး။ လည္ပင္းက အေရးအေၾကာင္းေတြေပ်ာက္ၿပီး ငယ္႐ြယ္ႏုပ်ိဳတဲ့အသြင္ ျပန္ရေစဖို႔ နည္းလမ္းေလးေတြက လြယ္ကူပါတယ္ေနာ္။

၁။ ဖုန္းနဲ႔ ကြန္ပ်ဴတာကို ခႏၶါကိုယ္ကို မတ္မတ္ထားၿပီး အသုံးျပဳပါ။

ဖုန္းနဲ႔ကြန္ပ်ဴတာကို အခ်ိန္မ်ားစြာ အသုံးျပဳတဲ့အခါ ေနာက္ေက်ာေတြ တက္လာၿပီး လည္ပင္းမွာလည္း အေရးအေၾကာင္းေတြ ေပၚလာပါတယ္။ အဲဒါေၾကာင့္ သင္ဟာ ဖုန္းနဲ႔ကြန္ပ်ဴတာကို အခ်ိန္ၾကာၾကာအသုံးျပဳရသူဆိုရင္ ခႏၶါကိုယ္ကို မတ္မတ္ထိုင္ၿပီး ကြန္ပ်ဴတာနဲ႔ဖုန္းကို ခႏၶါကိုယ္နဲ႔ အဆင္ေျပေအာင္ ထားဖို႔လိုပါတယ္။

၂။ ေခါင္းနဲ႔လည္ပင္းအတြက္ ထုတ္လုပ္ထားတဲ့ application ေတြကို အသုံးျပဳပါ။

သင္ရဲ႕ေခါင္းနဲ႔လည္ပင္းအေနအထား မမွန္ေတာ့ဘူးဆိုရင္ သတိေပးမယ့္ အခ်ိဳ႕ application ေလးေတြ ရွိပါတယ္။ Application ကေန notification ေလး ေရာက္လာတဲ့အခါ ေခါင္းနဲ႔လည္ပင္း အေနအထားကို သတိထားမိၿပီး ျပင္လို႔ရသြားပါတယ္။

၃။ လည္ပင္းကို ေန႔စဥ္သန႔္ရွင္းေရးလုပ္ေပးျခင္း

မနက္ခင္းမွာ မိတ္ကပ္ေတြကို ဖ်က္တဲ့အခါ လည္ပင္းတစ္ဝိုက္ကိုပါ သန႔္ရွင္းေရးလုပ္ဖို႔ လိုအပ္ပါတယ္။ မ်က္ႏွာကို moisturizer လိမ္းတဲ့အခါ လည္ပင္းကိုလည္း လိမ္းေပးဖို႔လည္း လိုအပ္ပါတယ္။ အဲဒီအခါ လည္ပင္းအသားအေရကလည္း မ်က္ႏွာအသားအေရနဲ႔ ညီသြားၿပီး လွပေနမွာပါ။

၄။ ဆဲလ္ေသဖယ္ရွားျခင္း

ခႏၶါကိုယ္နဲ႔မ်က္ႏွာကို ဆဲလ္ေသဖယ္ရွားတတ္ေပမယ့္ လည္ပင္းက ဆဲလ္ေသေတြ ဖယ္ရွားဖို႔ကိုေတာ့ တစ္ခါတရံမွာ ေမ့ေနတတ္ပါတယ္။ လည္ပင္းအသားအေရက ႏုေပမယ့္ ဆဲလ္ေသေတြ ရွိေနႏိုင္ပါတယ္။ အဲဒါေၾကာင့္ မ်က္ႏွာကို ဆဲလ္ေသေတြ ဖယ္ရွားတဲ့အခါမွာလည္း လည္ပင္းက ဆဲလ္ေသေတြကိုလည္း ဖယ္ရွားေပးဖို႔ပါတယ္။ ဒါေပမယ့္ ေန႔စဥ္လုပ္ဖို႔ မလိုအပ္ပါဘူး။ တစ္ပတ္ကို တစ္ႀကိမ္၊ ႏွစ္ႀကိမ္ဆိုရင္ လုံေလာက္ပါၿပီ။

၅။ Retinoid cream ကို အသုံးျပဳပါ။

Retinoid cream ဟာလည္း collagen အေရျပားမွ collagen ထုတ္လုပ္မႈကိုအားေပးပါတယ္။ ဒါ့အျပင္ အေရျပားကို မည္းညိဳေစတဲ့အဓိကဓါတ္ျဖစ္တဲ့ melanin ကိုေလ်ာ့က်ေစႏိုင္ပါတယ္။ အဲဒါေၾကာင့္ လည္ပင္းက အေရးအေၾကာင္းေတြ ေလ်ာ့ပါးဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ retinoid creamကို ၂ ရက္တစ္ခါကိုမွ ပမာဏနည္းနည္းသာ အသုံးျပဳဖို႔ အႀကံေပးပါတယ္။ အမ်ားႀကီး အသုံးျပဳတဲ့အခါ အသားအေရ ေျခာက္ေသြ႕ေစလို႔ပါ။

၆။ ေယာဂက်င့္ျခင္း

ကြၽမ္းက်င္သူေတြက မ်က္ႏွာအတြက္ ေယာဂေလ့က်င့္ခန္းကို တစ္ရက္ကို နာရီဝက္နဲ႔ အနည္းဆုံး ၅ လၾကာေအာင္ က်င့္ဖို႔ အႀကံျပဳၾကပါတယ္။

ေလ့က်င့္ခန္း ၁

- သက္ေတာင့္သက္သာရွိတဲ့ အေနအထားအတိုင္းထိုင္ၿပီး မ်က္ႏွာကို ေရွ႕ကို အနည္းငယ္ ပင့္လိုက္ပါ။

- မ်က္ႏွာကို ပင့္လ်က္နဲ႔ ၅ စကၠန႔္ၾကာေအာင္ ၿပဳံးပါ။ လည္ပင္းႂကြက္သားေတြ တင္းလာတာကို ခံစားလာရပါတယ္။

- ဒီေလ့က်င့္ခန္းကိုေတာ့ တစ္ႀကိမ္ကို ၃ ခါနဲ႔ တစ္ေန႔ ၂ ႀကိမ္ခန႔္ျပဳလုပ္လို႔ ရပါတယ္။

ေလ့က်င့္ခန္း ၂

ဒီေလ့က်င့္ခန္းကေတာ့ ကြန္ပ်ဴတာေရွ႕မွာ ၾကာၾကာထိုင္ရသူေတြအတြက္ ထိေရာက္တဲ့ ေလ့က်င့္ခန္းပါပဲ။

- အရင္ဆုံး ပုခုံးကို ေျဖေလွ်ာ့လိုက္ပါ။

- မ်က္ႏွာကို အေပၚဘက္သို႔ ေမာ့လိုက္ပါ။ အဲဒီအခါ လည္ပင္းနဲ႔ပါးမွာ တင္းအားျဖစ္လာတာကို ခံစားရပါတယ္။

- အဲဒီ အေနအထားမွာတင္ပဲ ႏႈတ္ခမ္းကို ၅ စကၠန႔္ၾကာေအာင္ ဆူလိုက္ပါ။

- ဒီေလ့က်င့္ခန္းကိုလည္း တစ္ႀကိမ္ကို ၃ ခါနဲ႔ တစ္ေန႔ကို ၂ ႀကိမ္ခန႔္ျပဳလုပ္လို႔ရပါတယ္။

ေလ့က်င့္ခန္း ၃

- သက္ေတာင့္သက္သာ အေနအထားအတိုင္းထိုင္ၿပီး ပုခုံးေတြကို ေျဖေလွ်ာ့ထားပါ။

- ညာဘက္လက္ကို ဘယ္ဘက္ပုခုံးညႇပ္႐ိုးေပၚတင္ၿပီး အနည္းငယ္ အားနဲ႔ဖိထားပါ။

- ေခါင္းနဲ႔လည္ပင္းကို ညာဘက္ကို ေစာင္းလိုက္ပါ။

- ၿပီးရင္ေတာ့ ဘဲႏႈတ္ခမ္းပုံစံအတိုင္း ၅ စကၠန႔္ၾကာ ႏႈတ္ခမ္းဆူလိုက္ပါ။

- ဒီေလ့က်င့္ခန္းကိုလည္း တစ္ေန႔ ၂ ႀကိမ္ခန႔္ျပဳလုပ္ေပးလို႔ရပါတယ္။

အသက္ငယ္႐ြယ္သူေတြမွာလည္း လည္ပင္းမွာ အေရးအေၾကာင္းေတြ ေပၚလာတတ္ပါတယ္။

ပတ္ဝန္းက်င္နဲ႔ မ်ိဳး႐ိုးေၾကာင့္လည္း အသက္ငယ္ငယ္နဲ႔ လည္ပင္းမွာ အေရးအေၾကာင္း ရွိတတ္ပါတယ္။ အေရးအေၾကာင္းေတြကို ေလွ်ာ့ဖို႔အတြက္ လည္ပင္းနဲ႔ဦးေခါင္းေလ့က်င့္ခန္းလုပ္ၿပီး ေဆးလိပ္ေသာက္တာကို ေရွာင္ၾကဥ္ျခင္းပါ။ အဲဒီအခါ လည္ပင္းက အေရးအေၾကာင္းေတြ သိသိသာသာ ေလ်ာ့ပါးလာပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments