ကလေးတွေ လက်သည်း ခဏခဏကိုက်တဲ့ အကျင့်ကိုပျောက်စေမယ့် နည်းလမ်း

တချို့ကလေးတွေက လက်သည်းကို အမြဲလိုလို ကိုက်နေလေ့ရှိပါတယ်။ သူတို့မှာ စိတ်ဖိစီးမှုများတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ဗိုက်ဆာတဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ လက်သည်းကို ကိုက်နေတတ်ကြပါတယ်။ တစ်ခါတလေမှာလည်း ဘာရယ်မဟုတ်ဘဲ အကျင့်ပါပြီး လက်သည်းကိုက်ကြပါတယ်။

တချို့တွေဆိုရင် လက်သည်းကိုက်တတ်တဲ့အကျင့်က ဆယ်ကျော်သက်အရွယ်အထိ ပါသွားတတ်ကြပါတယ်။ လက်သည်းကိုက်ပါများရင် လက်သည်းတွေက တုံးတိတိနဲ့ မလှမပ ဖြစ်နေမှာပါ။ လက်သည်းထဲက ပိုးတွေကလည်း ဗိုက်ထဲကိုရောက်ပြီး ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးက စကားပြောတတ်တဲ့အရွယ်မှာ လက်သည်းကိုက်နေတယ်ဆိုရင် လက်သည်းကိုက်ရတဲ့ အကြောင်းရင်းကို မေးပြီး လက်သည်းတွေကိုက်တာ မကောင်းကြောင်းကို နားဝင်အောင် ရှင်းပြပါ။

ကလေးတွေ လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ပေးဖို့ဆိုရင်

- ကလေးတွေကို လက်သည်း ပုံမှန်ညှပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လက်သည်းကိုလည်း တိတိပပ ညှပ်ပေးဖို့လည်း လိုပါတယ်။ လက်သည်းညှပ်တာ မညီရင် ကလေးတွေက အဲဒီလက်သည်းကို ကိုက်ရင်းနဲ့ အကျင့်ပါသွားတတ်ပါတယ်။

- ကလေးကို အားတဲ့အချိန် လက်သည်းကိုက်မနေအောင် လက်နဲ့ညှစ်ကစားရတဲ့ အရုပ်တွေ၊ slime တွေ၊ လက်ကောက်လှလှလေးတွေနဲ့ ဆော့ပေးလို့လည်း ရပါတယ်။ ကလေးရဲ့ လက်သည်းမှာ အဆိပ်မဖြစ်စေတဲ့ စတေကာလှလှလေးတွေ ကပ်ထားရင်လည်း လက်သည်းမကိုက်တော့ပါဘူး။

- တချို့ကလေးတွေကျတော့ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့အခါ၊ စိတ်အားငယ်တဲ့အခါ၊ စိတ်မလုံခြုံတဲ့အခါ လက်သည်းကို ကိုက်နေတတ်ပါတယ်။ အဲဒါဆိုရင်တော့ ကလေးရဲ့စိတ်ဖိစီးမှုတွေကို အရင်ဆုံးပျောက်သွားအောင် လုပ်ဖို့လိုအပ်ပါတယ်။

- တချို့ကလေးတွေကတော့ ပျင်းလို့ လက်သည်းကိုက်တာဖြစ်တဲ့အတွက် ပုံဆွဲတာ၊ အဆောက်အဦပုံစံငယ်လေး ဆောက်ခိုင်းတဲ့နည်းကလည်း အသုံးဝင်ပါတယ်။

- နောက်တစ်နည်းကတော့ ပန်းသီး၊ မုန်လာဥနီ၊ သခွားသီးတွေကို အစိပ်လေးတွေစိပ်ပြီး ကျွေးလို့ရပါတယ်။ တဖြည်းဖြည်းနဲ့ လက်သည်းကိုက်တဲ့အကျင့်ပျောက်သွားပါတယ်။

- နောက်တစ်နည်းကတော့ လက်သည်းကိုက်တတ်တဲ့ အကျင့်ဆိုးကို ဖျောက်နိုင်ရင် ဆုပေးတဲ့စနစ်ပါ။ သတ်မှတ်ရက်အတွင်း ဒီအကျင့်ကို ဖျောက်နိုင်ရင် ဆုသေးသေးလေးပေးမယ်ဆိုရင် ကလေးကလည်း လက်သည်းကိုက်တဲ့ အကျင့်ကို ပြင်သွားမှာပါ။

Zombie (Lovemedia)

For Zawgyi

ကေလးေတြ လက္သည္း ခဏခဏကိုက္တဲ့ အက်င့္ကိုေပ်ာက္ေစမယ့္ နည္းလမ္း

တခ်ိဳ႕ကေလးေတြက လက္သည္းကို အၿမဲလိုလို ကိုက္ေနေလ့ရွိပါတယ္။ သူတို႔မွာ စိတ္ဖိစီးမႈမ်ားတဲ့အခါ၊ စိတ္လႈပ္ရွားတဲ့အခါ၊ ဗိုက္ဆာတဲ့အခါ စတဲ့အေျခအေနမ်ိဳးေတြမွာ လက္သည္းကိုကိုက္ေနတတ္ၾကပါတယ္။ တစ္ခါတေလမွာလည္း ဘာရယ္မဟုတ္ဘဲ အက်င့္ပါၿပီး လက္သည္းကိုက္ၾကပါတယ္။တခ်ိဳ႕ေတြဆိုရင္ လက္သည္းကိုက္တတ္တဲ့အက်င့္က ဆယ္ေက်ာ္သက္အ႐ြယ္အထိ ပါသြားတတ္ၾကပါတယ္။ လက္သည္းကိုက္ပါမ်ားရင္ လက္သည္းေတြက တုံးတိတိနဲ႔ မလွမပျဖစ္ေနမွာပါ။ လက္သည္းထဲက ပိုးေတြကလည္း ဗိုက္ထဲကိုေရာက္ၿပီး ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

ကေလးက စကားေျပာတတ္တဲ့အ႐ြယ္မွာ လက္သည္းကိုက္ေနတယ္ဆိုရင္ လက္သည္းကိုက္ရတဲ့ အေၾကာင္းရင္းကို ေမးၿပီး လက္သည္းေတြကိုက္တာ မေကာင္းေၾကာင္းကို နားဝင္ေအာင္ ရွင္းျပပါ။

ကေလးေတြ လက္သည္းကိုက္တဲ့အက်င့္ကို ေဖ်ာက္ေပးဖို႔ဆိုရင္

- ကေလးေတြကို လက္သည္း ပုံမွန္ညႇပ္ေပးဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ လက္သည္းကိုလည္း တိတိပပ ညႇပ္ေပးဖို႔လည္း လိုပါတယ္။ လက္သည္းညႇပ္တာ မညီရင္ ကေလးေတြက အဲဒီလက္သည္းကို ကိုက္ရင္းနဲ႔ အက်င့္ပါသြားတတ္ပါတယ္။

- ကေလးကို အားတဲ့အခ်ိန္ လက္သည္းကိုက္မေနေအာင္ လက္နဲ႔ညႇစ္ကစားရတဲ့ အ႐ုပ္ေတြ၊ slimeေတြ၊ လက္ေကာက္လွလွေလးေတြနဲ႔ ေဆာ့ေပးလို႔လည္း ရပါတယ္။ ကေလးရဲ႕ လက္သည္းမွာ အဆိပ္မျဖစ္ေစတဲ့ စေတကာလွလွေလးေတြ ကပ္ထားရင္လည္း လက္သည္းမကိုက္ေတာ့ပါဘူး။

- တခ်ိဳ႕ကေလးေတြက်ေတာ့ ေက်ာင္းမွာ အႏိုင္က်င့္ခံရတဲ့အခါ၊ စိတ္အားငယ္တဲ့အခါ၊ စိတ္မလုံၿခဳံတဲ့အခါ လက္သည္းကို ကိုက္ေနတတ္ပါတယ္။ အဲဒါဆိုရင္ေတာ့ ကေလးရဲ႕စိတ္ဖိစီးမႈေတြကို အရင္ဆုံးေပ်ာက္သြားေအာင္ လုပ္ဖို႔လိုအပ္ပါတယ္။

- တခ်ိဳ႕ကေလးေတြကေတာ့ ပ်င္းလို႔ လက္သည္းကိုက္တာျဖစ္တဲ့အတြက္ ပုံဆြဲတာ၊ အေဆာက္အဦပုံစံငယ္ေလး ေဆာက္ခိုင္းတဲ့နည္းကလည္း အသုံးဝင္ပါတယ္။

- ေနာက္တစ္နည္းကေတာ့ ပန္းသီး၊ မုန္လာဥနီ၊ သခြားသီးေတြကို အစိပ္ေလးေတြစိပ္ၿပီး ေကြၽးလို႔ရပါတယ္။ တျဖည္းျဖည္းနဲ႔ လက္သည္းကိုက္တဲ့အက်င့္ေပ်ာက္သြားပါတယ္။

- ေနာက္တစ္နည္းကေတာ့ လက္သည္းကိုက္တတ္တဲ့ အက်င့္ဆိုးကို ေဖ်ာက္ႏိုင္ရင္ ဆုေပးတဲ့စနစ္ပါ။ သတ္မွတ္ရက္အတြင္း ဒီအက်င့္ကို ေဖ်ာက္ႏိုင္ရင္ ဆုေသးေသးေလးေပးမယ္ဆိုရင္ ကေလးကလည္း လက္သည္းကိုက္တဲ့ အက်င့္ကို ျပင္သြားမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments