ချစ်တဲ့သူနဲ့ လက်ထပ်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်

လက်ထပ်ပြီးသား ဇနီးမောင်နှံတွေမှာ စိတ်ဖိစီးမှုနည်းတယ်လို့ ပြောရင် ပိုတယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပြီး သူတွေမှာ စိတ်ဖိစီးမှု နည်းတာ တကယ် ဟုတ်ပါတယ်။ လက်ထပ်ခြင်းက ကော်တီဇောဟော်မုန်းကို နည်းစေတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထား ပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက် နိုင်မယ့် နည်းလမ်းမတွေးသေးရင်တော့ ဒီနည်းလမ်းကိုပဲ ရွေးချယ်သင့် ပါတယ်။

လက်ထပ်ခြင်းဆိုတာ စိတ်ကူးထဲ ကလို လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ လက်ထပ်ပြီးသား သူတွေက သူတို့ ချစ်ရသူနဲ့ ဖြေရှင်းခဲ့တဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို သတိရကောင်း ရပါလိမ့်မယ်။ ပြဿနာတွေကို အတူတူ ဖြေရှင်းတဲ့ အခါ စိတ်က အနည်းနဲ့ အများတော့ သက်သာရာ ရပါလိမ့်မယ်။

ဘဝမှာ နောက်ထပ် ပုံစံတူ ပြဿနာတွေ ရှိလာခဲ့ ရင်လည်း သိပ်ပြီး တုန်လှုပ်တော့ မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အားပေးမယ့်၊ အကြံပေးမယ့်၊ ဖေးမပေးမယ့် တိုင်ပင်ဖော် တိုင်ပင်ဖက်တယောက်လုံး ဘေးမှာ ရှိပြီးသား ဖြစ်နေလို့ပါ။

ပြဿနာတွေကို တစ်ယောက်တည်း ဖြေရှင်းတာထက် စာရင် နှစ်ယောက်အတူတူ ဖြေရှင်းတာက ပိုပြီး လွယ်ကူ ပါတယ်။ ပညာရှင်တွေက လက်ထပ်ပြီးသူ၊ အိမ်ထောင် မရှိသူ၊ အိမ်ထောင်နှင့် ကွဲနေသူ၊ အိမ်ထောင်ဖက် ကွယ်လွန်သွားသူ တွေကို လေ့လာကြည့်တဲ့ အခါ လက်ထပ်ပြီးသူတွေက စိတ်ဖိစီးမှုပိုနည်းတာ၊ ပိုပြီး ခံနိုင်ရည် ရှိတာကို တွေ့ရပါတယ်။

ဒီရလဒ်က အသက် 21 နှစ်ကနေ 55 နှစ် အတွင်းရှိတဲ့ လူပေါင်း 572 ယောက်ကို လေ့လာပြီး ရလာတဲ့ ရလဒ် ဖြစ်ပါတယ်။ လက်ထပ်ပြီးသား လူတွေမှာ ကော်တီဇော ဟော်မုန်း ပိုနည်းတာကို တွေ့ရပါတယ်။ ကော်တီဇောဟော်မုန်း ဆိုတာ စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့ ဟော်မုန်းကို ဆိုလိုတာပါ ။

အဲဒါကြောင့် တစ်ယောက်တည်း သမားတွေထပ် လက်ထပ်ပြီးသူတွေက ပိုပျော်ရွှင်ပြီး စိတ်ဖိစီးမှု ပိုနည်းပါတယ်။ ကော်တီဇောဟော်မုန်းက တစ်ရက်အတွင်းမှာပဲ အတက်အကျ ရှိပါတယ်။ ကော်တီဇောဟော်မုန်း level အမြင့်ဆုံး အချိန်က အိပ်ရာထကာစ အချိန်ဖြစ်ပြီး နောက်ပိုင်း မှာတော့ တဖြည်းဖြည်း လျော့သွား ပါတယ်။ လက်ထပ်ပြီးသူတွေမှာ ကော်တီဇောဟော်မုန်းကျတာ ပိုမြန်ကြောင်းကိုလည်း တွေ့ရပြန်ပါတယ်။

စိတ်ဖိစီးမှုဆိုတာ ဘာမှကောင်းကျိုး မပေးပါဘူး။ ကော်တီဇော ဟော်မုန်း level မြင့်လာတဲ့ အခါ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ အထိ ဖြစ်နိုင် ပါတယ်။ အဲဒါကြောင့် လက်ထပ်ခြင်းက စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင် ပါတယ်။ ဒါပေမယ့် လက်ထပ်မယ့်သူက ကိုယ့်ကို စိတ်ဖိစီးမှု မပေးမယ့်သူ ဖြစ်ဖို့တော့ လိုပါတယ်။ စိတ်ညစ်စရာတွေ ပေးမယ့်သူကို လက်ထပ်မယ့်အစား တစ်ယောက်တည်း နေတာက ပိုကောင်းပါတယ်။

Zombie (Lovemedia)

For Zawgyi

ခ်စ္တဲ့သူနဲ႔ လက္ထပ္ျခင္းက စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးေစႏိုင္

လက္ထပ္ၿပီးသား ဇနီးေမာင္ႏွံေတြမွာ စိတ္ဖိစီးမႈနည္းတယ္ လို႔ ေျပာရင္ ပိုတယ္လို႔ ထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ လက္ထပ္ၿပီး သူေတြမွာ စိတ္ဖိစီးမႈ နည္းတာ တကယ္ ဟုတ္ပါတယ္။ လက္ထပ္ျခင္းက ေကာ္တီေဇာေဟာ္မုန္းကို နည္းေစတယ္လို႔ ေလ့လာခ်က္ေတြမွာ ေဖာ္ျပထား ပါတယ္။ စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ ႏိုင္မယ့္ နည္းလမ္းမေတြးေသး ရင္ေတာ့ ဒီနည္းလမ္းကိုပဲ ေ႐ြးခ်ယ္သင့္ ပါတယ္။

လက္ထပ္ျခင္းဆိုတာ စိတ္ကူးထဲ ကလို လြယ္လြယ္ကူကူေတာ့ မဟုတ္ပါဘူး။ လက္ထပ္ၿပီးသား သူေတြက သူတို႔ ခ်စ္ရသူနဲ႔ ေျဖရွင္းခဲ့တဲ့ ျပႆနာေတြ၊ အခက္အခဲေတြကို သတိရေကာင္း ရပါလိမ့္မယ္။ ျပႆနာေတြကို အတူတူ ေျဖရွင္းတဲ့ အခါ စိတ္က အနည္းနဲ႔ အမ်ားေတာ့ သက္သာရာ ရပါလိမ့္မယ္။

ဘဝမွာ ေနာက္ထပ္ ပုံစံတူ ျပႆနာေတြ ရွိလာခဲ့ ရင္လည္း သိပ္ၿပီး တုန္လႈပ္ေတာ့ မွာ မဟုတ္ပါဘူး။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ အားေပးမယ့္၊ အႀကံေပးမယ့္၊ ေဖးမေပးမယ့္ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္တေယာက္လုံး ေဘးမွာ ရွိၿပီးသား ျဖစ္ေနလို႔ပါ။

ျပႆနာေတြကို တစ္ေယာက္တည္း ေျဖရွင္းတာထက္ စာရင္ ႏွစ္ေယာက္အတူတူ ေျဖရွင္းတာက ပိုၿပီး လြယ္ကူ ပါတယ္။ ပညာရွင္ေတြက လက္ထပ္ၿပီးသူ၊ အိမ္ေထာင္ မရွိသူ၊ အိမ္ေထာင္ႏွင့္ ကြဲေနသူ၊ အိမ္ေထာင္ဖက္ ကြယ္လြန္သြားသူ ေတြကို ေလ့လာၾကည့္တဲ့ အခါ လက္ထပ္ၿပီးသူေတြက စိတ္ဖိစီးမႈပိုနည္းတာ၊ ပိုၿပီး ခံႏိုင္ရည္ ရွိတာကို ေတြ႕ရပါတယ္။

ဒီရလဒ္က အသက္ 21 ႏွစ္ကေန 55 ႏွစ္ အတြင္းရွိတဲ့ လူေပါင္း 572 ေယာက္ကို ေလ့လာၿပီး ရလာတဲ့ ရလဒ္ ျဖစ္ပါတယ္။ လက္ထပ္ၿပီးသား လူေတြမွာ ေကာ္တီေဇာ ေဟာ္မုန္း ပိုနည္းတာကို ေတြ႕ရပါတယ္။ ေကာ္တီေဇာေဟာ္မုန္း ဆိုတာ စိတ္ဖိစီးမႈေတြ ျဖစ္ေစတဲ့ ေဟာ္မုန္းကို ဆိုလိုတာပါ ။

အဲဒါေၾကာင့္ တစ္ေယာက္တည္း သမားေတြထပ္ လက္ထပ္ၿပီးသူေတြက ပိုေပ်ာ္႐ႊင္ၿပီး စိတ္ဖိစီးမႈ ပိုနည္းပါတယ္။ ေကာ္တီေဇာေဟာ္မုန္းက တစ္ရက္အတြင္းမွာပဲ အတက္အက် ရွိပါတယ္။ ေကာ္တီေဇာေဟာ္မုန္း level အျမင့္ဆုံး အခ်ိန္က အိပ္ရာထကာစ အခ်ိန္ျဖစ္ၿပီး ေနာက္ပိုင္း မွာေတာ့ တျဖည္းျဖည္း ေလ်ာ့သြား ပါတယ္။ လက္ထပ္ၿပီးသူေတြမွာ ေကာ္တီေဇာေဟာ္မုန္းက်တာ ပိုျမန္ေၾကာင္းကိုလည္း ေတြ႕ရျပန္ပါတယ္။

စိတ္ဖိစီးမႈဆိုတာ ဘာမွေကာင္းက်ိဳး မေပးပါဘူး။ ေကာ္တီေဇာ ေဟာ္မုန္း level ျမင့္လာတဲ့ အခါ ႏွလုံးေရာဂါနဲ႔ ကင္ဆာေရာဂါေတြ အထိ ျဖစ္ႏိုင္ ပါတယ္။ အဲဒါေၾကာင့္ လက္ထပ္ျခင္းက စိတ္ဖိစီးမႈေတြကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခု ျဖစ္လာႏိုင္ ပါတယ္။ ဒါေပမယ့္ လက္ထပ္မယ့္သူက ကိုယ့္ကို စိတ္ဖိစီးမႈ မေပးမယ့္သူ ျဖစ္ဖို႔ေတာ့ လိုပါတယ္။ စိတ္ညစ္စရာေတြ ေပးမယ့္သူကို လက္ထပ္မယ့္အစား တစ္ေယာက္တည္း ေနတာက ပိုေကာင္းပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments