အထူးဆန်းဆုံး လက်ထပ်ခွင့်တောင်းပုံ (၁၀) ခု

လက်ထပ်ခွင့်တောင်းတဲ့အချိန်ဆိုတာ ချစ်သူဘဝရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တွေထဲက တစ်ချိန်ဖြစ်ပါတယ်။ တချို့က ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးတွေနဲ့ပျော်စရာတွေ ပေါင်းစပ်ပြီး လက်ထပ်ခွင့် တောင်းတတ်ကြပါတယ်။

10. တက်တူးဖြင့် လက်ထပ်ခွင့်တောင်းခြင်း

Vinnie Capaldo Smith က သူ့ခြေထောက်မှာ တက်တူးထိုးပေးဖို့ သူ့ကောင်မလေး Brooke Wodork ကို တောင်းဆိုခဲ့ပါတယ်။ Brooke က တက်တူးထိုးဖို့ စတင်လိုက်တဲ့ အချိန်မှာတော့ "ကိုယ့်ကို လက်ထပ်နိုင်မလား" ဆိုတဲ့ စာတန်းပါတဲ့ ပုံလေးနဲ့အတူ အဖြေနှစ်ခုကို တွေ့လိုက်ပါတယ်။ Vannie ကံကောင်းပါတယ်။ Brookeက ဝမ်းမြောက်ဝမ်းသာစွာပဲ "Yes" ဆိုတဲ့အကွက်မှာ ကြက်ခြေခတ်လေး ထိုးပေးပြီး လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။

9. လင်းပိုင်အဖြူဖြင့် လက်ထပ်ခွင့်တောင်းခြင်း

Chigaco က ကောင်လေးတစ်ယောက်က လက်ထပ်ခွင့်တောင်းဖို့ကို ထူးထူးခြားခြားစီစဉ်ခဲ့ပါတယ်။ ကန်ထဲက အဖြူရောင်လင်းပိုင်တစ်ကောင်က "ကိုယ့်ကို လက်ထပ်နိုင်မလား" ဆိုတဲ့စာပါတဲ့ ဘူးလေးကို ယူလာပေးပါတယ်။ သူ့ကောင်မလေးကို လက်ထပ်လက်စွပ်ပေးပြီး ကောင်မလေးဆီက လက်ခံတဲ့အဖြေကို ရခဲ့ပါတယ်။

8. ရေခဲမုန့်ဖြင့် လက်ထပ်ခွင့်တောင်းခြင်း

Lum Munsterteiger က သူ့အချစ်လေးအတွက် အထူးရေခဲမုန့်ကို လက်ထပ်ခွင့် တောင်းဖို့အတွက် မှာယူခဲ့ပါတယ်။ ရေခဲမုန့်ဘူးပေါ်မှာ သူတို့နှစ်ယောက် အပြန်အလှန်ပို့ကြတဲ့ emoji လေးတွေနဲ့ "ကိုယ့်ကိုလက်ထပ်နိုင်မလား" ဆိုတဲ့ စာလေးပါပါတယ်။ နောက်မှ စူပါမားကတ်တစ်ခုမှာ သူမအတွက် ရည်ရွယ်ပြီး မှာထားတဲ့ ရေခဲမုန့်တွေကို မထင်မှတ်ဘဲ တွေ့သွားပါတယ်။

7. Harry Potter ဇာတ်ကားဖြင့် လက်ထပ်ခွင့်တောင်းခြင်း

သူကတော့ Harry Potter ဇာတ်ကားကို အခြေခံပြီး လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူရဲ့ရည်းစား ကတော့ Harry Potter ရဲ့ ဖန်အကြီးစားပါ။ " သူက နှာခေါင်းစည်းကို ချွတ်လိုက်ပြီး သူရဲ့ဇနီးအဖြစ် နေပေးနိုင်မလား" လို့မေးတယ်။ ကျွန်မလည်း "နေပေးနိုင်တယ်" ဆိုပြီး အကျယ်ကြီး ဖြေလိုက်တယ်" လို့ ပြောပါတယ်။

6. ကာတွန်းစာအုပ်ဖြင့် လက်ထပ်ခွင့်တောင်းခြင်း

American Paul Phillips ဟာ သူ့ကောင်မလေး Erika Ramos နဲ့ သူရဲ့ အချစ်ဇာတ်လမ်းလေးကို ဖော်ကျူးထားတဲ့ ကာတွန်းစာအုပ်လေးကို မှာယူခဲ့ပါတယ်။ Paul က သတို့သမီးလောင်းလေးကို သူ့ရဲ့ ကာတွန်းစာအုပ်လေးဖွက်ထားတဲ့ စာကြည့်တိုက်ဆီ ခေါ်လာခဲ့ပါတယ်။ Erika က ကာတွန်းစာအုပ်လေးကိုမြင်ပြီး အံ့အားသင့်သွားပါတယ်။ အဲဒီနောက်မှာတော့ Paul ရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။

5. တယ်လီစကုပ်ဖြင့် လက်ထပ်ခွင့်တောင်းခြင်း

သူတို့ရဲ့လက်ထပ်ပွဲကို ကြယ်တွေကိုယ်တိုင် ဟောကိန်းထုတ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ သူကတော့ လမင်းကြီးဆီကနေ အကူအညီ နည်းနည်းယူခဲ့ပါတယ်။ " ကိုယ့်ကို လက်ထပ်နိုင်မလား" ဆိုတဲ့ စာပါတဲ့ တယ်လီစကုပ်အတွက် မှန်ဘီလူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ သူ့ကောင်မလေးကို လကိုကြည့်လိုက်ဖို့ ပြောလိုက်ပါတယ်။

4. ဂိမ်းဆော့ပြီး လက်ထပ်ခွင့်တောင်းခြင်း

ဒီပုံထဲက အမျိုးသမီးကတော့ လက်ထပ်ခွင့်အတောင်းခံရပုံက ထူးခြားပါတယ်။" ကိုယ့်ကို လက်ထပ်ပါ" ဆိုတဲ့ ပုံလေးကို သူမကိုယ်တိုင် ဆွဲပေးရမှာပါ။ သူမရဲ့ ချစ်သူက ဒူးထောက်ပြီး လက်စွပ်ကို အိတ်ထဲက ထုတ်ပြမှ ဂိမ်းဆော့နေတာမဟုတ်ဘဲ လက်ထပ်ခွင့်တောင်းနေတာဖြစ်ကြောင်း သိသွားပါတယ်။

3. Starbucks ကော်ဖီဆိုင်တွင် လက်ထပ်ခွင့်တောင်းခြင်း

Austin Mann နဲ့ Rather Havenတို့နှစ်ယောက်လုံးက ခဏခဏခရီးထွက်နေရတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ခက်ခဲပါတယ်။ ခရီးထွက်ခါနီးဆိုရင် တစ်ယောက်ကိုတစ်ယောက် အားတက်စေဖို့ လေဆိပ်က Starbucks ကော်ဖီဆိုင်မှာ စာတိုလေးတွေ တစ်ယောက်တစ်လှည့်စီ ချန်ထားတတ်ကြပါတယ်။ Amsterdam လေဆိပ်မှာ Esther တွေ့လိုက်ရတာကတော့ လက်ထပ်ခွင့်တောင်းတဲ့ စာလေးပါ။

2. GPS Tracker ဖြင့် လက်ထပ်ခွင့်တောင်းခြင်း

GPSမှာ "ကိုယ့်ကို လက်ထပ်နိုင်မလား" ဆိုတဲ့ စာသားပေါ်ဖို့အတွက် အပြေးဝါသနာပါသူ Ben Chudly က ကီလိုမီတာပေါင်းများစွာကို ပြေးခဲ့ပါတယ် ။ Ben က screenshot ကို သူ့ကောင်မလေး Olivia ကို ပြပြီး လက်ထပ်လက်စွပ်ကိုပါ ပေးခဲ့ပါတယ်။

1. အကဖြင့် လက်ထပ်ခွင့်တောင်းခြင်း

ချစ်သူနှစ်ယောက်လုံးက ဝါသနာတူတာ ထူးခြားပါတယ်။ Phil Wright က ဒီဝါသနာကိုသုံးပြီး သူ့ကောင်မလေး Ashley နဲ့ အတူတူတွဲကနေတဲ့ အချိန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ မယုံနိုင်လောက်အောင် ထူးခြားတဲ့ လက်ထပ်ခွင့်တောင်းခြင်းပါပဲ။

Zombie (Lovemedia)

Ref - brightside

For Zawgyi

အထူးဆန္းဆုံး လက္ထပ္ခြင့္ေတာင္းပုံ (၁၀) ခု

လက္ထပ္ခြင့္ေတာင္းတဲ့အခ်ိန္ဆိုတာ ခ်စ္သူဘဝရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆုံးအခ်ိန္ေတြထဲက တစ္ခ်ိန္ျဖစ္ပါတယ္။ တခ်ိဳ႕က ႀကီးက်ယ္ခမ္းနားတဲ့ စိတ္ကူးေတြနဲ႔ေပ်ာ္စရာေတြ ေပါင္းစပ္ၿပီး လက္ထပ္ခြင့္ ေတာင္းတတ္ၾကပါတယ္။

10. တက္တူးျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

Vinnie Capaldo Smith က သူ႔ေျခေထာက္မွာ တက္တူးထိုးေပးဖို႔ သူ႔ေကာင္မေလး Brooke Wodork ကို ေတာင္းဆိုခဲ့ပါတယ္။ Brooke က တက္တူးထိုးဖို႔ စတင္လိုက္တဲ့ အခ်ိန္မွာေတာ့ "ကိုယ့္ကို လက္ထပ္ႏိုင္မလား" ဆိုတဲ့ စာတန္းပါတဲ့ ပုံေလးနဲ႔အတူ အေျဖႏွစ္ခုကို ေတြ႕လိုက္ပါတယ္။ Vannie ကံေကာင္းပါတယ္။ Brookeက ဝမ္းေျမာက္ဝမ္းသာစြာပဲ "Yes" ဆိုတဲ့အကြက္မွာ ၾကက္ေျခခတ္ေလး ထိုးေပးၿပီး လက္ထပ္ခြင့္ကို လက္ခံခဲ့ပါတယ္။

9. လင္းပိုင္အျဖဴျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

Chigaco က ေကာင္ေလးတစ္ေယာက္က လက္ထပ္ခြင့္ေတာင္းဖို႔ကို ထူးထူးျခားျခားစီစဥ္ခဲ့ပါတယ္။ ကန္ထဲက အျဖဴေရာင္လင္းပိုင္တစ္ေကာင္က "ကိုယ့္ကို လက္ထပ္ႏိုင္မလား" ဆိုတဲ့စာပါတဲ့ ဘူးေလးကို ယူလာေပးပါတယ္။ သူ႔ေကာင္မေလးကို လက္ထပ္လက္စြပ္ေပးၿပီး ေကာင္မေလးဆီက လက္ခံတဲ့အေျဖကို ရခဲ့ပါတယ္။

8. ေရခဲမုန႔္ျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

Lum Munsterteiger က သူ႔အခ်စ္ေလးအတြက္ အထူးေရခဲမုန႔္ကို လက္ထပ္ခြင့္ ေတာင္းဖို႔အတြက္ မွာယူခဲ့ပါတယ္။ ေရခဲမုန႔္ဘူးေပၚမွာ သူတို႔ႏွစ္ေယာက္ အျပန္အလွန္ပို႔ၾကတဲ့ emoji ေလးေတြနဲ႔ "ကိုယ့္ကိုလက္ထပ္ႏိုင္မလား" ဆိုတဲ့ စာေလးပါပါတယ္။ ေနာက္မွ စူပါမားကတ္တစ္ခုမွာ သူမအတြက္ ရည္႐ြယ္ၿပီး မွာထားတဲ့ ေရခဲမုန႔္ေတြကို မထင္မွတ္ဘဲ ေတြ႕သြားပါတယ္။

7. Harry Potter ဇာတ္ကားျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

သူကေတာ့ Harry Potter ဇာတ္ကားကို အေျခခံၿပီး လက္ထပ္ခြင့္ေတာင္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သူရဲ႕ရည္းစား ကေတာ့ Harry Potter ရဲ႕ ဖန္အႀကီးစားပါ။ " သူက ႏွာေခါင္းစည္းကို ခြၽတ္လိုက္ၿပီး သူရဲ႕ဇနီးအျဖစ္ ေနေပးႏိုင္မလား" လို႔ေမးတယ္။ ကြၽန္မလည္း "ေနေပးႏိုင္တယ္" ဆိုၿပီး အက်ယ္ႀကီး ေျဖလိုက္တယ္" လို႔ ေျပာပါတယ္။

6. ကာတြန္းစာအုပ္ျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

American Paul Phillips ဟာ သူ႔ေကာင္မေလး Erika Ramos နဲ႔ သူရဲ႕ အခ်စ္ဇာတ္လမ္းေလးကို ေဖာ္က်ဴးထားတဲ့ ကာတြန္းစာအုပ္ေလးကို မွာယူခဲ့ပါတယ္။ Paul က သတို႔သမီးေလာင္းေလးကို သူ႔ရဲ႕ ကာတြန္းစာအုပ္ေလးဖြက္ထားတဲ့ စာၾကည့္တိုက္ဆီ ေခၚလာခဲ့ပါတယ္။ Erika က ကာတြန္းစာအုပ္ေလးကိုျမင္ၿပီး အံ့အားသင့္သြားပါတယ္။ အဲဒီေနာက္မွာေတာ့ Paul ရဲ႕ လက္ထပ္ခြင့္ကို လက္ခံခဲ့ပါတယ္။

5. တယ္လီစကုပ္ျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

သူတို႔ရဲ႕လက္ထပ္ပြဲကို ၾကယ္ေတြကိုယ္တိုင္ ေဟာကိန္းထုတ္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ သူကေတာ့ လမင္းႀကီးဆီကေန အကူအညီ နည္းနည္းယူခဲ့ပါတယ္။ " ကိုယ့္ကို လက္ထပ္ႏိုင္မလား" ဆိုတဲ့ စာပါတဲ့ တယ္လီစကုပ္အတြက္ မွန္ဘီလူးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ၿပီးေတာ့ သူ႔ေကာင္မေလးကို လကိုၾကည့္လိုက္ဖို႔ ေျပာလိုက္ပါတယ္။

4. ဂိမ္းေဆာ့ၿပီး လက္ထပ္ခြင့္ေတာင္းျခင္း

ဒီပုံထဲက အမ်ိဳးသမီးကေတာ့ လက္ထပ္ခြင့္အေတာင္းခံရပုံက ထူးျခားပါတယ္။" ကိုယ့္ကို လက္ထပ္ပါ" ဆိုတဲ့ ပုံေလးကို သူမကိုယ္တိုင္ ဆြဲေပးရမွာပါ။ သူမရဲ႕ ခ်စ္သူက ဒူးေထာက္ၿပီး လက္စြပ္ကို အိတ္ထဲက ထုတ္ျပမွ ဂိမ္းေဆာ့ေနတာမဟုတ္ဘဲ လက္ထပ္ခြင့္ေတာင္းေနတာျဖစ္ေၾကာင္း သိသြားပါတယ္။

3. Starbucks ေကာ္ဖီဆိုင္တြင္ လက္ထပ္ခြင့္ေတာင္းျခင္း

Austin Mann နဲ႔ Rather Havenတို႔ႏွစ္ေယာက္လုံးက ခဏခဏခရီးထြက္ေနရတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆုံဖို႔ခက္ခဲပါတယ္။ ခရီးထြက္ခါနီးဆိုရင္ တစ္ေယာက္ကိုတစ္ေယာက္ အားတက္ေစဖို႔ ေလဆိပ္က Starbucks ေကာ္ဖီဆိုင္မွာ စာတိုေလးေတြ တစ္ေယာက္တစ္လွည့္စီ ခ်န္ထားတတ္ၾကပါတယ္။ Amsterdam ေလဆိပ္မွာ Esther ေတြ႕လိုက္ရတာကေတာ့ လက္ထပ္ခြင့္ေတာင္းတဲ့ စာေလးပါ။

2. GPS Tracker ျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

GPSမွာ "ကိုယ့္ကို လက္ထပ္ႏိုင္မလား" ဆိုတဲ့ စာသားေပၚဖို႔အတြက္ အေျပးဝါသနာပါသူ Ben Chudly က ကီလိုမီတာေပါင္းမ်ားစြာကို ေျပးခဲ့ပါတယ္ ။ Ben က screenshot ကို သူ႔ေကာင္မေလး Olivia ကို ျပၿပီး လက္ထပ္လက္စြပ္ကိုပါ ေပးခဲ့ပါတယ္။

1. အကျဖင့္ လက္ထပ္ခြင့္ေတာင္းျခင္း

ခ်စ္သူႏွစ္ေယာက္လုံးက ဝါသနာတူတာ ထူးျခားပါတယ္။ Phil Wright က ဒီဝါသနာကိုသုံးၿပီး သူ႔ေကာင္မေလး Ashley နဲ႔ အတူတူတြဲကေနတဲ့ အခ်ိန္မွာ လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ မယုံႏိုင္ေလာက္ေအာင္ ထူးျခားတဲ့ လက္ထပ္ခြင့္ေတာင္းျခင္းပါပဲ။

Zombie (Lovemedia)

Ref - brightside

Post a Comment

0 Comments