ဒီနေ့ခေတ်မှာ အမျိုးသားတွေ ဘာလို့ မိတ်ကပ်တွေ လိမ်းလာကြတာလဲ

ဒီနေ့ခေတ်မှာ skin moistuizer နဲ့ နှုတ်ခမ်းနီကစလို့ အရောင်တောက်တောက် eye shadow၊ မျက်တောင်တုတွေအထိ အလှအပပစ္စည်းပေါင်းများစွာကို အမျိုးသားတွေ အသုံးပြုလာကြပါပြီ။ အမျိုးသားတွေက အလှအပမိတ်ကပ်ပစ္စည်းတွေကို red carpet မှာတင် သုံးကြတာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာပါ မိတ်ကပ်ကို ထည့်သွင်းလာကြပါပြီ။

တကယ်တော့ အမျိုးသားတွေ မိတ်ကပ်လိမ်းတယ် ဆိုတာ ၂၁ ရာစုရောက်မှ တီထွင်ပြီး လိမ်းကြတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမျိုးသားတွေက မိတ်ကပ်လိမ်းခဲ့ကြပါတယ်။ အီဂျစ်က ဖာရိုဘုရင် Tutankhamun ရဲ့ရုပ်တုမှာ မျက်ခုံးမွှေးနဲ့ eye liner ကို အထူကြီး၊ အရှည်ကြီးဆွဲထားကို တွေ့ရမှာပါ။

ဟိုးရှေးရှေး အီဂျစ်နိုင်ငံမှာ အမျိုးသားတွေက သဲကန္တာရက အပူနဲ့နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် အသားအရေကို အဆီတွေ လိမ်းခဲ့ကြပါတယ်။ အထက်တန်းလွှာ အမျိုးသားတွေက eye liner တွေ ဆိုးပါတယ်။ အီဂျစ်က သိမ်းပိုက်ထားတဲ့ ရောမက အမျိုးသားတွေကိုလည်း မိတ်ကပ်လိမ်းဖို့ ရောမတွေက တိုက်တွန်းပါတယ်။ ရောမက အမျိုးသားတွေက အရောင်တောက်တဲ့ မိတ်ကပ်တွေကို မလိမ်းကြပါဘူး။ အနံ့မပြင်းတဲ့ရေမွှေးတွေကို သုံးကြပါတယ်။

ခန္ဓါကိုယ်က အမွေးအမျှင်တွေကို ဖယ်ရှားပြီးတစ်ခါတရံမှာ မျက်နှာကို ဖြူဖွေးစေတဲ့ပစ္စည်းတွေ သုံးပါတယ်။ အယ်လိဇဘက် ၁ ဘုရင်မကြီးလက်ထက်တုန်းက အမျိုးသားတွေက မျက်နှာကို ပေါင်ဒါပုတ်ပါတယ်။ ၁၇ ရာစုတုန်းက ဂျပန်နိုင်ငံမှာ Kabuki ပြဇာတ်က အမျိုးသားတွေဟာ ထင်းကနဲမြင်သာစေတဲ့ အနီရောင်တောက်တောက်မိတ်ကပ်၊ ဆန်မှုန်တွေနဲ့ ဖန်တီးထားတဲ့ မိတ်ကပ်တွေကို အသုံးပြုခဲ့ကြပါတယ်။

ဟောလိဝုဒ်ခေတ်ကို ရောက်တဲ့အခါ အမျိုးသားလိမ်းမိတ်ကပ်တွေက ပိတ်ကားပေါ် ရောက်လာပါတော့တယ်။အခုဆိုရင် အဆိုတော်တွေ၊ ဂီတပညာရှင်တွေ၊ မင်းသားတွေလည်း အများအမြင်ကို ဖမ်းစားနိုင်တဲ့ မိတ်ကပ်အရောင်တွေကို လိမ်းလာကြပါပြီ။ အမျိုးသားတွေက မိတ်ကပ်ပစ္စည်းတွေကို တစ်နေ့ထက်တစ်နေ့ ပိုပိုသုံးလာတာကိုလည်း မြင်တွေ့နေရပါပြီ။

အမျိုးသားသုံး မိတ်ကပ်ပစ္စည်းတွေကလည်း ဈေးကွက်မှာ ပေါ်လာပါပြီ။

အရင်ခေတ်တွေတုန်းက အမျိုးသားသုံးမိတ်ကပ်ပစ္စည်းတွေက ရှားပါတယ်။ အခုဆိုရင် ကုမ္ပဏီတွေက အမျိုးသားသုံးမိတ်ကပ်တွေကို စတိုးဆိုင်တွေမှာ၊ ကောင်တာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချလာကြပါပြီ။ အမျိုးသမီးသုံး မိတ်ကပ်တွေကို အမျိုးသားတွေ သုံးခဲ့ရတာဟာ သူတို့အတွက် အဆင်မပြေခဲ့ပါဘူး။ အခုတော့ အဲဒီပြဿနာက တဖြည်းဖြည်း ပြေလည်လာပါပြီ။

မိတ်ကပ်လုပ်ငန်းအတွက် အမျိုးသားမိတ်ကပ် သုံးစွဲတဲ့ပမာဏက ကြီးမားလာပါပြီ။ အဲဒါကြောင့် အနာဂါတ်မှာ အမျိုးသားတွေကို ဦးစားပေး ထုတ်လုပ်လာမယ့် မိတ်ကပ်ပစ္စည်းတွေ၊ ကျားမ မရွေးသုံးနိုင်မယ့် မိတ်ကပ်ပစ္စည်းတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်နေကြပါတယ်။ နာမည်ကြီး brand တွေက အမျိုးသားတွေအတွက် ထုတ်လုပ်ပေးနေပါပြီ။ Chanel က ထုတ်တဲ့ The Boy De Chanel collection မှာ အမျိုးသားတွေအတွက် skincare၊ moisturizer၊ foundation၊ concealer၊ eye pencils၊ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေးတွေ ပါဝင်ပါတယ်။

အခုနောက်ပိုင်းမှာ အမျိုးသားတွေအတွက် မိတ်ကပ် influencers တွေလည်း များသထက်များလာပါပြီ။ အမျိုးသားတွေ မိတ်ကပ်ကို ရဲရဲကြီးသုံးနိုင်ဖို့အတွက် influencersတွေလည်း လိုအပ်ပါတယ်။ Manny Gutierrez, Jake-Jamie,Gabriel Zamora,James Charles တို့က ထင်ရှားတဲ့ မိတ်ကပ်ပညာရှင်တွေပါပဲ။ သူတို့က မိတ်ကပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို မျှဝေပေးနေပါတယ်။

သူတို့ရဲ့ post တွေ၊ video tutorial တွေကနေ အမျိုးသား အမျိုးသမီးတွေအတွက် မိတ်ကပ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ရစေတာကြောင့် မိတ်ကပ်လိမ်းသူတွေကလည်း ပိုပြီး ယုံကြည်မှု ရှိလာပါတယ်။ အမျိုးသားတွေအနေနဲ့ မိတ်ကပ်လိမ်းရတာကိုလည်း ရှက်ကြောက်စိတ်တွေ နည်းပါးသွားစေပါတယ်။

အလှအပ အကြောင်းအရာတွေကို မျှဝေပေးနေတဲ့ မိတ်ကပ်ပညာရှင်တွေကိုလည်း အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်နော်။

1. Jake-Jamie

2. Manny Gutierrez

3. Bretman Rock

4. Alex Faction

5. Jack Emory

6. Gabriel Zamora

Zombie (Lovemedia)

For Zawgyi

ဒီေန႔ေခတ္မွာ အမ်ိဳးသားေတြက ဘာလို႔ မိတ္ကပ္ေတြ လိမ္းလာၾကတာလဲ

ဒီေန႔ေခတ္မွာ skin moistuizer နဲ႔ ႏႈတ္ခမ္းနီကစလို႔ အေရာင္ေတာက္ေတာက္ eye shadow၊ မ်က္ေတာင္တုေတြအထိ အလွအပပစၥည္းေပါင္းမ်ားစြာကို အမ်ိဳးသားေတြ အသုံးျပဳလာၾကပါၿပီ။ အမ်ိဳးသားေတြက အလွအပမိတ္ကပ္ပစၥည္းေတြကို red carpet မွာတင္ သုံးၾကတာမဟုတ္ပါဘူး။ ေန႔စဥ္ဘဝမွာပါ မိတ္ကပ္ကို ထည့္သြင္းလာၾကပါၿပီ။

တကယ္ေတာ့ အမ်ိဳးသားေတြ မိတ္ကပ္လိမ္းတယ္ ဆိုတာ ၂၁ ရာစုေရာက္မွ တီထြင္ၿပီး လိမ္းၾကတာ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက အမ်ိဳးသားေတြက မိတ္ကပ္လိမ္းခဲ့ၾကပါတယ္။ အီဂ်စ္က ဖာ႐ိုဘုရင္ Tutankhamun ရဲ႕႐ုပ္တုမွာ မ်က္ခုံးေမႊးနဲ႔ eye liner ကို အထူႀကီး၊ အရွည္ႀကီးဆြဲထားကို ေတြ႕ရမွာပါ။

ဟိုးေရွးေရွး အီဂ်စ္ႏိုင္ငံမွာ အမ်ိဳးသားေတြက သဲကႏၲာရက အပူနဲ႔ေနေရာင္ျခည္ကို ကာကြယ္ဖို႔အတြက္ အသားအေရကို အဆီေတြ လိမ္းခဲ့ၾကပါတယ္။ အထက္တန္းလႊာ အမ်ိဳးသားေတြက eye liner ေတြ ဆိုးပါတယ္။ အီဂ်စ္က သိမ္းပိုက္ထားတဲ့ ေရာမက အမ်ိဳးသားေတြကိုလည္း မိတ္ကပ္လိမ္းဖို႔ ေရာမေတြက တိုက္တြန္းပါတယ္။ ေရာမက အမ်ိဳးသားေတြက အေရာင္ေတာက္တဲ့ မိတ္ကပ္ေတြကို မလိမ္းၾကပါဘူး။ အနံ႔မျပင္းတဲ့ေရေမႊးေတြကို သုံးၾကပါတယ္။

ခႏၶါကိုယ္က အေမြးအမွ်င္ေတြကို ဖယ္ရွားၿပီးတစ္ခါတရံမွာ မ်က္ႏွာကို ျဖဴေဖြးေစတဲ့ပစၥည္းေတြ သုံးပါတယ္။ အယ္လိဇဘက္ ၁ ဘုရင္မႀကီးလက္ထက္တုန္းက အမ်ိဳးသားေတြက မ်က္ႏွာကို ေပါင္ဒါပုတ္ပါတယ္။ ၁၇ ရာစုတုန္းက ဂ်ပန္ႏိုင္ငံမွာ Kabuki ျပဇာတ္က အမ်ိဳးသားေတြဟာ ထင္းကနဲျမင္သာေစတဲ့ အနီေရာင္ေတာက္ေတာက္မိတ္ကပ္၊ ဆန္မႈန္ေတြနဲ႔ ဖန္တီးထားတဲ့ မိတ္ကပ္ေတြကို အသုံးျပဳခဲ့ၾကပါတယ္။

ေဟာလိဝုဒ္ေခတ္ကို ေရာက္တဲ့အခါ အမ်ိဳးသားလိမ္းမိတ္ကပ္ေတြက ပိတ္ကားေပၚ ေရာက္လာပါေတာ့တယ္။အခုဆိုရင္ အဆိုေတာ္ေတြ၊ ဂီတပညာရွင္ေတြ၊ မင္းသားေတြလည္း အမ်ားအျမင္ကို ဖမ္းစားႏိုင္တဲ့ မိတ္ကပ္အေရာင္ေတြကို လိမ္းလာၾကပါၿပီ။ အမ်ိဳးသားေတြက မိတ္ကပ္ပစၥည္းေတြကို တစ္ေန႔ထက္တစ္ေန႔ ပိုပိုသုံးလာတာကိုလည္း ျမင္ေတြ႕ေနရပါၿပီ။

အမ်ိဳးသားသုံး မိတ္ကပ္ပစၥည္းေတြကလည္း ေဈးကြက္မွာ ေပၚလာပါၿပီ။

အရင္ေခတ္ေတြတုန္းက အမ်ိဳးသားသုံးမိတ္ကပ္ပစၥည္းေတြက ရွားပါတယ္။ အခုဆိုရင္ ကုမၸဏီေတြက အမ်ိဳးသားသုံးမိတ္ကပ္ေတြကို စတိုးဆိုင္ေတြမွာ၊ ေကာင္တာေတြမွာ က်ယ္က်ယ္ျပန႔္ျပန႔္ေရာင္းခ်လာၾကပါၿပီ။ အမ်ိဳးသမီးသုံး မိတ္ကပ္ေတြကို အမ်ိဳးသားေတြ သုံးခဲ့ရတာဟာ သူတို႔အတြက္ အဆင္မေျပခဲ့ပါဘူး။ အခုေတာ့ အဲဒီျပႆနာက တျဖည္းျဖည္း ေျပလည္လာပါၿပီ။

မိတ္ကပ္လုပ္ငန္းအတြက္ အမ်ိဳးသားမိတ္ကပ္ သုံးစြဲတဲ့ပမာဏက ႀကီးမားလာပါၿပီ။ အဲဒါေၾကာင့္ အနာဂါတ္မွာ အမ်ိဳးသားေတြကို ဦးစားေပး ထုတ္လုပ္လာမယ့္ မိတ္ကပ္ပစၥည္းေတြ၊ က်ားမ မေ႐ြးသုံးႏိုင္မယ့္ မိတ္ကပ္ပစၥည္းေတြ ေပၚထြက္လာမယ္လို႔ ယုံၾကည္ေနၾကပါတယ္။ နာမည္ႀကီး brand ေတြက အမ်ိဳးသားေတြအတြက္ ထုတ္လုပ္ေပးေနပါၿပီ။ Chanel က ထုတ္တဲ့ The Boy De Chanel collection မွာ အမ်ိဳးသားေတြအတြက္ skincare၊ moisturizer၊ foundation၊ concealer၊ eye pencils၊ ႏႈတ္ခမ္းနီ၊ လက္သည္းဆိုးေဆးေတြ ပါဝင္ပါတယ္။

အခုေနာက္ပိုင္းမွာ အမ်ိဳးသားေတြအတြက္ မိတ္ကပ္ influencers ေတြလည္း မ်ားသထက္မ်ားလာပါၿပီ။ အမ်ိဳးသားေတြ မိတ္ကပ္ကို ရဲရဲႀကီးသုံးႏိုင္ဖို႔အတြက္ influencersေတြလည္း လိုအပ္ပါတယ္။ Manny Gutierrez, Jake-Jamie,Gabriel Zamora,James Charles တို႔က ထင္ရွားတဲ့ မိတ္ကပ္ပညာရွင္ေတြပါပဲ။ သူတို႔က မိတ္ကပ္နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြကို မွ်ေဝေပးေနပါတယ္။

သူတို႔ရဲ႕ post ေတြ၊ video tutorial ေတြကေန အမ်ိဳးသား အမ်ိဳးသမီးေတြအတြက္ မိတ္ကပ္နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြကို ရေစတာေၾကာင့္ မိတ္ကပ္လိမ္းသူေတြကလည္း ပိုၿပီး ယုံၾကည္မႈရွိလာပါတယ္။ အမ်ိဳးသားေတြအေနနဲ႔ မိတ္ကပ္လိမ္းရတာကိုလည္း ရွက္ေၾကာက္စိတ္ေတြ နည္းပါးသြားေစပါတယ္။

အလွအပ အေၾကာင္းအရာေတြကို မွ်ေဝေပးေနတဲ့ မိတ္ကပ္ပညာရွင္ေတြကိုလည္း အနည္းငယ္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

1. Jake-Jamie

2. Manny Gutierrez

3. Bretman Rock

4. Alex Faction

5. Jack Emory

6. Gabriel Zamora

Zombie (Lovemedia)

Post a Comment

0 Comments