သင့်ကို လက်ထပ်မယ့် ယောကျ်ားတစ်ယောက်မှာ ရှိတတ်တဲ့လက္ခဏာ (10) ခု

လောကမှာ ပြီးပြည့်စုံတဲ့လူ ဆိုတာ မရှိပါဘူး။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားတဲ့အခါ အားနည်းချက်တွေကို နားလည်လက်ခံပြီးသား ဖြစ်သွားပါတယ်။ အချိန်ကြာကြာ တွဲနေပေမယ့် အဲဒီလူက ကိုယ့်ကို တကယ် လက်ထပ်မယ့်လူလား ဆိုတာ သေချာသိဖို့ လိုလာပါပြီ။ သင့်ကို တကယ်လက်ထပ်မယ့် ယောကျ်ားတစ်ယောက်မှာ ဒီလို လက္ခဏာတွေ ရှိတတ်ပါတယ်။

၁။ အခက်အခဲများကို မကြောက်ရွံ့ခြင်း

တကယ်ချစ်တဲ့သူက စကားလုံးလှလှလေးတွေကို ပြောတတ်ချင်မှ ပြောတတ်ပါလိမ့်မယ်။ ဒါပေမယ့် အလုပ်နဲ့သက်သေပြတတ်သူပါ။ ခက်ခဲတဲ့အခြေအနေမှာ သင့်ဘေးမှာ အမြဲရှိပြီး အားပေးနေသူက သင့်ကို တကယ်ချစ်တဲ့သူပါ။

၂။ ကူညီတတ်ခြင်း

သင့်ကို တကယ်မချစ်တဲ့သူက သူနဲ့မဆိုင်သလို နေနေမှာပါ။ တကယ်ချစ်တဲ့သူ ဆိုရင်တော့ သူ့အလုပ်ကိုယ့်အလုပ် မခွဲခြားဘဲ လုပ်ကူပေးမှာပါ။

၃။ ခွင့်လွှတ်တတ်ခြင်း

လူတိုင်းအမှားနဲ့ မကင်းပါဘူး။ အမှားတွေကြုံလာရတဲ့အခါ သင့်ကို အမြဲအားပေးတဲ့သူ၊ အမှားတွေကို ခွင့်လွှတ်နားလည်ပေးသူက သင့်ကို တကယ်လက်ထပ်ချင်သူပါ။

၄။ အသေးစိတ်ဂရုစိုက်ခြင်း

သင်နဲ့စတွေ့တုန်းက အင်္ကျီဘာအရောင် ဝတ်ထားတယ်ကအစ ဂရုတစိုက် မှတ်မိတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သင်မကြိုက်တတ်တဲ့အရာတွေ၊ သင်ကိုယ်တိုင်တောင် တစ်ခါတရံ မေ့နေတတ်တာတွေကို သူက မှတ်မိနေတတ်ပါတယ်။ ကော်ဖီသောက်ရင်တောင် သကြားဘယ်လောက် ထည့်တတ်လဲ ဆိုတာအစ ဂရုတစိုက် ရှိနေသူကို လက်မလွှတ်သင့်ပါဘူး။

၅။ ပါးနပ်ခြင်း

ပြဿနာတွေ ကြုံလာရတဲ့အခါ ပါးနပ်စွာ ဖြေရှင်းနိုင်တာကလည်း အရည်အချင်းတစ်ရပ်ပါပဲ။ ပါးနပ်သူက မျက်နှာရိပ် မျက်နှာကဲအစ သတိထားမိတတ်ပါတယ်။ သင့်ရဲ့လုပ်ငန်းခွင်မှာ အဆင်မပြေတဲ့အခါ ဘယ်လောက်ပြုမူနေထိုင်သင့်တယ်၊ ဘယ်လိုဖြေရှင်းသင့်တယ် ဆိုတာ အကြံပေးနိုင်သူဆိုရင် ကံကောင်းပါပြီ။

၆။ သင့်ကိုပျော်ရွင်စေမယ့် နည်းလမ်းများကို သိခြင်း

သင်ဝမ်းနည်းနေတဲ့အခါ ပြန်ပြီးပျော်ရွှင်လာအောင် လုပ်ရမယ့် နည်းလမ်းတွေကို သူက အမြဲသိနေပါတယ်။ ဟာသတွေပြောပေးတာ၊ အကြံဉာဏ်တွေပေးတာ၊ ကူညီပေးတာ စတဲ့နည်းလမ်းမျိုးစုံကို သုံးနေပါလိမ့်မယ်။

၇။ ဆွေးနွေးညှိနှိုင်းရမယ့် နည်းလမ်းတွေကို သိခြင်း

သင့်ကိုတကယ် လက်မလွှတ်ချင်သူက ပြဿနာဖြစ်စရာတွေ ကြုံလာတဲ့အခါ လမ်းမခွဲသွားဘဲ ဆွေးနွေးညှိနှိုင်းတတ်ပါတယ်။ တစ်ခုခုရန်ဖြစ်တာနဲ့ ဘာမှမညှိနှိုင်းဘဲ လမ်းခွဲစကားပြောတတ်သူ ဆိုရင်တော့ လှည့်ကြည့်မနေပါနဲ့တော့။

၈။ ဦးစားပေးခြင်း

အခြားအရာတွေနဲ့ ယှဉ်လာတိုင်း သင့်အတွက် အမြဲထည့်တွက်ပြီး ဦးစားပေးသူဟာ တကယ် လက်မလွှတ်သင့်သူပါ။ အဲဒီလိုလူကို သင်ကလည်း ပြန်ပြီးဦးစားပေးဖို့ အရေးကြီးပါတယ်။

၉။ တိုင်ပင်တတ်ခြင်း

တကယ်တမ်း လက်ထပ်ကြတော့မယ်ဆိုရင် အရာရာတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ငါသိငါတတ် လုပ်မယ်ဆိုရင် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင်တောင် သင့်ကို အသိပေး တိုင်ပင်တတ်သူဟာ သင့်ကို တကယ်အလေးထားလို့ပါ။

၁၀။ အိမ်မှုကိစ္စ လုပ်ကူပေးခြင်း

သင့်ကို တန်ဖိုးထားသူက သင့်ကို အိမ်ဖော်တစ်ယောက်လို့ မြင်မှာမဟုတ်ပါဘူး။ အလုပ်ပြီးလို့ ပြန်လာတဲ့အခါ သင်ပင်ပန်းနေတာကို နားလည်ပြီး အတူတူ ဟင်းချက်ကူပေးရင် တကယ်စာနာ နားလည်တတ်သူပါပဲ။

Zombie (Lovemedia)

For Zawgyi

သင့္ကို လက္ထပ္မယ့္ ေယာက်္ားတစ္ေယာက္မွာ ရွိတတ္တဲ့လကၡဏာ (10) ခု

ေလာကမွာ ၿပီးျပည့္စုံတဲ့လူဆိုတာ မရွိပါဘူး။ ဒါေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္မိသြားတဲ့အခါ အားနည္းခ်က္ေတြကို နားလည္လက္ခံၿပီးသား ျဖစ္သြားပါတယ္။ အခ်ိန္ၾကာၾကာ တြဲေနေပမယ့္ အဲဒီလူက ကိုယ့္ကို တကယ္ လက္ထပ္မယ့္လူလား ဆိုတာ ေသခ်ာသိဖို႔ လိုလာပါၿပီ။ သင့္ကို တကယ္လက္ထပ္မယ့္ ေယာက်္ားတစ္ေယာက္မွာ ဒီလို လကၡဏာေတြ ရွိတတ္ပါတယ္။

၁။ အခက္အခဲမ်ားကို မေၾကာက္႐ြံ႕ျခင္း

တကယ္ခ်စ္တဲ့သူက စကားလုံးလွလွေလးေတြကို ေျပာတတ္ခ်င္မွ ေျပာတတ္ပါလိမ့္မယ္။ ဒါေပမယ့္ အလုပ္နဲ႔သက္ေသျပတတ္သူပါ။ ခက္ခဲတဲ့အေျခအေနမွာ သင့္ေဘးမွာ အၿမဲရွိၿပီး အားေပးေနသူက သင့္ကို တကယ္ခ်စ္တဲ့သူပါ။

၂။ ကူညီတတ္ျခင္း

သင့္ကို တကယ္မခ်စ္တဲ့သူက သူနဲ႔မဆိုင္သလို ေနေနမွာပါ။ တကယ္ခ်စ္တဲ့သူ ဆိုရင္ေတာ့ သူ႔အလုပ္ကိုယ့္အလုပ္ မခြဲျခားဘဲ လုပ္ကူေပးမွာပါ။

၃။ ခြင့္လႊတ္တတ္ျခင္း

လူတိုင္းအမွားနဲ႔ မကင္းပါဘူး။ အမွားေတြႀကဳံလာရတဲ့အခါ သင့္ကို အၿမဲအားေပးတဲ့သူ၊ အမွားေတြကို ခြင့္လႊတ္နားလည္ေပးသူက သင့္ကို တကယ္လက္ထပ္ခ်င္သူပါ။

၄။ အေသးစိတ္ဂ႐ုစိုက္ျခင္း

သင္နဲ႔စေတြ႕တုန္းက အက်ႌဘာအေရာင္ ဝတ္ထားတယ္ကအစ ဂ႐ုတစိုက္ မွတ္မိတာကို ဆိုလိုတာ မဟုတ္ပါဘူး။ သင္မႀကိဳက္တတ္တဲ့အရာေတြ၊ သင္ကိုယ္တိုင္ေတာင္ တစ္ခါတရံ ေမ့ေနတတ္တာေတြကို သူက မွတ္မိေနတတ္ပါတယ္။ ေကာ္ဖီေသာက္ရင္ေတာင္ သၾကားဘယ္ေလာက္ ထည့္တတ္လဲ ဆိုတာအစ ဂ႐ုတစိုက္ ရွိေနသူကို လက္မလႊတ္သင့္ပါဘူး။

၅။ ပါးနပ္ျခင္း

ျပႆနာေတြ ႀကဳံလာရတဲ့အခါ ပါးနပ္စြာ ေျဖရွင္းႏိုင္တာကလည္း အရည္အခ်င္းတစ္ရပ္ပါပဲ။ ပါးနပ္သူက မ်က္ႏွာရိပ္ မ်က္ႏွာကဲအစ သတိထားမိတတ္ပါတယ္။ သင့္ရဲ႕လုပ္ငန္းခြင္မွာ အဆင္မေျပတဲ့အခါ ဘယ္ေလာက္ျပဳမူေနထိုင္သင့္တယ္၊ ဘယ္လိုေျဖရွင္းသင့္တယ္ ဆိုတာ အႀကံေပးႏိုင္သူဆိုရင္ ကံေကာင္းပါၿပီ။

၆။ သင့္ကိုေပ်ာ္႐ြင္ေစမယ့္ နည္းလမ္းမ်ားကို သိျခင္း

သင္ဝမ္းနည္းေနတဲ့အခါ ျပန္ၿပီးေပ်ာ္႐ႊင္လာေအာင္ လုပ္ရမယ့္ နည္းလမ္းေတြကို သူက အၿမဲသိေနပါတယ္။ ဟာသေတြေျပာေပးတာ၊ အႀကံဉာဏ္ေတြေပးတာ၊ ကူညီေပးတာ စတဲ့နည္းလမ္းမ်ိဳးစုံကို သုံးေနပါလိမ့္မယ္။

၇။ ေဆြးေႏြးညႇိႏႈိင္းရမယ့္ နည္းလမ္းေတြကို သိျခင္း

သင့္ကိုတကယ္ လက္မလႊတ္ခ်င္သူက ျပႆနာျဖစ္စရာေတြ ႀကဳံလာတဲ့အခါ လမ္းမခြဲသြားဘဲ ေဆြးေႏြးညႇိႏႈိင္းတတ္ပါတယ္။ တစ္ခုခုရန္ျဖစ္တာနဲ႔ ဘာမွမညႇိႏႈိင္းဘဲ လမ္းခြဲစကားေျပာတတ္သူ ဆိုရင္ေတာ့ လွည့္ၾကည့္မေနပါနဲ႔ေတာ့။

၈။ ဦးစားေပးျခင္း

အျခားအရာေတြနဲ႔ ယွဥ္လာတိုင္း သင့္အတြက္ အၿမဲထည့္တြက္ၿပီး ဦးစားေပးသူဟာ တကယ္ လက္မလႊတ္သင့္သူပါ။ အဲဒီလိုလူကို သင္ကလည္း ျပန္ၿပီးဦးစားေပးဖို႔ အေရးႀကီးပါတယ္။

၉။ တိုင္ပင္တတ္ျခင္း

တကယ္တမ္း လက္ထပ္ၾကေတာ့မယ္ဆိုရင္ အရာရာတိုင္ပင္ဖို႔ လိုအပ္ပါတယ္။ ငါသိငါတတ္ လုပ္မယ္ဆိုရင္ ေရရွည္မွာ အဆင္မေျပႏိုင္ပါဘူး။ ပစၥည္းတစ္ခုခု ဝယ္ေတာ့မယ္ဆိုရင္ေတာင္ သင့္ကို အသိေပး တိုင္ပင္တတ္သူဟာ သင့္ကို တကယ္အေလးထားလို႔ပါ။

၁၀။ အိမ္မႈကိစၥ လုပ္ကူေပးျခင္း

သင့္ကို တန္ဖိုးထားသူက သင့္ကို အိမ္ေဖာ္တစ္ေယာက္လို႔ ျမင္မွာမဟုတ္ပါဘူး။ အလုပ္ၿပီးလို႔ ျပန္လာတဲ့အခါ သင္ပင္ပန္းေနတာကို နားလည္ၿပီး အတူတူ ဟင္းခ်က္ကူေပးရင္ တကယ္စာနာ နားလည္တတ္သူပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments