လက်မထပ်သင့်တဲ့ ယောကျ်ားတွေရဲ့ အပြုအမူ (၅) ချက်

လူတိုင်းက ကိုယ်ချစ်ရတဲ့သူနဲ့ပဲ လက်ထပ်လိုကြပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်မယ့် စိတ်ကူးအိပ်မက်တွေကလည်း အများကြီး ရှိမှာပါပဲ။ ဒါပေမယ့် လက်ထပ်ဖို့ ဆိုတာကတော့ သေသေချာချာ အချိန်ယူပြီး စဉ်းစားသင့်တဲ့အရာပါ။ သင်နဲ့ လက်ထပ်မယ့် အမျိုးသားက ဒီလိုအချက်တွေ ပြုမူနေတယ် ဆိုရင်တော့ လက်မထပ်သင့်ပါဘူးနော်။

၁။ ကတိမတည်သူ

သင့်ချစ်သူက ပြောပြီးသားစကားတွေကို မေ့မေ့ပျောက်ပျောက်နဲ့ လွယ်လွယ် ကတိဖျက်တတ်သူ ဆိုရင် တကယ့်ပြဿနာ ပါပဲနော်။ ဘာ့ကြောင့်လဲ ဆိုတော့ ကတိသေးသေးလေး ကိုတောင် မတည်သူက ကတိအကြီးကြီးတွေကို တည်ဖို့ဆိုတာ ဝေးလွန်းပါတယ်။

၂။ သင့်အပေါ် လုံးဝ လေးစားမှုမရှိဘဲ သိက္ခါချသူ

လက်ထပ်ပြီးတဲ့အခါ တစ်ယောက်ကိုတစ်ယောက် လေးစားမှု မရှိတဲ့အခါ လုံးဝ အဆင်မပြေပါဘူးနော်။ သင့်ကို အလေးမထားသူက နစ်နာအောင်လုပ်ဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ သင့်အပေါ် လေးစားမှုမရှိဘဲ သိက္ခါချတတ်သူကို လက်ထပ်မိရင်တော့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုတွေနဲ့ အလှမ်းကွာနေမှာပါ။

၃။ သင့်ရဲ့စိတ်ကို နာကျင်စေသူ

သူ့ရဲ့အပြုအမူ၊ အပြောအဆိုတွေကြောင့် သင်က အမြဲလိုလိုနာကျင်နေရတာက လုံးဝကို မှားနေပါပြီ။ သင့်ကိုတကယ်ချစ်တဲ့သူဆိုရင် အဆင်မပြေတဲ့ အချက်အလက်တွေကို အဆင်ပြေသွားအောင် ပြုပြင်နေဦးမှာပါ။ ဒါပေမယ့် သင့်ကို အမြဲနာကျင်အောင် လုပ်တဲ့သူကို တစ်ဘဝလုံးစာ ရွေးချယ်မယ် ဆိုရင်တော့ အန္တရာယ်များလှပါတယ်။

၄။ သစ္စာမရှိသူ

တစ်ခါတစ်ရံမှာ လှည့်စားတာကိုတော့ ခွင့်လွှတ်ပေးနိုင်ကောင်း ခွင့်လွှတ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာ သစ္စာမရှိဘဲ လှည့်စားနေတယ် ဆိုရင်တော့ သင်တို့နှစ်ယောက်ကြားက ယုံကြည်မှုက ပျက်စီးသွားပါပြီ။ ယုံကြည်မှုကို ပြန်ရအောင်လုပ်ဖို့က မလွယ်ကူပါဘူး။ အဲဒါကြောင့် သင့်အပေါ် သစ္စာမရှိ လှည့်စားတတ်သူဆိုရင် နှစ်ခါပြန် လှည့်ကြည့်မနေသင့်တော့ပါဘူး။

၅။ သင်နဲ့ချစ်နေရတာကို စိတ်ပျက်နေသူ

သင့်ချစ်သူက သင့်ကို စိတ်ပျက်နေပြီး လမ်းခွဲစကားကို အမြဲလိုလိုပြောနေတယ် ဆိုရင်တော့ ချက်ချင်း လှည့်ထွက်ခဲ့တာ အကောင်းဆုံးပါ။ တကယ်လက်ထပ်ချင်သူဆိုတာ သင်နဲ့အတူ ဘဝကို အတူတူဖြတ်သန်းဖို့ စိတ်ကူးတွေအပြည့်ပါပဲ။

သင်လက်ထပ်မယ့်သူက ဒီ ၅ ချက်ကို ပြင်ဆင်မယ် ဆိုရင်တော့ အခွင့်အရေး ပေးသင့်ပါတယ်နော်။

Zombie (Lovemedia)

For Zawgyi

လက္မထပ္သင့္တဲ့ ေယာက်္ားေတြရဲ႕ အျပဳအမူ (၅) ခ်က္

လူတိုင္းက ကိုယ္ခ်စ္ရတဲ့သူနဲ႔ပဲ လက္ထပ္လိုၾကပါတယ္။ ကိုယ္ခ်စ္ရတဲ့သူနဲ႔ လက္ထပ္မယ့္ စိတ္ကူးအိပ္မက္ေတြကလည္း အမ်ားႀကီးရွိမွာပါပဲ။ ဒါေပမယ့္ လက္ထပ္ဖို႔ ဆိုတာကေတာ့ ေသေသခ်ာခ်ာ အခ်ိန္ယူၿပီး စဥ္းစားသင့္တဲ့အရာပါ။ သင္နဲ႔ လက္ထပ္မယ့္ အမ်ိဳးသားက ဒီလိုအခ်က္ေတြ ျပဳမူေနတယ္ ဆိုရင္ေတာ့ လက္မထပ္သင့္ပါဘူးေနာ္။

၁။ ကတိမတည္သူ

သင့္ခ်စ္သူက ေျပာၿပီးသားစကားေတြကို ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ လြယ္လြယ္ ကတိဖ်က္တတ္သူ ဆိုရင္ တကယ့္ျပႆနာ ပါပဲေနာ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ကတိေသးေသးေလး ကိုေတာင္ မတည္သူက ကတိအႀကီးႀကီးေတြကို တည္ဖို႔ဆိုတာ ေဝးလြန္းပါတယ္။

၂။သင့္အေပၚ လုံးဝ ေလးစားမႈမရွိဘဲ သိကၡါခ်သူ

လက္ထပ္ၿပီးတဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ ေလးစားမႈ မရွိတဲ့အခါ လုံးဝ အဆင္မေျပပါဘူးေနာ္။ သင့္ကို အေလးမထားသူက နစ္နာေအာင္လုပ္ဖို႔လည္း ဝန္ေလးမွာမဟုတ္ပါဘူး။ သင့္အေပၚ ေလးစားမႈမရွိဘဲ သိကၡါခ်တတ္သူကို လက္ထပ္မိရင္ေတာ့ ဘဝတစ္ေလွ်ာက္လုံး ေပ်ာ္႐ႊင္မႈေတြနဲ႔ အလွမ္းကြာေနမွာပါ။

၃။ သင့္ရဲ႕စိတ္ကို နာက်င္ေစသူ

သူ႔ရဲ႕အျပဳအမူ၊ အေျပာအဆိုေတြေၾကာင့္ သင္က အၿမဲလိုလိုနာက်င္ေနရတာက လုံးဝကို မွားေနပါၿပီ။ သင့္ကိုတကယ္ခ်စ္တဲ့သူဆိုရင္ အဆင္မေျပတဲ့ အခ်က္အလက္ေတြကို အဆင္ေျပသြားေအာင္ ျပဳျပင္ေနဦးမွာပါ။ ဒါေပမယ့္ သင့္ကို အၿမဲနာက်င္ေအာင္ လုပ္တဲ့သူကို တစ္ဘဝလုံးစာ ေ႐ြးခ်ယ္မယ္ ဆိုရင္ေတာ့ အႏၲရာယ္မ်ားလွပါတယ္။

၄။ သစၥာမရွိသူ

တစ္ခါတစ္ရံမွာ လွည့္စားတာကိုေတာ့ ခြင့္လႊတ္ေပးႏိုင္ေကာင္း ခြင့္လႊတ္ေပးပါလိမ့္မယ္။ ဒါေပမယ့္ ႀကိမ္ဖန္မ်ားစြာ သစၥာမရွိဘဲ လွည့္စားေနတယ္ ဆိုရင္ေတာ့ သင္တို႔ႏွစ္ေယာက္ၾကားက ယုံၾကည္မႈက ပ်က္စီးသြားပါၿပီ။ ယုံၾကည္မႈကို ျပန္ရေအာင္လုပ္ဖို႔က မလြယ္ကူပါဘူး။ အဲဒါေၾကာင့္ သင့္အေပၚ သစၥာမရွိ လွည့္စားတတ္သူဆိုရင္ ႏွစ္ခါျပန္ လွည့္ၾကည့္မေနသင့္ေတာ့ပါဘူး။

၅။ သင္နဲ႔ခ်စ္ေနရတာကို စိတ္ပ်က္ေနသူ

သင့္ခ်စ္သူက သင့္ကို စိတ္ပ်က္ေနၿပီး လမ္းခြဲစကားကို အၿမဲလိုလိုေျပာေနတယ္ ဆိုရင္ေတာ့ ခ်က္ခ်င္း လွည့္ထြက္ခဲ့တာ အေကာင္းဆုံးပါ။ တကယ္လက္ထပ္ခ်င္သူဆိုတာ သင္နဲ႔အတူ ဘဝကို အတူတူျဖတ္သန္းဖို႔ စိတ္ကူးေတြအျပည့္ပါပဲ။

သင္လက္ထပ္မယ့္သူက ဒီ ၅ ခ်က္ကို ျပင္ဆင္မယ္ ဆိုရင္ေတာ့ အခြင့္အေရး ေပးသင့္ပါတယ္ေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments