အသည်းမှာ အဆိပ်အတောက်တွေ များလာရင် ပြလာတတ်တဲ့ လက္ခဏာ (၆)မျိုး

အသည်းက ခန္ဓါကိုယ်ရဲ့ အလုပ် အလုပ်ဆုံး အစိတ်အပိုင်းထဲက တစ်ခုပါ။ အသည်းက ခန္ဓါကိုယ် အစိတ်အတောက်တွေကို ဖယ်ရှားပေးပြီး လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်ပေးပါတယ်။ အသည်းက သင့်ရဲ့သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်တာကြောင့် အသည်းကို ပြန်ဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ အသည်းမှာ အဆိပ်အတောက်တွေ ပြည့်နေပြီဆိုရင် ဒီလို လက္ခဏာတွေ ပြလာတတ်ပါတယ်။

၆။ အသည်းတစ်ဝိုက်တွင် နာကျင်လာခြင်း

ဝမ်းဗိုက်ရဲ့ ညာအပေါ်ဘက်မှာ နာကျင်လာတယ်ဆိုရင် အသည်းမှာ ပြဿနာရှိနေတဲ့ လက္ခဏာပါ။ အမြဲအလို စူးအောင့် လာတတ်ပါတယ်။ အသည်းရဲ့အလုပ်က ခန္ဗာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှာပြီး အစာချေလိုက်တာတွေကို အာဟာရအဖြစ် ပြောင်းလဲပေးဖိုပါ။ အသည်းမှာ အဆိပ်အတောက်တွေ များနေပြီဆိုရင် ဒီအလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။

၅။ ခြေထောက်နှင့် ခြေကျင်းဝတ် ရောင်လာခြင်း

ဒီလက္ခဏာကို လျစ်လျူရှုထားမယ်ဆိုရင် အသည်းက အမာရွတ်တစ်ရှူးတွေ ပြန်ကောင်းလာဖို့ ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။ အသည်းမှာ အမာရွတ်တစ်ရှူးတွေ များလာမယ်ဆိုရင် အလုပ်လည်းကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ အဲဒီကနေ သွေးတိုးရောဂါ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ခြေထောက်မှာ အရည်တွေစုလာပြီး ရောင်ကိုင်းလာပါတယ်။

၄။ ကိုယ်အလေးချိန်တက်လာခြင်း

သင်က ကျန်းမာရေးလိုက်စားသူ ဖြစ်ပေမယ့် ရုတ်တရက် ဝလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အသည်းမှာ အဆိပ်အတောက်တွေ များလာတာကြောင့် ရုတ်တရက် ဝလာရတာပါ။ အသည်းက အဆိပ်အတောက်တွေကို မဖယ်ရှားနိုင်သေးရင်တော့ ကိုယ်အလေးချိန်က ကျသွားမှာမဟုတ်ပါဘူး။

၃။ ဓါတ်မတည့်ခြင်း

အသည်းက မနိုင်ဝန်ထမ်းရတဲ့အခါ၊ ခြောက်လာတဲ့အခါ ဓါတ်မတည့်တာ ဖြစ်လာပါတယ်။ ကျန်းမာတဲ့အသည်းက သွေးထဲမှာရှိတဲ့ မကောင်းတဲ့ မော်လီကျူးတွေကို သန့်ရင်ပေးပါတယ်။ သွေးထဲမှာ အန္တရာယ်ရှိတဲ့ မော်လီကျူးတွေများလာတဲ့အခါ ဓါတ်မတည့်တာဖြစ်လာပါတော့တယ်။;

၂။ အသားဝါခြင်း၊ မျက်လုံးဝါခြင်း

အသားဝါရောဂါဟာ ပုံမှန်အားဖြင့် အသည်းထဲမှာ အဆိပ်တွေ စုနေတဲ့အခါ ဖြစ်ပါတယ်။ အသည်းထဲမှာ သွေးနီဥဆဲလ်သေတွေ ပြိုကွဲပြီး အဝါရောင်ခြယ်ပစ္စည်းတွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် အသည်းမကောင်းရင် မျက်လုံးတွေ၊ အသားတွေ ဝါလာရတာပါ။

၁။ ပင်ပန်းနွမ်းနယ်ခြင်း

သင်က ၆ လခန့် အမြဲလိုလို ပင်ပန်းနွမ်းနယ်တာကို ခံစားလာရပြီဆိုရင် မပေါ့ဆသင့်တော့ပါဘူး။ အသည်းက ခန္ဓါကိုယ်အတွက် အားအင်တွေ ဖြန့်ဖြူပေးတဲ့ နေရာပါ။ အသည်း နေမကောင်းတော့တဲ့အခါ အားအင်တွေကို ဖြန့်ဖြူးဖို့ခက်လာပြီး အားအင်တွေကို သိုလှောင်ဖို့ နေရာလည်း နည်းသွားပါတယ်။

Zombie (Lovemedia)

For Zawgyi

အသည္းမွာ အဆိပ္အေတာက္ေတြ မ်ားလာရင္ ျပလာတတ္တဲ့ လကၡဏာ (၆)မ်ိဳး

အသည္းက ခႏၶါကိုယ္ရဲ႕ အလုပ္ အလုပ္ဆုံး အစိတ္အပိုင္းထဲက တစ္ခုပါ။ အသည္းက ခႏၶါကိုယ္ အစိတ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး လုပ္ငန္းေပါင္းမ်ားစြာကို လုပ္ေဆာင္ေပးပါတယ္။ အသည္းက သင့္ရဲ႕သူငယ္ခ်င္းေကာင္း တစ္ေယာက္ျဖစ္တာေၾကာင့္ အသည္းကို ျပန္ဂ႐ုစိုက္ေပးဖို႔လည္း လိုအပ္ပါတယ္။ အသည္းမွာ အဆိပ္အေတာက္ေတြ ျပည့္ေနၿပီဆိုရင္ ဒီလိုလကၡဏာေတြ ျပလာတတ္ပါတယ္။

၆။ အသည္းတစ္ဝိုက္တြင္ နာက်င္လာျခင္း

ဝမ္းဗိုက္ရဲ႕ ညာအေပၚဘက္မွာ နာက်င္လာတယ္ဆိုရင္ အသည္းမွာ ျပႆနာရွိေနတဲ့ လကၡဏာပါ။ အၿမဲအလို စူးေအာင့္ လာတတ္ပါတယ္။ အသည္းရဲ႕အလုပ္က ခႏၺာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္ရွာၿပီး အစာေခ်လိုက္တာေတြကို အာဟာရအျဖစ္ ေျပာင္းလဲေပးဖိုပါ။ အသည္းမွာ အဆိပ္အေတာက္ေတြ မ်ားေနၿပီဆိုရင္ ဒီအလုပ္ေတြကို မလုပ္ႏိုင္ေတာ့ပါဘူး။

၅။ ေျခေထာက္ႏွင့္ ေျခက်င္းဝတ္ ေရာင္လာျခင္း

ဒီလကၡဏာကို လ်စ္လ်ဴရႈထားမယ္ဆိုရင္ အသည္းက အမာ႐ြတ္တစ္ရႉးေတြ ျပန္ေကာင္းလာဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားရပါတယ္။ အသည္းမွာ အမာ႐ြတ္တစ္ရႉးေတြ မ်ားလာမယ္ဆိုရင္ အလုပ္လည္းေကာင္းေကာင္း မလုပ္ႏိုင္ေတာ့ပါဘူး။ အဲဒီကေန ေသြးတိုးေရာဂါ ျဖစ္လာပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေျခေထာက္မွာ အရည္ေတြစုလာၿပီး ေရာင္ကိုင္းလာပါတယ္။

၄။ ကိုယ္အေလးခ်ိန္တက္လာျခင္း

သင္က က်န္းမာေရးလိုက္စားသူ ျဖစ္ေပမယ့္ ႐ုတ္တရက္ ဝလာမယ္ဆိုရင္ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ အသည္းမွာ အဆိပ္အေတာက္ေတြ မ်ားလာတာေၾကာင့္ ႐ုတ္တရက္ ဝလာရတာပါ။ အသည္းက အဆိပ္အေတာက္ေတြကို မဖယ္ရွားႏိုင္ေသးရင္ေတာ့ ကိုယ္အေလးခ်ိန္က က်သြားမွာမဟုတ္ပါဘူး။

၃။ ဓါတ္မတည့္ျခင္း

အသည္းက မႏိုင္ဝန္ထမ္းရတဲ့အခါ၊ ေျခာက္လာတဲ့အခါ ဓါတ္မတည့္တာ ျဖစ္လာပါတယ္။ က်န္းမာတဲ့အသည္းက ေသြးထဲမွာရွိတဲ့ မေကာင္းတဲ့ ေမာ္လီက်ဴးေတြကို သန႔္ရင္ေပးပါတယ္။ ေသြးထဲမွာ အႏၲရာယ္ရွိတဲ့ ေမာ္လီက်ဴးေတြမ်ားလာတဲ့အခါ ဓါတ္မတည့္တာျဖစ္လာပါေတာ့တယ္။

၂။ အသားဝါျခင္း၊ မ်က္လုံးဝါျခင္း

အသားဝါေရာဂါဟာ ပုံမွန္အားျဖင့္ အသည္းထဲမွာ အဆိပ္ေတြ စုေနတဲ့အခါ ျဖစ္ပါတယ္။ အသည္းထဲမွာ ေသြးနီဥဆဲလ္ေသေတြ ၿပိဳကြဲၿပီး အဝါေရာင္ျခယ္ပစၥည္းေတြ ျဖစ္လာပါတယ္။ အဲဒါေၾကာင့္ အသည္းမေကာင္းရင္ မ်က္လုံးေတြ၊ အသားေတြ ဝါလာရတာပါ။

၁။ ပင္ပန္းႏြမ္းနယ္ျခင္း

သင္က ၆ လခန႔္ အၿမဲလိုလို ပင္ပန္းႏြမ္းနယ္တာကို ခံစားလာရၿပီဆိုရင္ မေပါ့ဆသင့္ေတာ့ပါဘူး။ အသည္းက ခႏၶါကိုယ္အတြက္ အားအင္ေတြ ျဖန႔္ျဖဴေပးတဲ့ ေနရာပါ။ အသည္း ေနမေကာင္းေတာ့တဲ့အခါ အားအင္ေတြကို ျဖန႔္ျဖဴးဖို႔ခက္လာၿပီး အားအင္ေတြကို သိုေလွာင္ဖို႔ ေနရာလည္း နည္းသြားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments