နှုတ်ခမ်းက ပြောနေတဲ့ သင့်ကျန်းမာရေး အခြေအနေ

နှုတ်ခမ်းမှာ နာဗ်ကြောလေးတွေ အများကြီးရှိပြီး လက်ဖျားလေးတွေထက်ပိုပြီး နုပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းတွေကို အထူး ဂရုစိုက်ပေးဖို့ လိုပါတယ်။ တစ်ခါတလေကျရင် နှုတ်ခမ်းက ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေတွေကိုလည်း ပြောပြနိုင်ပါတယ်။

1. နှုတ်ခမ်းအစွန်းတွေမှာ ကွဲခြင်း

နှုတ်ခမ်းရဲ့အစွန်းထောင့်တွေမှာ တံတွေးတွေစုလာတဲ့အခါ တံတွေးက နှုတ်ခမ်းအသားအရေပို ခြောက်ပြီးကွဲစေပါတယ်။ နှုတ်ခမ်းရဲ့အစွန်းတွေမှာ တံတွေးတွေ မစုမိအောင် မကြာခဏ သုတ်ပေးသင့်ပါတယ်။ နှုတ်ခမ်းအစွန်းတွေမှာ စိုစွတ်လာတဲ့အခါ အနာတွေ မကြာခဏ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ သင့်တော်တဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။

2. နှုတ်ခမ်းခြောက်ပြီးကွဲခြင်း

နှုတ်ခမ်းတွေ ခြောက်ပြီးကွဲခြင်းပ ခန္ဓါကိုယ်ထဲမှာ ရေဓါတ် လိုအပ်နေကြောင်း ဖော်ပြတာပါ။ ရာသီဥတုအေးတဲ့အခါ၊ စိတ်ဖိစီးမှုတွေများတဲ့အခါမှာလည်း နှုတ်ခမ်းကွဲတတ်ပါတယ်။အဲဒီအခါ ရေများများသောက်ပြီး ရေဓါတ်ဖြည့်တဲ့ ခရင်မ်တွေကို လိမ်းပေးသင့်ပါတယ်။ ဓါတ်မတည့်မှုတွေ ဖြစ်တဲ့အခါမှာလည်း နှုတ်ခမ်းတွေ ကွဲပါတယ်။

3. နှုတ်ခမ်းပေါ်မှာ အဖုပေါက်ခြင်း

နှုတ်ခမ်းပေါ်မှာ အဖုပေါက်တာက နေရခက်ပြီး အတော်ကို နာကျင်ပါတယ်။ Hyaluronic acid ထိုးပြီးနောက်မှာလည်း နှုတ်ခမ်းပေါ်မှာ အဖုပေါက်ပါတယ်။

4. နှုတ်ခမ်းတစ်ဝိုက်မှာ အနီကွင်းများ ဖြစ်လာခြင်း

နှုတ်ခမ်းရောင်အန်းနာကျင်တဲ့အခါ နှုတ်ခမ်းတစ်ဝိုက်မှာ အနီကွင်းတွေ ဖြစ်လာတတ်ပါတယ်။ နှုတ်ခမ်းအရေပြားက သဘာဝအဆီတွေက ခန်းခြောက်သွားပြီး နှုတ်ခမ်းတစ်ဝိုက်မှာ နီပြီး ယားယံတတ်ပါတယ်။ အဓိကကတော့ ရေဓါတ်ဖြည့်ဖို့ လိုတာပါ။

5. နှုတ်ခမ်းအပေါ်မှာ အရေးအကြောင်းများ ဖြစ်ပေါ်လာခြင်း

နှုတ်ခမ်းအပေါ်ဘက်မှာ အရေးအကြောင်းတွေကို စပြီးသတိထားမိပြီဆိုရင် ခန္ဓါကိုယ်ရော စိတ်ရော အားကုန်နေလို့ပါ။ စိတ်ဖိစီးမှုများတဲ့သူတွေက ဆေးလိပ်တွေ အလွန်သောက်တဲ့အခါ နှုတ်ခမ်းအပေါ်ဘက်မှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။

6. နှုတ်ခမ်းအရောင်ပြောင်းခြင်း

နှုတ်ခမ်းပြာလာခြင်းက သွေးထဲက အောက်ဆီဂျင်လည်ပတ်မှု အားနည်းလို့ပါ။ ခြေဖျားနဲ့ လက်ဖျားတွေမှာလည်း ပြာလာတတ်ပါတယ်။ သွေးအားနည်းရောဂါဖြစ်တဲ့အခါမှာ နှုတ်လမ်းက ဖြူဖျော့လာပါတယ်။ သွေးထဲမှာ သကြားဓါတ်နည်းလာတဲ့အခါ၊ သွေးလည်ပတ်မှုမှာ ပြဿနာရှိတဲ့အခါ၊ ဗီတာမင်ချို့တဲ့တဲ့အခါ နှုတ်ခမ်းဖြူလာတတ်ပါတယ်။

7. နှုတ်ခမ်းရောင်ခြင်း

ဓါတ်မတည့်တဲ့အခါမှာလည်း နှုတ်ခမ်းရောင်တတ်ပါတယ်။ အလှကုန်ပစ္စည်းတွေကို သုံးတဲ့အခါတိုင်းမှာ နှုတ်ခမ်းရောင် လာတတ်လားဆိုတာ သတိပြုသင့်ပါတယ်။ အချိန်ခဏလေးအတွင်းမှာ နှုတ်ခမ်းက ကြီးသထက်ကြီးလာရင်တော့ ဆရာဝန်ဆီ အမြန်သာ သွားလိုက်ပါ။

8. နှုတ်ခမ်းပေါ်မှာ အမည်းစက်များ ဖြစ်ပေါ်လာခြင်း

ဒီအခြေအနေကိုတော့ မပေါ့ဆသင့်ပါဘူး။ ခန္ဓါကိုယ်ထဲမှာ ရောင်ခြည်ပစ္စည်းတွေ များလာတဲ့အခါ နှုတ်ခမ်းပေါ်မှာသာမက ပါး၊ နှာခေါင်းနဲ့ နဖူးပေါ်မှာပါ အမည်းစက်တွေ ဖြစ်လာတတ်ပါတယ်။ နေလောင်ဒဏ် များခြင်းကြောင့်လည်း နှုတ်ခမ်းပေါ်မှာ အမည်းစက်တွေ ဖြစ်လာတတ်ပါတယ်။

ကင်ဆာရဲ့ အကြိုလက္ခဏာလို့ ယူဆမိရင် ဆရာဝန်ဆီ မြန်မြန်သွားသင့်ပါတယ်။ စားလိုက်တဲ့ အစားအစာတွေထဲကနေ သံဓါတ်တွေကို ခန္ဓါကိုယ်က အလွန်စုပ်ယူတဲ့အခါမှာလည်း နှုတ်ခမ်းပေါ်မှာ အမည်းစက်တွေ ဖြစ်လာတတ်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ႏႈတ္ခမ္းက ေျပာေနတဲ့ သင့္က်န္းမာေရး အေျခအေန

ႏႈတ္ခမ္းမွာ နာဗ္ေၾကာေလးေတြ အမ်ားႀကီးရွိၿပီး လက္ဖ်ားေလးေတြထက္ပိုၿပီး ႏုပါတယ္။ အဲဒါေၾကာင့္ ႏႈတ္ခမ္းေတြကို အထူး ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။ တစ္ခါတေလက်ရင္ ႏႈတ္ခမ္းက ကိုယ့္ရဲ႕က်န္းမာေရးအေျခအေနေတြကိုလည္း ေျပာျပႏိုင္ပါတယ္။

1. ႏႈတ္ခမ္းအစြန္းေတြမွာ ကြဲျခင္း

ႏႈတ္ခမ္းရဲ႕အစြန္းေထာင့္ေတြမွာ တံေတြးေတြစုလာတဲ့အခါ တံေတြးက ႏႈတ္ခမ္းအသားအေရပို ေျခာက္ၿပီးကြဲေစပါတယ္။ ႏႈတ္ခမ္းရဲ႕အစြန္းေတြမွာ တံေတြးေတြမစုမိေအာင္ မၾကာခဏ သုတ္ေပးသင့္ပါတယ္။ ႏႈတ္ခမ္းအစြန္းေတြမွာ စိုစြတ္လာတဲ့အခါ အနာေတြ မၾကာခဏ ျဖစ္လာတတ္ပါတယ္။ အဲဒီအခါ သင့္ေတာ္တဲ့ ေဆးကုသမႈ ခံယူသင့္ပါတယ္။

2. ႏႈတ္ခမ္းေျခာက္ၿပီးကြဲျခင္း

ႏႈတ္ခမ္းေတြ ေျခာက္ၿပီးကြဲျခင္းပ ခႏၶါကိုယ္ထဲမွာ ေရဓါတ္ လိုအပ္ေနေၾကာင္း ေဖာ္ျပတာပါ။ ရာသီဥတုေအးတဲ့အခါ၊ စိတ္ဖိစီးမႈေတြမ်ားတဲ့အခါမွာလည္း ႏႈတ္ခမ္းကြဲတတ္ပါတယ္။အဲဒီအခါ ေရမ်ားမ်ားေသာက္ၿပီး ေရဓါတ္ျဖည့္တဲ့ ခရင္မ္ေတြကို လိမ္းေပးသင့္ပါတယ္။ ဓါတ္မတည့္မႈေတြ ျဖစ္တဲ့အခါမွာလည္း ႏႈတ္ခမ္းေတြ ကြဲပါတယ္။

3. ႏႈတ္ခမ္းေပၚမွာ အဖုေပါက္ျခင္း

ႏႈတ္ခမ္းေပၚမွာ အဖုေပါက္တာက ေနရခက္ၿပီး အေတာ္ကို နာက်င္ပါတယ္။ Hyaluronic acid ထိုးၿပီးေနာက္မွာလည္း ႏႈတ္ခမ္းေပၚမွာ အဖုေပါက္ပါတယ္။

4. ႏႈတ္ခမ္းတစ္ဝိုက္မွာ အနီကြင္းမ်ား ျဖစ္လာျခင္း

ႏႈတ္ခမ္းေရာင္အန္းနာက်င္တဲ့အခါ ႏႈတ္ခမ္းတစ္ဝိုက္မွာ အနီကြင္းေတြ ျဖစ္လာတတ္ပါတယ္။ ႏႈတ္ခမ္းအေရျပားက သဘာဝအဆီေတြက ခန္းေျခာက္သြားၿပီး ႏႈတ္ခမ္းတစ္ဝိုက္မွာ နီၿပီး ယားယံတတ္ပါတယ္။ အဓိကကေတာ့ ေရဓါတ္ျဖည့္ဖို႔ လိုတာပါ။

5. ႏႈတ္ခမ္းအေပၚမွာ အေရးအေၾကာင္းမ်ား ျဖစ္ေပၚလာျခင္း

ႏႈတ္ခမ္းအေပၚဘက္မွာ အေရးအေၾကာင္းေတြကို စၿပီးသတိထားမိၿပီဆိုရင္ ခႏၶါကိုယ္ေရာ စိတ္ေရာ အားကုန္ေနလို႔ပါ။ စိတ္ဖိစီးမႈမ်ားတဲ့သူေတြက ေဆးလိပ္ေတြ အလြန္ေသာက္တဲ့အခါ ႏႈတ္ခမ္းအေပၚဘက္မွာ အေရးအေၾကာင္းေတြ ေပၚလာပါတယ္။

6. ႏႈတ္ခမ္းအေရာင္ေျပာင္းျခင္း

ႏႈတ္ခမ္းျပာလာျခင္းက ေသြးထဲက ေအာက္ဆီဂ်င္လည္ပတ္မႈ အားနည္းလို႔ပါ။ ေျခဖ်ားနဲ႔ လက္ဖ်ားေတြမွာလည္း ျပာလာတတ္ပါတယ္။ ေသြးအားနည္းေရာဂါျဖစ္တဲ့အခါမွာ ႏႈတ္လမ္းက ျဖဴေဖ်ာ့လာပါတယ္။ ေသြးထဲမွာ သၾကားဓါတ္နည္းလာတဲ့အခါ၊ ေသြးလည္ပတ္မႈမွာ ျပႆနာရွိတဲ့အခါ၊ ဗီတာမင္ခ်ိဳ႕တဲ့တဲ့အခါ ႏႈတ္ခမ္းျဖဴလာတတ္ပါတယ္။

7. ႏႈတ္ခမ္းေရာင္ျခင္း

ဓါတ္မတည့္တဲ့အခါမွာလည္း ႏႈတ္ခမ္းေရာင္တတ္ပါတယ္။ အလွကုန္ပစၥည္းေတြကို သုံးတဲ့အခါတိုင္းမွာ ႏႈတ္ခမ္းေရာင္ လာတတ္လားဆိုတာ သတိျပဳသင့္ပါတယ္။ အခ်ိန္ခဏေလးအတြင္းမွာ ႏႈတ္ခမ္းက ႀကီးသထက္ႀကီးလာရင္ေတာ့ ဆရာဝန္ဆီ အျမန္သာ သြားလိုက္ပါ။

8. ႏႈတ္ခမ္းေပၚမွာ အမည္းစက္မ်ား ျဖစ္ေပၚလာျခင္း

ဒီအေျခအေနကိုေတာ့ မေပါ့ဆသင့္ပါဘူး။ ခႏၶါကိုယ္ထဲမွာ ေရာင္ျခည္ပစၥည္းေတြ မ်ားလာတဲ့အခါ ႏႈတ္ခမ္းေပၚမွာသာမက ပါး၊ ႏွာေခါင္းနဲ႔ နဖူးေပၚမွာပါ အမည္းစက္ေတြ ျဖစ္လာတတ္ပါတယ္။ ေနေလာင္ဒဏ္ မ်ားျခင္းေၾကာင့္လည္း ႏႈတ္ခမ္းေပၚမွာ အမည္းစက္ေတြ ျဖစ္လာတတ္ပါတယ္။

ကင္ဆာရဲ႕အႀကိဳလကၡဏာလို႔ ယူဆမိရင္ ဆရာဝန္ဆီ ျမန္ျမန္သြားသင့္ပါတယ္။ စားလိုက္တဲ့ အစားအစာေတြထဲကေန သံဓါတ္ေတြကို ခႏၶါကိုယ္က အလြန္စုပ္ယူတဲ့အခါမွာလည္း ႏႈတ္ခမ္းေပၚမွာ အမည္းစက္ေတြ ျဖစ္လာတတ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments