ရေချိုးကန်ထဲမှာ ငါးရက်တာ လဲလျောင်းပေးရုံနဲ့ ငွေရမယ့်အလုပ်

လေ့လာချက်အသစ်မှာ ပါဝင်ဖို့အတွက် European Space Agency (ESA) က ပါဝင်မယ့် လူတွေကို ရှာဖွေနေပါတယ်။ ရေချိုးကန်ထဲမှာ ဘာမှ မလုပ်ရဘဲ ငါးရက်တာ လဲလျောင်းပေးရုံနဲ့ ပိုက်ဆံရမှာ ဖြစ်ပါတယ်။ ESA က ဒီလေ့လာချက်မှာ ပါဝင်ပေးဖို့အတွက် အမျိုးသမီး အယောက် ၂၀ ကို ခေါ်ယူနေပါတယ်။

ရေမစိုစေဘဲ ရေချိုးကန်ထဲမှာ ငါးရက်တာ နေတဲ့အခါ ကိုယ်အလေးချိန်ကျတဲ့ အကျိုးသက်ရောက်မှုကို လေ့လာဖို့ဖြစ်ပါတယ်။ ဒီလေ့လာမှုကို ပြင်သစ်နိုင်ငံ၊ Toulouse မြို့၊ MEDES အဆောက်အအုံမှာ ပြုလုပ်မှာပါ။ အဲဒီရေချိုးကန်ထဲကို ဝင်ထိုင်မယ့်သူက ရေစိုခံတဲ့ပစ္စည်းအသုံးအဆောင်တွေကို ဝတ်ဆင်ထားရမှာဖြစ်လို့ ရေစိုမှာ မဟုတ်ပါဘူး။

"ရေချိုးကန်ထဲမှာ ရေမထိအောင် လဲလျောင်းနေတဲ့အခါ ခန္ဓါကိုယ်ပေါ် သက်ရောက်တဲ့ ဖိအားတွေက နည်းသွားမှာပါ။ အဲဒီလိုအနေအထားက နိုင်ငံတကာ အာကာစခန်းတွေက အာကာသယာဉ်မှူးတွေလို လေပေါ် မြောနေပုံနဲ့ ဆင်တူပါတယ်"လို့ ESA က ပြောပါတယ်။ ဒီလေ့လာမှုက ရယ်စရာလို့ ထင်ရပေမယ့် ESA က သုတေသီတွေက အရေးပါတဲ့ လေ့လာမှုလို့ ပြောပါတယ်။

"ဒီလေ့လာမှုမှာပါဝင်ချင်သူတွေက အလွန်ကို များလာပါပြီ။ ဒါပေမယ့် သူတို့က ဟာသတစ်ခုလိုတော့ မမြင်ကြဘူး။ ရေချိူးကန်ထဲမှာ လဲလျောင်းနေရတာက ဖိအားတွေကို လျင်လျင်မြန်မြန် နည်းသွားစေတယ်။ "လို့ ESA ရဲ့ အာကာသယာဉ်အဖွဲ့ခေါင်းဆောင် Jennifer Ngo-Anh က ပြောပါတယ်။ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ ရှိရင် လက်တို့ပေးလိုက်ပါဦးနော်။

Zombie (Lovemedia)

For Zawgyi

ေရခ်ိဳးကန္ထဲမွာ ငါးရက္တာ လဲေလ်ာင္းေပး႐ုံနဲ႔ ေငြရမယ့္အလုပ္

ေလ့လာခ်က္အသစ္မွာ ပါဝင္ဖို႔အတြက္ European Space Agency (ESA) က ပါဝင္မယ့္ လူေတြကို ရွာေဖြေနပါတယ္။ ေရခ်ိဳးကန္ထဲမွာ ဘာမွ မလုပ္ရဘဲ ငါးရက္တာ လဲေလ်ာင္းေပး႐ုံနဲ႔ ပိုက္ဆံရမွာ ျဖစ္ပါတယ္။ ESA က ဒီေလ့လာခ်က္မွာ ပါဝင္ေပးဖို႔အတြက္ အမ်ိဳးသမီး အေယာက္ ၂၀ ကို ေခၚယူေနပါတယ္။

ေရမစိုေစဘဲ ေရခ်ိဳးကန္ထဲမွာ ငါးရက္တာ ေနတဲ့အခါ ကိုယ္အေလးခ်ိန္က်တဲ့ အက်ိဳးသက္ေရာက္မႈကို ေလ့လာဖို႔ျဖစ္ပါတယ္။ ဒီေလ့လာမႈကို ျပင္သစ္ႏိုင္ငံ၊ Toulouse ၿမိဳ႕၊ MEDES အေဆာက္အအုံမွာ ျပဳလုပ္မွာပါ။ အဲဒီေရခ်ိဳးကန္ထဲကို ဝင္ထိုင္မယ့္သူက ေရစိုခံတဲ့ပစၥည္းအသုံးအေဆာင္ေတြကို ဝတ္ဆင္ထားရမွာျဖစ္လို႔ ေရစိုမွာ မဟုတ္ပါဘူး။

"ေရခ်ိဳးကန္ထဲမွာ ေရမထိေအာင္ လဲေလ်ာင္းေနတဲ့အခါ ခႏၶါကိုယ္ေပၚ သက္ေရာက္တဲ့ ဖိအားေတြက နည္းသြားမွာပါ။ အဲဒီလိုအေနအထားက ႏိုင္ငံတကာ အာကာစခန္းေတြက အာကာသယာဥ္မႉးေတြလို ေလေပၚ ေျမာေနပုံနဲ႔ ဆင္တူပါတယ္"လို႔ ESA က ေျပာပါတယ္။ ဒီေလ့လာမႈက ရယ္စရာလို႔ ထင္ရေပမယ့္ ESA က သုေတသီေတြက အေရးပါတဲ့ ေလ့လာမႈလို႔ ေျပာပါတယ္။

"ဒီေလ့လာမႈမွာပါဝင္ခ်င္သူေတြက အလြန္ကို မ်ားလာပါၿပီ။ ဒါေပမယ့္ သူတို႔က ဟာသတစ္ခုလိုေတာ့ မျမင္ၾကဘူး။ ေရခ်ိဴးကန္ထဲမွာ လဲေလ်ာင္းေနရတာက ဖိအားေတြကို လ်င္လ်င္ျမန္ျမန္ နည္းသြားေစတယ္။ "လို႔ ESA ရဲ႕ အာကာသယာဥ္အဖြဲ႕ေခါင္းေဆာင္ Jennifer Ngo-Anh က ေျပာပါတယ္။ စိတ္ဝင္စားတဲ့ သူငယ္ခ်င္းေတြ ရွိရင္ လက္တို႔ေပးလိုက္ပါဦးေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments