လန်ဘော်ဂီနီကားရဖို့ ၃၃ ရက်လုံး အစာငတ်ခံ ဆုတောင်းခဲ့တဲ့ အမျိုးသား

လူတွေက ယုံကြည်တဲ့အရာ တစ်ခုခုရှိရင် အဲဒီ ယုံကြည်မှုနဲ့ အောင်မြင်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ယုံကြည်မှုက လွဲမှားနေတယ် ဆိုရင်တော့ ဒုက္ခရောက်ဖို့ပဲ ရှိမှာပါ။

ဇင်ဘာဘွေနိုင်ငံ၊ Bundura မှာရှိတဲ့ Riesn Saints ဘုရားကျောင်းက လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Mark Muradzira က ဘုရားသခင်ရဲ့ စေတနာကောင်းမှုကို စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဘုရားသခင်ထံမှာ လန်ဘော်ဂီနီကားရဖို့ ဆုတောင်းထားသူပါ။

အသက် ၂၇ နှစ်အရွယ် Mark က ရက်ပေါင်း ၄၀၊ ညပေါင်း ၄၀ လုံး အစာလုံးဝမစားရင် သူ့ဆုတောင်းပြည့်မယ်လို့ ယုံကြည်တာကြောင့် အစားအစာမရနိုင်တဲ့ ဝေးလံတဲ့အရပ်မှာ သီးသန့်သွားနေပါတယ်။ သူက အလုပ်မရှိသူဖြစ်တာကြောင့် ဒေါ်လာ ၂ သိန်းတန်တဲ့ လန်ဘော်ဂီနီကားကို မဝယ်နိုင်ပါဘူး။

သူ့ရဲ့ကောင်မလေးကလည်း လန်ဘော်ဂီနီကားကို လိုချင်တာကြောင့် ဒီနည်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒါကြောင့် အစာမစားတဲ့နည်းနဲ့ ဘုရားသခင်ထံမှာ အဓိဌာန်ဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမယ့် အခြေအနေတွေက Mark ထင်ထားသလို ဖြစ်မလာပါဘူး။ ရက်တွေ ကြာလာတာနဲ့အမျှ ဘာမှမစားတာကြောင့် အားနည်းလာပါတယ်။ သူ့ရဲ့စိတ်ပူတတ်တဲ့ သူငယ်ချင်းတွေကိုပဲ ကျေးဇူးတင်ရမှာပါ။ သူ့သူငယ်ချင်းတွေက သူ့ရဲ့လုံးဝအစာဖြတ်မှုကို စိုးရိမ်ပြီး သူ့ကိုအချိန်မီ သွားခေါ်လာခဲ့ပါတယ်။

အစာဖြတ်တာ ၃၃ ရက်မြောက်နေ့မှာ သူ့ရဲ့ကျန်းမာရေး အခြေအနေက မကောင်းတော့တာကြောင့် Binduru ဆေးရုံကို တင်လိုက်ပါတယ်။ Mark ရဲ့သတင်းက ဘုရားကျောင်းတက်သူတွေကတစ်ဆင့် ပျံ့နှံ့သွားပါတယ်။

Mark ရဲ့ဆန္ဒပြည့်ဖို့ အချို့ကလည်း Mark ကို ငွေတွေလှူပေးပါတယ်။ လှူတဲ့လူတွေကလည်း လန်ဘော်ဂီနီကားဈေးကို သိသွားကြာတဲ့အခါ ဆေးရုံတက်ဖို့ ၃၇ ဒေါ်လာပဲ လှူလိုက်ကြပါတော့တယ်။

"အလုပ်ရဖို့အတွက် အစာအငတ်ခံ ဆုတောင်းခဲ့သင့်တာ"လို့ ဘုရားကျောင်းရဲ့ခေါင်းဆောင် Bishop Mawuru က စိတ်ပျက်လက်ပျက်ပြောပါတယ်။ အခုတော့ Mark တစ်ယောက် ဆေးရုံတက်နေရပါသေးတယ်။

Zombie (Lovemedia)

For Zawgyi

လန္ေဘာ္ဂီနီကားရဖို႔ ၃၃ ရက္လုံး အစာငတ္ခံ ဆုေတာင္းခဲ့တဲ့ အမ်ိဳးသား

လူေတြက ယုံၾကည္တဲ့အရာ တစ္ခုခုရွိရင္ အဲဒီယုံၾကည္မႈနဲ႔ ေအာင္ျမင္တတ္ၾကပါတယ္။ ဒါေပမယ့္ ကိုယ့္ယုံၾကည္မႈက လြဲမွားေနတယ္ ဆိုရင္ေတာ့ ဒုကၡေရာက္ဖို႔ပဲ ရွိမွာပါ။

ဇင္ဘာေဘြႏိုင္ငံ၊ Bundura မွာရွိတဲ့ Riesn Saints ဘုရားေက်ာင္းက လူငယ္ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Mark Muradzira က ဘုရားသခင္ရဲ႕ေစတနာေကာင္းမႈကို စမ္းသပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သူက ဘုရားသခင္ထံမွာ လန္ေဘာ္ဂီနီကားရဖို႔ ဆုေတာင္းထားသူပါ။

အသက္ ၂၇ ႏွစ္အ႐ြယ္ Mark က ရက္ေပါင္း ၄၀၊ ညေပါင္း ၄၀ လုံး အစာလုံးဝမစားရင္ သူ႔ဆုေတာင္းျပည့္မယ္လို႔ ယုံၾကည္တာေၾကာင့္ အစားအစာမရႏိုင္တဲ့ ေဝးလံတဲ့အရပ္မွာ သီးသန႔္သြားေနပါတယ္။ သူက အလုပ္မရွိသူျဖစ္တာေၾကာင့္ ေဒၚလာ ၂ သိန္းတန္တဲ့ လန္ေဘာ္ဂီနီကားကို မဝယ္ႏိုင္ပါဘူး။ သူ႔ရဲ႕ေကာင္မေလးကလည္း လန္ေဘာ္ဂီနီကားကို လိုခ်င္တာေၾကာင့္ ဒီနည္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ အစာမစားတဲ့နည္းနဲ႔ ဘုရားသခင္ထံမွာ အဓိဌာန္ဝင္ဖို႔ ဆုံးျဖတ္လိုက္တာပါ။

ဒါေပမယ့္ အေျခအေနေတြက Mark ထင္ထားသလို ျဖစ္မလာပါဘူး။ ရက္ေတြ ၾကာလာတာနဲ႔အမွ် ဘာမွမစားတာေၾကာင့္ အားနည္းလာပါတယ္။ သူ႔ရဲ႕စိတ္ပူတတ္တဲ့ သူငယ္ခ်င္းေတြကိုပဲ ေက်းဇူးတင္ရမွာပါ။ သူ႔သူငယ္ခ်င္းေတြက သူ႔ရဲ႕လုံးဝအစာျဖတ္မႈကို စိုးရိမ္ၿပီး သူ႔ကိုအခ်ိန္မီ သြားေခၚလာခဲ့ပါတယ္။ အစာျဖတ္တာ ၃၃ ရက္ေျမာက္ေန႔မွာ သူ႔ရဲ႕က်န္းမာေရး အေျခအေနက မေကာင္းေတာ့တာေၾကာင့္ Binduru ေဆး႐ုံကို တင္လိုက္ပါတယ္။

Mark ရဲ႕သတင္းက ဘုရားေက်ာင္းတက္သူေတြကတစ္ဆင့္ ပ်ံ႕ႏွံ႔သြားပါတယ္။ Mark ရဲ႕ဆႏၵျပည့္ဖို႔ အခ်ိဳ႕ကလည္း Mark ကို ေငြေတြလႉေပးပါတယ္။ လႉတဲ့လူေတြကလည္း လန္ေဘာ္ဂီနီကားေဈးကို သိသြားၾကာတဲ့အခါ ေဆး႐ုံတက္ဖို႔ ၃၇ ေဒၚလာပဲ လႉလိုက္ၾကပါေတာ့တယ္။

"အလုပ္ရဖို႔အတြက္ အစာအငတ္ခံ ဆုေတာင္းခဲ့သင့္တာ"လို႔ ဘုရားေက်ာင္းရဲ႕ေခါင္းေဆာင္ Bishop Mawuru က စိတ္ပ်က္လက္ပ်က္ေျပာပါတယ္။ အခုေတာ့ Mark တစ္ေယာက္ ေဆး႐ုံတက္ေနရပါေသးတယ္။

Zombie (Lovemedia)

Post a Comment

0 Comments