ဂျပန်နိုင်ငံက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အသည်းပုံရေကန် (ရုပ်သံ)

ပတ်ဝန်းကျင်က အေးအေးချမ်းချမ်း ငှက်သံလေးတွေနဲ့ သာယာနေတဲ့ Toyoni ဆိုတဲ့ ရေကန်လေးက ခရီးသွားတွေကို နှစ်တိုင်းဆွဲဆောင်နေပါတယ်။ ထူခြားချက်ကတော့ ရေကန်ဟာ အသည်းပုံ ပုံစံလေး ဖြစ်နေလို့ပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကထိ ဘယ်သူမှ မသိခဲ့ပေမယ့်လည်း ဝေဟင်ရိုက်ကူးရေး တစ်ခုကနေ ရိုက်ကူးမိတာကနေစပြီး လူအလည်အပတ်များတဲ့ နေရာအဖြစ် ကျော်ကြားလာပါတော့တယ်။

ရေကန်ရဲ့ မူရင်းနာမည်က Kamuito (သို့) ဘုရားသခင်၏ ရှင်သန်နေသော နေရာတစ်ခုလို့ ဂုဏ်ပြုခေါ်ဆိုကြပါတယ်။ ယခုခေတ်မှာတော့ Toyonidake တောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ Toyoni ကန်လို့ ခေါ်ကြပါတယ်။ ကန်ရဲ့ အကျယ်အဝန်းက ၃၀ ဟက်တာ ကျယ်ဝန်းပါတယ်။ ဒီရေကန်ကို ဝေဟင်ကနေ မြင်ရတဲ့ မြင်ကွင်းက အရမ်းကို ရင်သပ်ရှူမောဖွယ် ကောင်းပါတယ်။

ဆောင်းဦးရာသီ အလယ်လောက်ရောက်တဲ့အခါမှာတော့ အနားမှာရှိတဲ့ သစ်တောတွေဟာ အနီရောင်နဲ့ အညိုရောင်အဖြစ် ပြောင်းသွားပါတယ်။ လေယာဉ်ပေါ်ကနေ ကြည့်ရင်တော့ လှပတဲ့အသည်းနှလုံးပုံစံ ရေကန်ကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

သစ်တောရဲ့ အရောင်နဲ့ ရေကန်ရဲ့အရောင်တို့ဟာ အရမ်းကို ပနရံသင့်လှပါတယ်။ ဒေသခံ ခရီးသွားကုမ္ပဏီတွေက နှစ်စဉ်အောက်တိုဘာလမှာ ဝေဟင်ကနေ ကြည့်လို့ရအောင် ဟယ်လီကော်ပတာ ခရီးစဉ်အဖြစ် စီစဉ်ထားပါတယ်။ ရေကန်ရဲ့အလှဆုံးအချိန်က ဆောင်းဦးရာသီ အလယ်ကာလဖြစ်ပါတယ်။

ရေကန်ရဲ့ကမ်းစပ်ကလည်း နာမည်ကြီးနေရာထဲမှာ ပါဝင်ပါတယ်။ ရေကန်အထိ သွားချင်တယ်ဆိုရင် ခရီးသွားတွေက တောနက်အထိ ခရီးကြမ်းဖြတ်သွားရမှာပါ။ အခုထိတော့ လူသားတွေက ရေကန်အထိ မရောက်ကြသေးပါဘူး။ ဝေဟင်ကနေပဲ မြင်ဖူးကြသေးပါတယ်။ တကယ့်ကို သဘာဝအသည်းပုံရေကန်အဖြစ် ရှိနေပါသေးတယ်။

ဂျပန်နိုင်ငံဟာ လည်ပတ်စရာတွေများတဲ့ နိုင်ငံအဖြစ် ထင်ရှားပါတယ်။ တချို့ကျတော့လည်း ပင်လယ်ကို နှစ်သက်တာကြောင့် ကမ်းခြေကို သွားကြပါတယ်။ တောကောင်လေးတွေ ချစ်တတ်တဲ့သူများ အတွက်လည်း သွားလည်စရာနေရာများ ရှိပါသေးတယ်။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

ဂ်ပန္ႏိုင္ငံက သဘာဝအတိုင္းျဖစ္ေပၚေနတဲ့ အသည္းပုံေရကန္

ပတ္ဝန္းက်င္ကေအးေအးခ်မ္းခ်မ္း ငွက္သံေလးေတြနဲ႔ သာယာေနတဲ့ Toyoni ဆိုတဲ့ ေရကန္ေလးက ခရီးသြားေတြကို ႏွစ္တိုင္းဆြဲေဆာင္ေနပါတယ္။ ထူျခားခ်က္ကေတာ့ ေရကန္ဟာ အသည္းပုံ ပုံစံေလး ျဖစ္ေနလို႔ပါ။

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ကထိ ဘယ္သူမွ မသိခဲ့ေပမယ့္လည္း ေဝဟင္႐ိုက္ကူးေရးတစ္ခုကေန ႐ိုက္ကူးမိတာကေနစၿပီး လူအလည္အပတ္မ်ားတဲ့ ေနရာအျဖစ္ ေက်ာ္ၾကားလာပါေတာ့တယ္။

ေရကန္ရဲ႕ မူရင္းနာမည္က Kamuito (သို႔) ဘုရားသခင္၏ ရွင္သန္ေနေသာ ေနရာတစ္ခုလို႔ ဂုဏ္ျပဳေခၚဆိုၾကပါတယ္။ ယခုေခတ္မွာေတာ့ Toyonidake ေတာင္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ Toyoni ကန္လို႔ ေခၚၾကပါတယ္။ ကန္ရဲ႕ အက်ယ္အဝန္းက ၃၀ ဟက္တာ က်ယ္ဝန္းပါတယ္။ ဒီေရကန္ကို ေဝဟင္ကေန ျမင္ရတဲ့ ျမင္ကြင္းက အရမ္းကို ရင္သပ္ရႉေမာဖြယ္ ေကာင္းပါတယ္။

ေဆာင္းဦးရာသီ အလယ္ေလာက္ေရာက္တဲ့အခါမွာေတာ့ အနားမွာရွိတဲ့ သစ္ေတာေတြဟာ အနီေရာင္နဲ႔ အညိဳေရာင္အျဖစ္ ေျပာင္းသြားပါတယ္။ ေလယာဥ္ေပၚကေန ၾကည့္ရင္ေတာ့ လွပတဲ့အသည္းႏွလုံးပုံစံ ေရကန္ကို ေတြ႕ျမင္ရမွာပဲ ျဖစ္ပါတယ္။

သစ္ေတာရဲ႕ အေရာင္နဲ႔ ေရကန္ရဲ႕အေရာင္တို႔ဟာ အရမ္းကို ပနရံသင့္လွပါတယ္။ ေဒသခံ ခရီးသြားကုမၸဏီေတြက ႏွစ္စဥ္ေအာက္တိုဘာလမွာ ေဝဟင္ကေန ၾကည့္လို႔ရေအာင္ ဟယ္လီေကာ္ပတာ ခရီးစဥ္အျဖစ္ စီစဥ္ထားပါတယ္။ ေရကန္ရဲ႕အလွဆုံးအခ်ိန္က ေဆာင္းဦးရာသီ အလယ္ကာလျဖစ္ပါတယ္။

ေရကန္ရဲ႕ကမ္းစပ္ကလည္း နာမည္ႀကီးေနရာထဲမွာ ပါဝင္ပါတယ္။ ေရကန္အထိ သြားခ်င္တယ္ဆိုရင္ ခရီးသြားေတြက ေတာနက္အထိ ခရီးၾကမ္းျဖတ္သြားရမွာပါ။ အခုထိေတာ့ လူသားေတြက ေရကန္အထိ မေရာက္ၾကေသးပါဘူး။ ေဝဟင္ကေနပဲ ျမင္ဖူးၾကေသးပါတယ္။ တကယ့္ကို သဘာဝအသည္းပုံေရကန္အျဖစ္ ရွိေနပါေသးတယ္။

ဂ်ပန္ႏိုင္ငံဟာ လည္ပတ္စရာေတြမ်ားတဲ့ ႏိုင္ငံအျဖစ္ ထင္ရွားပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ပင္လယ္ကို ႏွစ္သက္တာေၾကာင့္ ကမ္းေျခကို သြားၾကပါတယ္။ ေတာေကာင္ေလးေတြ ခ်စ္တတ္တဲ့သူမ်ား အတြက္လည္း သြားလည္စရာေနရာမ်ား ရွိပါေသးတယ္။

Zombie (Lovemedia)

Post a Comment

0 Comments