ကြောင်တောင်တောင် ဥပဒေတစ်ခုကို ထပ်ထုတ်လိုက်တဲ့ မြောက်ကိုရီးယား
မြောက်ကိုရီးယား သမ္မတ Kim Jonh-un ၏ ကြောင်တောင်တောင်နိုင်သော ဥပဒေတစ်ခု ထပ်ထုတ်ခြင်း
မိတ်ဆွေတို့ မြောက်ကိုရီးယားနိုင်ငံဆိုတာ ကြားဖူးပါသလား။ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိ၊ နေထိုင်မှုပုံစံ လွတ်လပ်လွင့်မရှိ အရာရာကို အစိုးရက ချုပ်ကိုင်ခြယ်လှယ်ထားတာကို မြင်ဖူးကြားဖူးကြမှာပါ။ အခုလဲ Kim Jonh-un ကြီးက နောက်ထပ် ဥပဒေတစ်ခု ထပ်ထုပ်လိုက်ပြန်ပါပြီ။
ဂျင်းဘောင်းဘီကို ဝတ်ခွင့် မရှိတော့ပါဘူး ဆိုတဲ့ ဥပဒေပါ။ ဒါဟာ တော်တော်လဲ ရယ်ချင်စရာ ကောင်းသလို တော်တော်လဲ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ယခုလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဂျင်းဘောင်းဘီကို ဖက်ရှင်တစ်ခုအဖြစ် လူကြီးလူငယ်မရွေး ဝတ်ဆင်နေကြတာပါ။ ဒါကို Kim Jonh-un က နှဖူးမှာ အတက်ပေါက်ပြီး မဝတ်ရလို့ အမိန့်တွေ ဥပဒေတွေ ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုတွေ ဝတ်ဆင်ခြင်းဟာ 'ပြိုကျတော့မယ့် နံရံကို ရေနဲ့ထိုးပတ်နေသလိုပါပဲ' လို့ ဥပမာဆန်းဆန်းနဲ့လဲ ခိုင်းနှိုင်းထားပါသေးတယ်။ အနောက်တိုင်းယဉ်ကျေးမှုတွေ မပြန့်ပွားစေတဲ့ ရည်ရွယ်ချက်နဲ့ပါ။
မြောက်ကိုရီးယားမှာ အဝတ်အစားသာမက ဆံပင်ပုံစံကိုပါ ထိန်းချုပ်ထားပါသေးတယ်။ တရားဝင် ခွင့်ပြုထားတဲ့ ပုံစံ (၁၅) မျိုးကိုသာ ညှပ်ခွင့်ရှိတာပါ။ ဆေးဆိုးခြင်း၊ လိုင်းဖောက်ခြင်းကိုလဲ တားမြစ်ထားပါသေးတယ်။
ဒါ့အပြင်လဲ နှာခေါင်းမှာနဲ့ နှုတ်ခမ်းမှာ အပေါက်ဖောက်တာတွေကိုလဲ ခွင့်မပြုပါဘူး။ ဖက်ရှင်ပိုင်းမှာတင် ကန့်သတ်ထားတာ အစွန်းရောက်နေပါပြီ။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးနော်။ မြောက်ကိုရီးယားမှာ K-Pop နဲ့ K- Drama ကိုလဲ ပိတ်ပင်ထားပါသေးတယ်။ နိုင်ငံပိုင် ရုပ်သံနဲ့ သူတို့ပြတာတွေပဲ ကြည့်ရပါတယ်။ BTS အဖွဲ့ကိုတောင် အဆင့်မရှိဘူးလို့ ပြောထားတာပါ။
Kim Jonh-un ရဲ့အစ်မ Kim yo Jong က သမ္မာကျမ်းစာတွေ၊ မီဒီယာတွေ၊ တေးဂီတတွေကို လူမျိုးရေး မုန်းတီးစေဖို့ ဝါဒဖြန့်တာလို့ ပြောပါတယ်။ တောင်ကိုရီးယား အာဏာပိုင်တွေကိုလဲ အမှိုက်တွေလို ညစ်ပတ်ပြီး စုတ်ပြတ်သတ်နေတဲ့ အရာတွေရဲ့ ဆိုးကျိုးကို ခံနိုင်ရည်ရှိပါစေလို့ ပြောထားပါသေးတယ်။
သင်တို့ရော မြောက်ကိုရီးယားမှာ နေချင်စိတ်ရှိပါလား။ ဖြေပေးခဲ့ပါဦး။ သွားစေချင်တဲ့သူရှိရင်လဲ Mention ခဲ့ပါနော်။
Zombie (Lovemedia)
For Zawgyi
Zombie (Lovemedia)
Post a Comment
0 Comments