ထောင်ထမင်းဟင်း အခမဲ့စားရတော့မှာမို့ ပျော်နေရှာတဲ့ 19 နှစ်အရွယ်ကောင်လေး

အသက် 19 နှစ်အရွယ် Gede Kama ဆိုသူဟာ လက်ကိုင်ဖုန်းတွေ ခိုးမှုနဲ့ တတိယအကြိမ်မြောက် ထောင်ကျသွားပါတယ်။ Kama က ဖုန်းတွေကိုခိုးပြီး Selfie ပုံတွေ ရိုက်ပါတယ်။ ပြီးတော့ ဆန်ဝယ်ဖို့အတွက် ဖုန်းတွေကို ရောင်းလိုက်ပါတယ်။ ဒီအဖြစ်အပျက်က အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။

ရဲတွေက သူ့ကိုမဖမ်းမိခင် ခြောက်ရက်အလိုမှာ Busungbiu လို့ ခေါ်တဲ့ရွာလေးကို နောက်ယောင်ခံလိုက်ပါတယ်။ အဲဒီရွာက သူ့အိမ်မှာပဲ တနင်္ဂနွေနေ့မှာပဲ ဖမ်းဆီးခဲ့ပါတယ်။

" ဒီကောင်လေး ကိုယ်တိုင်က ထောင်ကျမှာကို ပျော်နေတာ။ ထောင်ထဲမှာဆိုရင် စားဖို့သောက်ဖို့အတွက် ပိုက်ဆံရှာဖို့ မပူရတော့ဘူးလို့ ကောင်လေးက ပြောတယ်" ဆိုပြီး ရဲဌာနချုပ်က ဒေသတွင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။

Kama က အိမ်သုံးအိမ်ဆီက ဖုန်းတွေကို ခိုးခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ သူဟာ အိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး ဖုန်းတွေကို ခိုးခဲ့ပါတယ်။ ပြီးတော့ ဖုန်းတွေကို ရွာပတ်ဝန်းကျင်က ဖုန်းဆိုင်တွေမှာ ပြန်ရောင်းပါတယ်။

Kama ကို ဖုန်းခိုးရတဲ့ အကြောင်းရင်းကို မေးတဲ့အခါ ဖုန်းတွေမှာ ကင်မရာလုပ်ဆောင်ချက်တွေကောင်းပြီး selfie ကောင်းကောင်း ရိုက်လို့ရလို့ ခိုးတာပါလို့ ပြန်ဖြေပါတယ်။

"ကျွန်တော်က selfie ဆွဲတယ်လေ။ ဖုန်းတွေကို ငြီးငွေ့လာပြီဆိုရင် ရောင်းလိုက်တယ်။ အဲဒီအခါ ထမင်းဝယ်ဖို့ ပိုက်ဆံရတာပေါ့" ဆိုပြီး Kamaက ဖြေပါတယ်။ သူ့ရဲ့ထွက်ဆိုချက်က ထူးဆန်းနေပေမယ့် ရဲတွေက သူ့ကိုကျွမ်းကျင်သူခိုးတစ်ယောက်လို့ သတ်မှတ်ကြပါတယ်။

AKP Busungbiu ရဲဌာနရဲ့ အကြီးအကဲအဆင့်တစ်ဖြစ်တဲ့ Made Agus Who Wirawan ကတော့ Kama ဟာ ထောင်နှစ်ခါကျဖူးတယ်လို့ ပြောပါတယ်။ Kama က Busungbiu မှာ ဖုန်းခိုးမှုနဲ့ ထောင်ကျပြီး 2018 ခုနှစ် ဇန်နဝါရီလမှာ လွတ်လာခဲ့ပါတယ်။ အခုတော့ သူ့ကို ထောင်ဒဏ်ဆယ်လ ချမှတ်လိုက်ပါပြီ။

Zombie (Lovemedia)

Ref - worldofbuzz

For Zawgyi

ေထာင္ထမင္းဟင္း အခမဲ့စားရေတာ့မွာမို႔ ေပ်ာ္ေနရွာတဲ့ 19 ႏွစ္အ႐ြယ္ေကာင္ေလး

အသက္ 19 ႏွစ္အ႐ြယ္ Gede Kama ဆိုသူဟာ လက္ကိုင္ဖုန္းေတြ ခိုးမႈနဲ႔ တတိယအႀကိမ္ေျမာက္ ေထာင္က်သြားပါတယ္။ Kama က ဖုန္းေတြကိုခိုးၿပီး Selfie ပုံေတြ ႐ိုက္ပါတယ္။ ၿပီးေတာ့ ဆန္ဝယ္ဖို႔အတြက္ ဖုန္းေတြကို ေရာင္းလိုက္ပါတယ္။ ဒီအျဖစ္အပ်က္က အင္ဒိုနီးရွားႏိုင္ငံမွာ ျဖစ္ပြားခဲ့တာပါ။

ရဲေတြက သူ႔ကိုမဖမ္းမိခင္ ေျခာက္ရက္အလိုမွာ Busungbiu လို႔ ေခၚတဲ့႐ြာေလးကို ေနာက္ေယာင္ခံလိုက္ပါတယ္။ အဲဒီ႐ြာက သူ႔အိမ္မွာပဲ တနဂၤေႏြေန႔မွာပဲ ဖမ္းဆီးခဲ့ပါတယ္။

" ဒီေကာင္ေလး ကိုယ္တိုင္က ေထာင္က်မွာကို ေပ်ာ္ေနတာ။ ေထာင္ထဲမွာဆိုရင္ စားဖို႔ေသာက္ဖို႔အတြက္ ပိုက္ဆံရွာဖို႔ မပူရေတာ့ဘူးလို႔ ေကာင္ေလးက ေျပာတယ္" ဆိုၿပီး ရဲဌာနခ်ဳပ္က ေဒသတြင္းမီဒီယာကို ေျပာၾကားခဲ့ပါတယ္။

Kama က အိမ္သုံးအိမ္ဆီက ဖုန္းေတြကို ခိုးခဲ့တယ္လို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာဆိုခဲ့ပါတယ္။ သူဟာ အိမ္ေတြကို ေဖာက္ထြင္းဝင္ေရာက္ၿပီး ဖုန္းေတြကို ခိုးခဲ့ပါတယ္။ ၿပီးေတာ့ ဖုန္းေတြကို ႐ြာပတ္ဝန္းက်င္က ဖုန္းဆိုင္ေတြမွာ ျပန္ေရာင္းပါတယ္။

Kama ကို ဖုန္းခိုးရတဲ့ အေၾကာင္းရင္းကို ေမးတဲ့အခါ ဖုန္းေတြမွာ ကင္မရာလုပ္ေဆာင္ခ်က္ေတြေကာင္းၿပီး selfie ေကာင္းေကာင္း ႐ိုက္လို႔ရလို႔ ခိုးတာပါလို႔ ျပန္ေျဖပါတယ္။

"ကြၽန္ေတာ္က selfie ဆြဲတယ္ေလ။ ဖုန္းေတြကို ၿငီးေငြ႕လာၿပီဆိုရင္ ေရာင္းလိုက္တယ္။ အဲဒီအခါ ထမင္းဝယ္ဖို႔ ပိုက္ဆံရတာေပါ့" ဆိုၿပီး Kamaက ေျဖပါတယ္။ သူ႔ရဲ႕ထြက္ဆိုခ်က္က ထူးဆန္းေနေပမယ့္ ရဲေတြက သူ႔ကိုကြၽမ္းက်င္သူခိုးတစ္ေယာက္လို႔ သတ္မွတ္ၾကပါတယ္။

AKP Busungbiu ရဲဌာနရဲ႕ အႀကီးအကဲအဆင့္တစ္ျဖစ္တဲ့ Made Agus Who Wirawan ကေတာ့ Kama ဟာ ေထာင္ႏွစ္ခါက်ဖူးတယ္လို႔ ေျပာပါတယ္။ Kama က Busungbiu မွာ ဖုန္းခိုးမႈနဲ႔ ေထာင္က်ၿပီး 2018 ခုႏွစ္ ဇန္နဝါရီလမွာ လြတ္လာခဲ့ပါတယ္။ အခုေတာ့ သူ႔ကို ေထာင္ဒဏ္ဆယ္လ ခ်မွတ္လိုက္ပါၿပီ။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments