ခွဲစိတ်မှုပေါ့ဆတာကြောင့် ဗိုက်ထဲမှာ ကျန်နေခဲ့တဲ့ ကတ်ကြေး

အမျိုးသမီးတစ်ဦး၏ ဗိုက်ထဲမှ ကတ်ကြေး

ခွဲစိတ်တယ် ဆိုတာဟာ အလွန်ကို အနုစိတ်ပြီးတော့ တစ်ခုခုလွဲချော်သွားရင် အသက်အန္တာရာယ် ထိခိုက်နိုင်တဲ့အထိကို စိုးရိမ်ရပါတယ်။ ခွဲစိတ်မှုတစ်ခုမှာတော့ ဆရာဝန်ရဲ့ပေါ့ဆမှုကြောင့် အမျိုးသမီးရဲ့ ဗိုက်ထဲမှာ ကပ်ကြေး ကျန်နေခဲ့ပါတယ်။ ဒီလိုကျန်ခဲ့ခြင်းဟာ အမျိုးသမီးကို အချိန်တိုင်း နာကျင်စေပြီး ညတိုင်း အိမ်မက်ဆိုးရှည်ကြီးတစ်ခုကို မက်သလို ခံစားနေခဲ့ရပါတယ်။

တူရကီနိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ အဒင်ဆိုတဲ့ပြည်နယ်က Nurcihan Ogmen ဆိုတဲ့အမျိုးသမီးဟာ ဝမ်းဗိုက်နားမှာ နာကျင်မှုတစ်ခုကို အမြဲခံစားနေရပါတယ်။

ပြည်တွင်းသတင်းထောက်တွေရဲ့ ပြောကြားချက်အရကတော့ Nurcihan Ogmen ရဲ့ ဝမ်းဗိုက်ကိုခွဲပြီးတဲ့နောက်မှာ ဒီလိုဖြစ်တာလို့ ပြောပါတယ်။ ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တာလို့ဆိုပါတယ်။

ထိုကဲ့သို့ ခွဲစိတ်မှုတွေလုပ်ပြီးတဲ့နောက်မှာ အစာအိမ်တစ်ဝိုက်က နာကျင်မှုတွေဖြစ်လာတယ်လို့ ပြောပါတယ်။ အဲ့လိုနာကျင်တာကြောင့်လဲ ဆေးခန်းကိုပြန်သွားပြခဲ့ပါတယ်။

ခွဲစိတ်မှုတွေရဲ့ အစက နာကျင်ကြောင်း၊ နောက်ပိုင်းမှာ သက်သာသွားမှာပါလို့ ဆရာဝန်ကပြန်ပြောပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်ပြောသလို သက်သာမလာခဲ့ပါဘူး။

နေ့စဉ်နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့ အဆုံး Nurcihan ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Kubdettin Ogmen နဲ့ Soke ပြည်နယ်ဆေးရုံမှာ ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဓာတ်မှန် ရိုက်ကြည့်တဲ့ အခါမှာတော့ အံ့သြစရာကောင်းလောက်အောင် Nurcihan ရဲ့ ဗိုက်ထဲမှာ ကတ်ကြေးတစ်ချောင်းကို တွေ့လိုက်ရပါတယ်။

ခွဲစိတ်ပြီးတဲ့နောက်မှာ ပိုပြီးနာကျင်လာတယ်လို့ ဆရာဝန်ကို အပတ်တိုင်း သွားပြောပါတယ်။ ဒါကို ဆရာဝန်က မယုံကြည်ဘဲ ပေါ့သေးသေးပဲ သဘောထားခဲ့ပါတယ်။ ဒီလို ကတ်ကြေးကို တွေ့ပြီးနောက်မှတော့ ပြန်လည်ဖယ်ရှားပေးဖို့ ဆရာဝန်ဆီ ပြန်သွားခဲ့ပါတယ်။

Nurcihan က ခွဲစိတ်ဆရာဝန်အပြင် ဆေးရုံအုပ်နဲ့ အခြားဆေးဘက်ဆိုင်ရာ ဆရာဝန်တွေကို အရေးယူပေးဖို့ အာဏာပိုင်တွေထံ တင်ပြခဲ့ပါတယ်။ ဒီလိုပေါ့ဆခြင်းဟာ လူတစ်ယောက်အတွက်သာမက ဆေးပညာလောကကိုပါ ထိခိုက်စေနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ခြဲစိတ္မႈေပါ့ဆတာေၾကာင့္ ဗိုက္ထဲမွာ က်န္ေနခဲ့တဲ့ ကတ္ေၾကး

အမ်ိဳးသမီးတစ္ဦး၏ ဗိုက္ထဲမွ ကတ္ေၾကး

ခြဲစိတ္တယ္ဆိုတာဟာ အလြန္ကို အႏုစိတ္ၿပီးေတာ့ တစ္ခုခုလြဲေခ်ာ္သြားရင္ အသက္အႏၲာရာယ္ ထိခိုက္ႏိုင္တဲ့အထိကို စိုးရိမ္ရပါတယ္။ ခြဲစိတ္မႈတစ္ခုမွာေတာ့ ဆရာဝန္ရဲ႕ေပါ့ဆမႈေၾကာင့္ အမ်ိဳးသမီးရဲ႕ ဗိုက္ထဲမွာ ကပ္ေၾကး က်န္ေနခဲ့ပါတယ္။ ဒီလိုက်န္ခဲ့ျခင္းဟာ အမ်ိဳးသမီးကို အခ်ိန္တိုင္း နာက်င္ေစၿပီး ညတိုင္း အိမ္မက္ဆိုးရွည္ႀကီးတစ္ခုကို မက္သလို ခံစားေနခဲ့ရပါတယ္။

တူရကီႏိုင္ငံ အေနာက္ေတာင္ဘက္မွာရွိတဲ့ အဒင္ဆိုတဲ့ျပည္နယ္က Nurcihan Ogmen ဆိုတဲ့အမ်ိဳးသမီးဟာ ဝမ္းဗိုက္နားမွာ နာက်င္မႈတစ္ခုကို အၿမဲခံစားေနရပါတယ္။

ျပည္တြင္းသတင္းေထာက္ေတြရဲ႕ ေျပာၾကားခ်က္အရကေတာ့ Nurcihan Ogmen ရဲ႕ ဝမ္းဗိုက္ကိုခြဲၿပီးတဲ့ေနာက္မွာ ဒီလိုျဖစ္တာလို႔ေျပာပါတယ္။ ဆရာဝန္ရဲ႕ ေပါ့ဆမႈေၾကာင့္ ျဖစ္တာလို႔ဆိုပါတယ္။

ထိုကဲ့သို႔ ခြဲစိတ္မႈေတြလုပ္ၿပီးတဲ့ေနာက္မွာ အစာအိမ္တစ္ဝိုက္က နာက်င္မႈေတြျဖစ္လာတယ္လို႔ ေျပာပါတယ္။ အဲ့လိုနာက်င္တာေၾကာင့္လဲ ေဆးခန္းကိုျပန္သြားျပခဲ့ပါတယ္။

ခြဲစိတ္မႈေတြရဲ႕ အစက နာက်င္ေၾကာင္း၊ ေနာက္ပိုင္းမွာ သက္သာသြားမွာပါလို႔ ဆရာဝန္ကျပန္ေျပာပါတယ္။ ဒါေပမယ့္လည္း ဆရာဝန္ေျပာသလို သက္သာမလာခဲ့ပါဘူး။

ေန႔စဥ္နာက်င္မႈေတြကို မခံစားႏိုင္ေတာ့တဲ့ အဆုံး Nurcihan ဟာ သူမရဲ႕ခင္ပြန္းျဖစ္သူ Kubdettin Ogmen နဲ႔ Soke ျပည္နယ္ေဆး႐ုံမွာ ျပဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဓာတ္မွန္ ႐ိုက္ၾကည့္တဲ့ အခါမွာေတာ့ အံ့ၾသစရာေကာင္းေလာက္ေအာင္ Nurcihan ရဲ႕ ဗိုက္ထဲမွာ ကတ္ေၾကးတစ္ေခ်ာင္းကို ေတြ႕လိုက္ရပါတယ္။

ခြဲစိတ္ၿပီးတဲ့ေနာက္မွာ ပိုၿပီးနာက်င္လာတယ္လို႔ ဆရာဝန္ကို အပတ္တိုင္း သြားေျပာပါတယ္။ ဒါကို ဆရာဝန္က မယုံၾကည္ဘဲ ေပါ့ေသးေသးပဲ သေဘာထားခဲ့ပါတယ္။ ဒီလို ကတ္ေၾကးကို ေတြ႕ၿပီးေနာက္မွေတာ့ ျပန္လည္ဖယ္ရွားေပးဖို႔ ဆရာဝန္ဆီ ျပန္သြားခဲ့ပါတယ္။

Nurcihan က ခြဲစိတ္ဆရာဝန္အျပင္ ေဆး႐ုံအုပ္နဲ႔ အျခားေဆးဘက္ဆိုင္ရာ ဆရာဝန္ေတြကို အေရးယူေပးဖို႔ အာဏာပိုင္ေတြထံ တင္ျပခဲ့ပါတယ္။ ဒီလိုေပါ့ဆျခင္းဟာ လူတစ္ေယာက္အတြက္သာမက ေဆးပညာေလာကကိုပါ ထိခိုက္ေစႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments