အသက် ၃၀ မတိုင်ခင် ဆံပင်တွေ အရမ်းဖြူနေရင် ခန္ဓာကိုယ်ကို မပေါ့ဆသင့်ပါဘူး

အသက်ကြီးလာတဲ့အခါ ဆံပင်ဖြူလာတာက သဘာဝပါပဲ။ ဒါပေမယ့် အသက် ၃၀ မတိုင်ခင် ဆံပင်ဖြူလာရင်တော့ ဒါက ခန္ဓာကိုယ်က ကျန်းမာရေးကို သတိပေး လာတာပါ။

နှလုံးရောဂါ

သင့်ဆံပင်တွေက အချိန်မတိုင်ခင်မှာ လျင်လျင်မြန်မြန် ဖြူလာရင် နှလုံးအထူးကု ဆရာဝန်နဲ့ တိုင်ပင်ပါ။ အချိန်မတိုင်ခင် ဆံပင်ဖြူခြင်းက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆက်စပ်နေတတ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါက အစပိုင်းမှာ ရောဂါလက္ခဏာ မပြတာကြောင့် သတိထားကြည့်ဖို့ လိုအပ်ပါတယ်။

Peroxide များပြားလာခြင်း

ပုံမှန်အားဖြင့် ဆံပင်မွေးညှင်းပေါက်တွေက ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို အနည်းငယ် ထုတ်လွှတ်ပါတယ်။ ဒါပေမယ့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တွေ စုလာပြီး များလာတဲ့အခါ ဆံပင်အရောင်တွေက မလှတော့ပါဘူး။

ဗီတာမင် B3 နဲ့ B12 ချို့တဲ့ခြင်း

အရွယ်မတိုင်ခင် ဆံပင်ဖြူတာက အစာအာဟာရနဲ့လည်း သက်ဆိုင်ပါတယ်။ ဗီတာမင် B3 ချို့တဲ့ရင် မယ်လနင်ဓါတ်ဆုံးရှုံးလာပါတယ်။ ဗီတာမင် B12 ဓါတ်ချို့တဲ့ရင်လည်း ဆံပင်နဲ့ အသားအရေ မမှန်တာ ဖြစ်လာပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တဲ့ သူတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူမှာပါ။ ဆေးလိပ်သောက်တာက ဆံပင်ဖြူတာကို မြန်စေတဲ့အပြင် ဆံပင်လည်း အရမ်းကျွတ်ပါတယ်။

မျိုးရိုးဗီဇ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတာက ခန္ဓာကိုယ် ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိဘက အသက် ၃၀ မတိုင်ခင် ဆံပင်ဖြူခဲ့တယ် ဆိုရင် သားသမီးတွေမှာလည်း အသက် ၃၀ မတိုင်ခင် ဆံပင်ဖြူပါတယ်။

Zombie (Lovemedia)

For Zawgyi



နှလုံးရောဂါ






ဆေးလိပ်သောက်ခြင်း


မျိုးရိုးဗီဇ


Zombie (Lovemedia)

Post a Comment

0 Comments