ယခုခေတ်မှာ ဆံပင်ဆိုးဆေးကို အမျိုးသမီးတိုင်းလိုလို အသုံးပြုလာကြပါတယ်။ ဆံပင်ဆိုးဆေးတွေကို ဓါတုဆေးတွေနဲ့ ပြုလုပ်ထားကြပါတယ်။ ဆံပင်ကို ဆေးဆိုးနေချိန်မှာ ဆံပင်ဆိုးဆေးက အငွေ့တွေကို ရှူမိသွားကြပါတယ်။ ဆံပင်ဆိုးဆေးတွေမှာ ဓါတုပစ္စည်းပေါင်း ၅၀၀၀ ကျော် ပါဝင်ပြီး ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တယ်လို့ National Cancer Institute ရဲ့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။
ဒီလေ့လာမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို ဆံပင်ဆိုးဆေး အသုံးပြုပုံနဲ့ ဆံပင်ဖြောင့်ဆေး အသုံးပြုပုံတို့ကို မေးမြန်းခဲ့ပါတယ်။ ဆံပင်ဆိုးဆေးကို ၅ ပတ် တစ်ခါ သို့မဟုတ် ၈ ပတ် တစ်ခါ အသုံးပြုတဲ့ အာဖရိကနွယ်ဖွား အမေရိကန် အမျိုးသမီးတွေက ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။ လူဖြူအမျိုးသမီးတွေမှာတော့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေ ၈ ရာခိုင်နှုန်းရှိပါတယ်။
အာဖရိကနွယ်ဖွား အမေရိကန်အမျိုးသမီးတွေက ဆံပင်ကို ပိုပြီး ဆေးဆိုးကြပါတယ်။ ဆံပင်ဆိုးဆေးတွေမှာ အဓိက ပါဝင်တဲ့ ဖော်မယ်ဒီဟိုက် ဓါတ်ငွေ့က ကင်ဆာဖြစ်စေနိုင်လို့ပါ။ ဒါပေမယ့် ဒီလေ့လာမှုအရ ဆံပင်ဆိုးဆေးတွေကို တစ်ခါတရံ အသုံးပြုသူတွေကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်သာ ရှိပါတယိ။
ဒါပေမယ့် ကင်ဆာဖြစ်ပွားနိုင်ခြေက ဆံပင်ဆိုးဆေး အသုံးပြုပုံပမာဏ၊ မကြာမကြာ အသုံးပြုမှုတို့ အပေါ်လည်း မူတည်နေပါသေးတယ် ။
Zombie (Lovemedia)
For Zawgyi
ဆံပင္ကို မၾကာခဏေဆးဆိုးတဲ့ အမ်ိဳးသမီးေတြ ရင္သားကင္ဆာ ျဖစ္ႏိုင္ေျချမင့္မား
ယခုေခတ္မွာ ဆံပင္ဆိုးေဆးကို အမ်ိဳးသမီးတိုင္းလိုလို အသုံးျပဳလာၾကပါတယ္။ ဆံပင္ဆိုးေဆးေတြကို ဓါတုေဆးေတြနဲ႔ ျပဳလုပ္ထားၾကပါတယ္။ ဆံပင္ကို ေဆးဆိုးေနခ်ိန္မွာ ဆံပင္ဆိုးေဆးက အေငြ႕ေတြကို ရႉမိသြားၾကပါတယ္။ ဆံပင္ဆိုးေဆးေတြမွာ ဓါတုပစၥည္းေပါင္း ၅၀၀၀ ေက်ာ္ ပါဝင္ၿပီး ကင္ဆာေရာဂါကို ျဖစ္ပြားေစႏိုင္တယ္လို႔ National Cancer Institute ရဲ႕ ေလ့လာမႈတစ္ရပ္က ေဖာ္ျပထားပါတယ္။
ဒီေလ့လာမႈမွာ ပါဝင္တဲ့ အမ်ိဳးသမီးေတြကို ဆံပင္ဆိုးေဆးအသုံးျပဳပုံနဲ႔ ဆံပင္ေျဖာင့္ေဆး အသုံးျပဳပုံတို႔ကို ေမးျမန္းခဲ့ပါတယ္။ ဆံပင္ဆိုးေဆးကို ၅ ပတ္ တစ္ခါ သို႔မဟုတ္ ၈ ပတ္ တစ္ခါ အသုံးျပဳတဲ့ အာဖရိကႏြယ္ဖြား အေမရိကန္ အမ်ိဳးသမီးေတြက ရင္သားကင္ဆာ ျဖစ္ပြားႏိုင္ေျခ ၆၀ ရာခိုင္ႏႈန္း ရွိပါတယ္။ လူျဖဴအမ်ိဳးသမီးေတြမွာေတာ့ ရင္သားကင္ဆာျဖစ္ပြားႏိုင္ေခ် ၈ ရာခိုင္ႏႈန္းရွိပါတယ္။
အာဖရိကႏြယ္ဖြား အေမရိကန္အမ်ိဳးသမီးေတြက ဆံပင္ကို ပိုၿပီး ေဆးဆိုးၾကပါတယ္။ ဆံပင္ဆိုးေဆးေတြမွာ အဓိက ပါဝင္တဲ့ ေဖာ္မယ္ဒီဟိုက္ ဓါတ္ေငြ႕က ကင္ဆာျဖစ္ေစႏိုင္လို႔ပါ။ ဒါေပမယ့္ ဒီေလ့လာမႈအရ ဆံပင္ဆိုးေဆးေတြကို တစ္ခါတရံ အသုံးျပဳသူေတြကေတာ့ ရင္သားကင္ဆာျဖစ္ႏိုင္ေျခ အနည္းငယ္သာ ရွိပါတယိ။
ဒါေပမယ့္ ကင္ဆာျဖစ္ပြားႏိုင္ေျခက ဆံပင္ဆိုးေဆး အသုံးျပဳပုံပမာဏ၊ မၾကာမၾကာ အသုံးျပဳမႈတို႔ အေပၚလည္း မူတည္ေနပါေသးတယ္ ။
Zombie (Lovemedia)
0 Comments