ဆံပင်ဖြူတွေကို ဆေးမဆိုးဘဲ ဖုံးကွယ်နိုင်မယ့် နည်းလမ်းများ

ဆံပင်ဖြူတွေဟာ အသက် ၃၀ ကျော်ရင် ပေါ်လာတတ်ကြပါပြီ။ အသက် ၃၀ မတိုင်ခင် ဆံပင်ဖြူတွေ ပေါက်ရင်တော့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းလို့ ခေါ်ပါတယ်။ ဆံပင်ဖြူတွေကို ဖယ်ရှားပစ်ဖို့ အမြန်ဆုံးနည်းလမ်းကတော့ ဆံပင်ဆေးဆိုးတာပါ။ ဒါပေမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ဆံပင်ဖြူတွေက တစ်ဖန် ပြန်ပေါက်လာဦးမှာပါပဲ။

မယ်လနင်ဆိုတာ ဆိုးဆေးတစ်မျိူးဖြစ်ပြီး ဆံပင်ဆိုးဆေးတွေမှာ ထည့်သုံးပါတယ်။ မယ်လနင်ကို မယ်လင်နိုဆိုက်လို့ သိကြတဲ့ အထူးပြုလုပ်ထားတဲ့ ဆဲလ်တွေကနေ ထုတ်လုပ်ပါတယ်။ လူခန္တာကိုယ်ထဲမှာ မယ်လနင်ဓာတ် ထုတ်လုပ်မှု ရပ်တန့်သွားရင် ဆံပင်တွေဖြူလာပါပြီ။ အသက်အရွယ်ကြောင့် ဒါမှမဟုတ် မျိုးရိုးဗီဇကြောင့်လည်း ဖြူပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပုံစံက ဆံပင်ဖြူမှုကို မြင့်တက်စေပါတယ်။

၁။ ဆံပင်ခွဲကြောင်းကို ပြောင်းလိုက်ပါ။

ဆံပင်ဖြူတွေက နားထင်နဲ့နားသယ်စတွေမှာ ပေါက်တတ်ပါတယ်။ ဆံပင်ဖြူတွေကို ဖုံးအုပ်နိုင်ဖို့ သင့်ရဲ့ဆံပင်ခွဲကြောင်းပုံကို ပြောင်းလိုက်ပါ။ ပိုပြီး ဆန်းဆန်းပြားပြား ဖြစ်ချင်ရင်တော့ ဆံပင်ဖြန်းဆေး၊ ဂျယ်၊ ဆံပင်ပုံသွင်းဆေးသုံးပြီး ဆံပင်ကို မြွေလိမ်မြွေကောက် ပုံစံခွဲလိုက်ပါ။

၂။ ဆံပင်ကို ကျစ်ဆံမြီး ကျစ်ပါ။

ဆံပင်က ရှည်တယ်ဆိုရင် ဆံပင်ဖြူတွေကို ကျစ်ဆံမြီးကျစ်ပြီး ဖုံးအုပ်နိုင်ပါတယ်။ အချိန်ပိုပေးနိုင်တယ် ဆိုရင်တော့ ဆံပင်ကို ပွယောင်းယောင်းလေးကျစ်ပြီးရင် ခေါင်းကိုပြန်ပတ်လိုက်ပါ။

၃။ Accessory လေးတွေ ဝတ်ဆင်ပါ။

ဆံပင်က တိုနေတယ်ဆိုရင် ဒါမှမဟုတ် ကျစ်ဆံမြီး မကျစ်ချင်ဘူးဆိုရင် accessory လေးတွေသုံးပါ။ ဆံကုပ်လေးတွေ၊ ဆံညှပ်လေးတွေ တွယ်ခြင်းဖြင့် ဆံပင်ဖြူတွေကို ဖုံးအုပ်နိုင်ပါတယ်။ ဦးထုပ်ဆောင်းပြီးတောလည်း ဖုံးလို့ရပါတယ်။ ဘယ်ရီကတ်ဦးထုပ်က ဆောင်းဦးရာသီမှာ ခေတ်စားပါတယ်။

၄။ ဆံပင် ပွယောင်းယောင်း ဖြစ်အောင်လုပ်ပါ။

ဆံပင်ပွယောင်းယောင်းဖြစ်နေခြင်းက ဆံပင်ဖြူတွေကို ဖုံးအုပ်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဆံပင်က အဖျားနားမှာ ကောက်ထားလို့ ရပါတယ်။ ဆံပင်ကောက်လေးတွေ ပွယောင်းယောင်း ဖြစ်နေတယ်လို့ထင်ရပြီး ဆံပင်ဖြူတွေကိုလည်း ဖုံးအုပ်ပေးထားနိုင်ပါတယ်။

၅။ အရောင်ပါတဲ့ ဆံပက်ဖြန်းဆေးတွေကိုသုံးပါ။

ဆံပင်ဖြူတွေကို ဖုံးဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ အရောင်ပါတဲ့ ဆံပင်ဖြန်းဆေးတွေကို သုံးပါ။ အရောင်ပါတဲ့ ဆံပင်ဖြန်းဆေးတွေက ဆံပင်မှာ အကြာကြီးမစွဲပါဘူး။ အချိန်မရတဲ့အခါမှာ ဆံပင်ကို အရောင်တောက်ပချင်ရင် ၊ ဆံပင်ဖြူတွေကို ဖုံးချင်ရင် အရောင်ပါတဲ့ ဆံပင်ဖြန်းဆေးကို သုံးပါ။

၆။ ဆံပင်ဖြူကို ဘယ်လိုကာကွယ်ကြမလဲ? ။ ဆံပင်ဖြူတွေကို ဘာတွေမလုပ်သင့်ဘူးလဲ? ။

ဆံပင်ဖြူတွေကို မနုတ်ပစ်ပါနဲ့။ ဆံပင်တွေကိုနှူတ်ပစ်တဲ့အခါ မွေးညှင်းပေါက်လေးတွေကို ဖျက်ဆီးသလို ဖြစ်စေပါတယ်။ နောက်ဆုံးမှာတော့ ဆံပင်တွေထပ်မပေါက်နိုင်တော့ဘဲ ပြောင်သွားပါလိမ့်မယ်။ ဆံပင်မရှိတော့ရင် ဆံပင်ဖြူးတွေကိုလည်း ဖုံးလို့မရတော့ပါဘူး။

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ချင်ရင်တော့ သင့်ရဲ့နေထိုင်မှု ပုံစံကို ပြောင်းလဲသင့်ပါတယ်။

၁။ ဆေးလိပ်မသောက်ပါနဲ့။

၂။ တိရစ္ဆာန်တွေရဲ့ အသည်းကိုစားပါ။ အသည်းမှာ ဗီ်တာမင် B12 ပါဝင်ပါတယ်။ ဗီ်တာမင် B12 ချို့တဲ့ရင် အရွယ်မတိုင်ခင် ဆံပင်ဖြူတတ်ပါတယ်။

၃။ စိတ်ဖိစီးမှုများရင် ဆံပင်ဖြူတယ်လို့ လူအများစုက ထင်ကြပါတယ်။ သိပ္ပံပညာရှင်တွေ ကတော့ ဒီအချက်က မှန်ကန်ကြောင်းသက်သေပြနိုင်တဲ့ အချက်အလက်တွေ မတွေ့သေးပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုများတာက ခန္ဓာကိုယ် ကိုလည်း ထိခိုက်စေပါတယ်။ အဲဒါကြောင့် စိတ်ကိုအေးအေးထားပြီး အသေးအမွှားလေးတွေဆိုရင် စိတ်မပူပါနဲ့ ဘာမဆိုပျော်ပျော်ပဲနေပါ။

Zombie (Lovemedia)

Ref - Worldofbuzz

For Zawgyi

ဆံပင္ျဖဴေတြကို ေဆးမဆိုးဘဲ ဖုံးကြယ္ႏိုင္မယ့္ နည္းလမ္းမ်ား

ဆံပင္ျဖဴေတြဟာ အသက္ ၃၀ ေက်ာ္ရင္ ေပၚလာတတ္ၾကပါၿပီ။ အသက္ ၃၀ မတိုင္ခင္ ဆံပင္ျဖဴေတြေပါက္ရင္ေတာ့ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းလို႔ ေခၚပါတယ္။ ဆံပင္ျဖဴေတြကို ဖယ္ရွားပစ္ဖို႔ အျမန္ဆုံးနည္းလမ္းကေတာ့ ဆံပင္ေဆးဆိုးတာပါ။ ဒါေပမယ့္ ရက္သတၱပတ္ အနည္းငယ္အတြင္းမွာပဲ ဆံပင္ျဖဴေတြက တစ္ဖန္ ျပန္ေပါက္လာဦးမွာပါပဲ။

မယ္လနင္ဆိုတာ ဆိုးေဆးတစ္မ်ိဴးျဖစ္ၿပီး ဆံပင္ဆိုးေဆးေတြမွာ ထည့္သုံးပါတယ္။ မယ္လနင္ကို မယ္လင္ႏိုဆိုက္လို႔ သိၾကတဲ့ အထူးျပဳလုပ္ထားတဲ့ ဆဲလ္ေတြကေန ထုတ္လုပ္ပါတယ္။ လူခႏၲာကိုယ္ထဲမွာ မယ္လနင္ဓာတ္ ထုတ္လုပ္မႈ ရပ္တန႔္သြားရင္ ဆံပင္ေတြျဖဴလာပါၿပီ။ အသက္အ႐ြယ္ေၾကာင့္ ဒါမွမဟုတ္ မ်ိဳး႐ိုးဗီဇေၾကာင့္လည္း ျဖဴပါတယ္။ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ပုံစံက ဆံပင္ျဖဴမႈကို ျမင့္တက္ေစပါတယ္။

၁။ ဆံပင္ခြဲေၾကာင္းကို ေျပာင္းလိုက္ပါ။

ဆံပင္ျဖဴေတြက နားထင္နဲ႔နားသယ္စေတြမွာ ေပါက္တတ္ပါတယ္။ ဆံပင္ျဖဴေတြကို ဖုံးအုပ္ႏိုင္ဖို႔ သင့္ရဲ႕ဆံပင္ခြဲေၾကာင္းပုံကို ေျပာင္းလိုက္ပါ။ ပိုၿပီး ဆန္းဆန္းျပားျပား ျဖစ္ခ်င္ရင္ေတာ့ ဆံပင္ျဖန္းေဆး၊ ဂ်ယ္၊ ဆံပင္ပုံသြင္းေဆးသုံးၿပီး ဆံပင္ကို ေႁမြလိမ္ေႁမြေကာက္ ပုံစံခြဲလိုက္ပါ။

၂။ ဆံပင္ကို က်စ္ဆံၿမီး က်စ္ပါ။

ဆံပင္က ရွည္တယ္ဆိုရင္ ဆံပင္ျဖဴေတြကို က်စ္ဆံၿမီးက်စ္ၿပီး ဖုံးအုပ္ႏိုင္ပါတယ္။ အခ်ိန္ပိုေပးႏိုင္တယ္ ဆိုရင္ေတာ့ ဆံပင္ကို ပြေယာင္းေယာင္းေလးက်စ္ၿပီးရင္ ေခါင္းကိုျပန္ပတ္လိုက္ပါ။

၃။ Accessory ေလးေတြ ဝတ္ဆင္ပါ။

ဆံပင္က တိုေနတယ္ဆိုရင္ ဒါမွမဟုတ္ က်စ္ဆံၿမီး မက်စ္ခ်င္ဘူးဆိုရင္ accessory ေလးေတြသုံးပါ။ ဆံကုပ္ေလးေတြ၊ ဆံညႇပ္ေလးေတြ တြယ္ျခင္းျဖင့္ ဆံပင္ျဖဴေတြကို ဖုံးအုပ္ႏိုင္ပါတယ္။ ဦးထုပ္ေဆာင္းၿပီးေတာလည္း ဖုံးလို႔ရပါတယ္။ ဘယ္ရီကတ္ဦးထုပ္က ေဆာင္းဦးရာသီမွာ ေခတ္စားပါတယ္။

၄။ ဆံပင္ ပြေယာင္းေယာင္း ျဖစ္ေအာင္လုပ္ပါ။

ဆံပင္ပြေယာင္းေယာင္းျဖစ္ေနျခင္းက ဆံပင္ျဖဴေတြကို ဖုံးအုပ္ဖို႔ အကူအညီေပးႏိုင္ပါတယ္။ ဆံပင္က အဖ်ားနားမွာ ေကာက္ထားလို႔ ရပါတယ္။ ဆံပင္ေကာက္ေလးေတြ ပြေယာင္းေယာင္း ျဖစ္ေနတယ္လို႔ထင္ရၿပီး ဆံပင္ျဖဴေတြကိုလည္း ဖုံးအုပ္ေပးထားႏိုင္ပါတယ္။

၅။ အေရာင္ပါတဲ့ ဆံပက္ျဖန္းေဆးေတြကိုသုံးပါ။

ဆံပင္ျဖဴေတြကို ဖုံးဖို႔ အထိေရာက္ဆုံး နည္းလမ္းကေတာ့ အေရာင္ပါတဲ့ ဆံပင္ျဖန္းေဆးေတြကို သုံးပါ။ အေရာင္ပါတဲ့ ဆံပင္ျဖန္းေဆးေတြက ဆံပင္မွာ အၾကာႀကီးမစြဲပါဘူး။ အခ်ိန္မရတဲ့အခါမွာ ဆံပင္ကို အေရာင္ေတာက္ပခ်င္ရင္ ၊ ဆံပင္ျဖဴေတြကို ဖုံးခ်င္ရင္ အေရာင္ပါတဲ့ ဆံပင္ျဖန္းေဆးကို သုံးပါ။

၆။ ဆံပင္ျဖဴကို ဘယ္လိုကာကြယ္ၾကမလဲ? ။ ဆံပင္ျဖဴေတြကို ဘာေတြမလုပ္သင့္ဘူးလဲ? ။

ဆံပင္ျဖဴေတြကို မႏုတ္ပစ္ပါနဲ႔။ ဆံပင္ေတြကိုႏႉတ္ပစ္တဲ့အခါ ေမြးညႇင္းေပါက္ေလးေတြကို ဖ်က္ဆီးသလို ျဖစ္ေစပါတယ္။ ေနာက္ဆုံးမွာေတာ့ ဆံပင္ေတြထပ္မေပါက္ႏိုင္ေတာ့ဘဲ ေျပာင္သြားပါလိမ့္မယ္။ ဆံပင္မရွိေတာ့ရင္ ဆံပင္ျဖဴးေတြကိုလည္း ဖုံးလို႔မရေတာ့ပါဘူး။

အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းကို ကာကြယ္ခ်င္ရင္ေတာ့ သင့္ရဲ႕ေနထိုင္မႈ ပုံစံကို ေျပာင္းလဲသင့္ပါတယ္။

၁။ ေဆးလိပ္မေသာက္ပါနဲ႔။

၂။ တိရစာၦန္ေတြရဲ႕ အသည္းကိုစားပါ။ အသည္းမွာ ဗီ္တာမင္ B12 ပါဝင္ပါတယ္။ ဗီ္တာမင္ B12 ခ်ိဳ႕တဲ့ရင္ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတတ္ပါတယ္။

၃။ စိတ္ဖိစီးမႈမ်ားရင္ ဆံပင္ျဖဴတယ္လို႔ လူအမ်ားစုက ထင္ၾကပါတယ္။ သိပၸံပညာရွင္ေတြ ကေတာ့ ဒီအခ်က္က မွန္ကန္ေၾကာင္းသက္ေသျပႏိုင္တဲ့ အခ်က္အလက္ေတြ မေတြ႕ေသးပါဘူး။ ဒါေပမယ့္ စိတ္ဖိစီးမႈမ်ားတာက ခႏၶာကိုယ္ ကိုလည္း ထိခိုက္ေစပါတယ္။ အဲဒါေၾကာင့္ စိတ္ကိုေအးေအးထားၿပီး အေသးအမႊားေလးေတြဆိုရင္ စိတ္မပူပါနဲ႔ ဘာမဆိုေပ်ာ္ေပ်ာ္ပဲေနပါ။

Zombie (Lovemedia)

Ref - Worldofbuzz

Post a Comment

0 Comments