အမြဲကျန်းမာနေစေဖို့ မနက်တိုင်းပြုလုပ်သင့်တဲ့ အချက် (၅) ချက်

မနက်ခင်းမှာပြုလုပ်နေကျ လေ့ကျင့်ခန်းတွေက ကျန်းမာရေးအတွက် အကျိုးကြီးမားပါတယ်။ ဒါပေမယ့် တချို့လေ့ကျင့်ခန်း သေးသေးမွှားမွှားလေးတွေကလည်း လုပ်ရတာ လွယ်ကူပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။

၁။ နားကို နှိပ်နယ်ပေးပါ။

နားကိုနှိပ်နယ်ပေးခြင်းက အိပ်ရေးဝစေ ပါတယ်။ အိပ်ယာနိုးနိုးချင်း မနက်အစောမှာ နားကို နှိပ်နယ်ပေးရမှာပါ။ နားရဲ့အားရုံခံစားနိုင်တဲ့ အစိတ်အပိုင်းတွေကို နှိပ်နယ်ပေးခြင်းက တစ်နေ့တာလုံး အတွက်စွမ်းအင်ကို ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။

၂။ သံပရာသီး ရေနွေးစိမ်သောက်ပါ။

မနက်ခင်းမှာ ကောက်ဖီသောက်ခြင်းထက် သံပရာသီးရေနွေးစိမ်တစ်ခွက် သောက်ခြင်းက ကျန်းမာရေးအတွက် ပိုကောင်းစေပါတယ်။ သံပရာသီးရေနွေးစိမ်က အစာချေစနစ်၊ ကျောက်ကပ်၊ အူမကြီးတို့ရဲ့ အလုပ်လုပ်မှုကိုတိုးတက်စေပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ကိုယ်ခံအားကိုလည်း ကြံ့ခိုင်စေပါတယ်။ သံပရာသီးတစ်လုံးလုံးကို ညှစ်သောက်စရာမလိုပါဘူး။ တစ်ဝက်လောက်ဆိုရပါပြီ။ မနက်စာမစားခင် မိနစ်၂၀ ဒါမှမဟုတ် ၃၀ လောက်မှာ သံပရာသီးရေနွေးစိမ်ကို သောက်ပေးသင့်ပါတယ်။

၃။ လျှာကို သန့်ရှင်းရေးလုပ်ပါ။

လူအများစုကတော့ တစ်နေ့ကို သွားနှစ်ကြိမ် တိုက်ရတာကိုပဲ သိကြပါတယ်။ ဒါပေမယ့် ဘက်တီးရီးယားတော်တော်များများက လျှာပေါ်မှာ ပျော်ကြပါတယ်။ အဲဒီဘက်တီးရီးယားတွေက ခံတွင်းနံ့ကို ဆိုးစေပါတယ်။ အဲဒီကနေတစ်ဆင့် သွားတွေကို ထိခိုက်စေပြီး သွားဖုံးတွေကိုလည်း ထိခိုက်စေပါတယ်။ လျှာကိုသန့်ရှင်းရေးလုပ်ဖို့ သာမန်သွားတိုက်တံလေးပဲ လိုအပ်တာပါ။ လျှာရဲ့မျက်နှာပြင်ကို မထိခိုက်အောင် အသာအယာ ပွတ်တိုက်ပေးရုံပါပဲ။

၄။ ပျားရည်တစ်ဇွန်း အပြည့်စားပါ။

ပျားရည်က ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို ဖြည့်ပေးပါတယ်။ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေကိုလည်း လှုံ့ဆော်ပေးပါတယ်။ အအေးမိခြင်းကို ကုသပေးပြီး ဓာတ်မတည့်မှုတွေကိုလည်း ပျောက်ကင်းစေပါတယ်။ အဲဒါကြောင့် မနက်ခင်းမှာ ပျားရည်တစ်ဇွန်းအပြည့်ကို စားပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ လတ်ဆတ်သန့်ရှင်းတဲ့ ပျားရည်ဖြစ်ဖို့က အရေးကြီးဆုံးပါ။ ပျားရည်ကို မနက်စာမစားခင် ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ်ခန့်အလိုမှာ စားပေးနိုင်ပါတယ်။ ပျားရည်လက်ဖက်ရည်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်မယ်ဆိုရင်လည်း အကျိုးအာနိသင် အတူတူပါပဲ။

၅။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်နဲ့ ပလုတ်ကျင်းပါ။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် ၅ စက်ကနေ ၇ စက်ကို ရေ ၅၀ မီလီမီတာနဲ့ ရောမွှေပြီး ပလုတ်ကျင်းစေခြင်းက သွားတွေကို ဖြူစင်စေပါတယ်။ ခံတွင်းနံ့ကို ကင်းစေပြီး သွားဖုံးကိုလည်း ကာကွယ်ပေးပါတယ်။

Zombie (Lovemedia)

For Zawgyi

အၿမဲက်န္းမာေနေစဖို႔ မနက္တိုင္းျပဳလုပ္သင့္တဲ့ အခ်က္ (၅) ခ်က္

မနက္ခင္းမွာျပဳလုပ္ေနက် ေလ့က်င့္ခန္းေတြက က်န္းမာေရးအတြက္ အက်ိဳးႀကီးမားပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေလ့က်င့္ခန္း ေသးေသးမႊားမႊားေလးေတြကလည္း လုပ္ရတာ လြယ္ကူၿပီး စိတ္ေရာကိုယ္ပါ က်န္းမာေစပါတယ္။

၁။ နားကိုႏွိပ္နယ္ေပးပါ။

နားကိုႏွိပ္နယ္ေပးျခင္းက အိပ္ေရးဝေစ ပါတယ္။ အိပ္ယာႏိုးႏိုးခ်င္း မနက္အေစာမွာ နားကို ႏွိပ္နယ္ေပးရမွာပါ။ နားရဲ႕အား႐ုံခံစားႏိုင္တဲ့ အစိတ္အပိုင္းေတြကို ႏွိပ္နယ္ေပးျခင္းက တစ္ေန႔တာလုံး အတြက္စြမ္းအင္ကို ျဖည့္ေပးၿပီး လန္းဆန္းေစပါတယ္။

၂။ သံပရာသီးေရေႏြးစိမ္ေသာက္ပါ။

မနက္ခင္းမွာ ေကာက္ဖီေသာက္ျခင္းထက္ သံပရာသီးေရေႏြးစိမ္တစ္ခြက္ ေသာက္ျခင္းက က်န္းမာေရးအတြက္ ပိုေကာင္းေစပါတယ္။ သံပရာသီးေရေႏြးစိမ္က အစာေခ်စနစ္၊ ေက်ာက္ကပ္၊ အူမႀကီးတို႔ရဲ႕ အလုပ္လုပ္မႈကိုတိုးတက္ေစပါတယ္။ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ကိုယ္ခံအားကိုလည္း ႀကံ့ခိုင္ေစပါတယ္။ သံပရာသီးတစ္လုံးလုံးကို ညႇစ္ေသာက္စရာမလိုပါဘူး။ တစ္ဝက္ေလာက္ဆိုရပါၿပီ။ မနက္စာမစားခင္ မိနစ္၂၀ ဒါမွမဟုတ္ ၃၀ေလာက္မွာ သံပရာသီးေရေႏြးစိမ္ကို ေသာက္ေပးသင့္ပါတယ္။

၃။ လွ်ာကိုသန႔္ရွင္းေရးလုပ္ပါ။

လူအမ်ားစုကေတာ့ တစ္ေန႔ကို သြားႏွစ္ႀကိမ္တိုက္ရတာကိုပဲ သိၾကပါတယ္။ ဒါေပမယ့္ ဘက္တီးရီးယားေတာ္ေတာ္မ်ားမ်ားက လွ်ာေပၚမွာ ေပ်ာ္ၾကပါတယ္။ အဲဒီဘက္တီးရီးယားေတြက ခံတြင္းနံ႔ကိုဆိုးေစပါတယ္။ အဲဒီကေနတစ္ဆင့္ သြားေတြကို ထိခိုက္ေစၿပီး သြားဖုံးေတြကိုလည္းထိခိုက္ေစပါတယ္။ လွ်ာကိုသန႔္ရွင္းေရးလုပ္ဖို႔ သာမန္သြားတိုက္တံေလးပဲ လိုအပ္တာပါ။ လွ်ာရဲ႕မ်က္ႏွာျပင္ကို မထိခိုက္ေအာင္အသာအယာ ပြတ္တိုက္ေပး႐ုံပါပဲ။

၄။ ပ်ားရည္တစ္ဇြန္းအျပည့္စားပါ။

ပ်ားရည္ကခႏၶာကိုယ္ရဲ႕စြမ္းအင္ေတြကို ျဖည့္ေပးပါတယ္။ ဦးေႏွာက္ရဲ႕မွတ္ဉာဏ္ေတြကိုလည္း လႈံ႕ေဆာ္ေပးပါတယ္။ အေအးမိျခင္းကို ကုသေပးၿပီး ဓာတ္မတည့္မႈေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။ အဲဒါေၾကာင့္ မနက္ခင္းမွာပ်ားရည္တစ္ဇြန္းအျပည့္ကိုစားေပးသင့္ပါတယ္။ သဘာဝအတိုင္းျပဳလုပ္ထားတဲ့လတ္ဆတ္သန႔္ရွင္းတဲ့ပ်ားရည္ျဖစ္ဖို႔က အေရးႀကီးဆုံးပါ။ ပ်ားရည္ကိုမနက္စာမစားခင္ ၁၀မိနစ္ သို႔မဟုတ္ ၁၅မိနစ္ခန႔္အလိုမွာ စားေပးႏိုင္ပါတယ္။ ပ်ားရည္လက္ဖက္ရည္ဇြန္းကို ေရတစ္ဖန္ခြက္နဲ႔ ေဖ်ာ္ေသာက္မယ္ဆိုရင္လည္း အက်ိဳးအာနိသင္ အတူတူပါပဲ။

၅။ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္အရည္နဲ႔ ပလုတ္က်င္းပါ။

ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္အရည္ ၅ စက္ကေန ၇ စက္ကို ေရ ၅၀ မီလီမီတာနဲ႔ ေရာေမႊၿပီး ပလုတ္က်င္းေစျခင္းက သြားေတြကိုျဖဴစင္ေစပါတယ္။ ခံတြင္းနံ႔ကိုကင္းေစၿပီး သြားဖုံးကိုလည္း ကာကြယ္ေပးပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments