အစားသောင်းကျန်းလို့ ရေဘဝဲ ကိုက်ခံလိုက်ရတဲ့ မမချော (ရုပ်သံ)

ပင်လယ်စာတွေကို ကမ္ဘာတစ်ဝှမ်းက လူတွေက နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ်။ ပင်လယ်စာကို နည်းအမျိုးမျိုးနဲ့ ဖန်တီးပြီး စားသောက်ကြပါတယ်။ တချို့ကတော့ ရေခဲသေတ္တာထဲတောင် မထည့်ဘဲ လတ်လတ်ဆတ်ဆတ် အစိမ်းစားကြပါတယ်။

ရေဘဝဲက ပန်းကန်ထဲမှာ လူးလွန့်နေပြီး ရေဘဝဲရဲ့ လက်တွေကို စားတဲ့ Video တွေ အများကြီး ရှိပါတယ်။ တချို့ဆို ရေဘဝအရှင်ရဲ့ လက်တွေကို အချဉ်ရည်ထဲနှစ်ပြီး စားကြပါတယ်။ ပြီးတော့ ရေဘဝလက်တွေက လျှာနဲ့လည်ချောင်းကို မရစ်တွယ်ခင်မှာ မြန်မြန် ဝါးစားလိုက်ကြပါတယ်။ အဲဒီလို အစိမ်းစားလိုက်တာဟာ အတော်ကို အသည်းယားစရာ ကောင်းပါတယ်။

Jiangsu စီရင်စု Lianyungang မြို့က အမျိုးသမီးတစ်ယောက်ဟာ ပြည်ကြီးငါး ပေါက်စတွေကို စားလို့ရရဲ့သားနဲ့ သူမရဲ့ခေါင်းထက်ကြီးတဲ့ ရေဘဝဲတွေကို ကိုင်ပြီး စားပြနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့ပါတယ်။

ဒီအမျိူးသမီးက Seaside Girl Little Seven ဆိုပြီး Social Media တွေပေါ်မှာ ထင်ရှားပါတယ်။ သူမဟာ Live လွှင့်ပြီးတော့ အစာစားပြတဲ့ Blogger တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမဟာ အကြံကောင်းတစ်ခုကို ရသွားပါတယ်။

50 sec ကြာမြင့်တဲ့ Video ထဲမှာ သူမဟာ မျက်နှာနီးပါးကြီးမားတဲ့ ရေဘဝရဲ့လက်တစ်ချောင်းကို ကိုက်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ရေဘဝရဲက သူမရဲ့မျက်နှ ာဘယ်ဘက်ကို လာကပ်တဲ့အတွက်ကြောင့် Seaside Girl အလန့်တကြား အော်မိသွားပါတယ်။

Seaside Girl ဟာ ရေဘဝဲကို မျက်နှာကနေ ဖယ်ထုတ်ပါတယ်။ သူမ ထင်ထားတာထက်ကို ခက်ခဲနေပါတယ်။ ရေဘဝဲဟာ သေသွားခဲ့ပေမယ့် လက်တွေက ရှင်သန်နေသေးတာကို သူမ မသိခဲ့တာပါ။ ရေဘဝရဲ့လက်တွေကသူမရဲ့ နှုတ်ခမ်း၊ ပါး၊ မျက်ခွံတွေမှာ ခိုင်ခိုင်မြဲမြဲ တွယ်ကပ်နေလို့ နာပြီးအော်ငိုနေခဲ့ပါတယ်။

30 sec ကြာ ဖယ်ရှားပြီးတဲ့နောက်မှာတော့ ရေဘဝဲက မျက်နှာကို မကပ်တော့ပါဘူး။ နောက် Video မှာ ရေဘဝဲ စားပြမယ်လို့လဲ ကြည့်ရှူသူတွေကို ပြောပါတယ်။ ရေဘဝဲရဲ့လက်တွေက သူမရဲ့မျက်နှာကို ကပ်တွယ်သွားတာကြောင့် အပေါက်လေးတွေဖြစ်သွားပြီး သွေးထွက်နေ ခဲ့ပါတယ်။ ရေဘဝဲကတော့ သေသွားပေမယ့် အစွမ်းရှိသလောက် ကိုယ့်ကိုယ်ကို ကာကွယ်သွားခဲ့ပါတယ်။

ရုပ်သံ

Zombie (Lovemedia)

Ref - worldofbuzz

For Zawgyi

အစားေသာင္းက်န္းလို႔ ေရဘဝဲကိုက္ခံလိုက္ရတဲ့ မမေခ်ာ

ပင္လယ္စာေတြကို ကမာၻတစ္ဝွမ္းက လူေတြက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စားသုံးၾက ပါတယ္။ ပင္လယ္စာကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဖန္တီးၿပီး စားေသာက္ၾက ပါတယ္။ တခ်ိဳ႕ကေတာ့ ေရခဲေသတၱာထဲေတာင္ မထည့္ဘဲ လတ္လတ္ဆတ္ဆတ္ အစိမ္းစားၾကပါတယ္။

ေရဘဝဲက ပန္းကန္ထဲမွာ လူးလြန႔္ေနၿပီး ေရဘဝဲရဲ႕ လက္ေတြကို စားတဲ့ Video ေတြ အမ်ားႀကီး ရွိပါတယ္။ တခ်ိဳ႕ဆို ေရဘဝအရွင္ရဲ႕ လက္ေတြကို အခ်ဥ္ရည္ထဲႏွစ္ၿပီး စားၾကပါတယ္။ ၿပီးေတာ့ ေရဘဝလက္ေတြက လွ်ာနဲ႔လည္ေခ်ာင္းကို မရစ္တြယ္ခင္မွာ ျမန္ျမန္ဝါးစားလိုက္ၾကပါတယ္။ အဲဒီလို အစိမ္းစားလိုက္တာဟာ အေတာ္ကို အသည္းယားစရာ ေကာင္းပါတယ္။

Jiangsu စီရင္စု Lianyungang ၿမိဳ႕က အမ်ိဳးသမီးတစ္ေယာက္ဟာ ျပည္ႀကီးငါး ေပါက္စေတြကို စားလို႔ရရဲ႕သားနဲ႔ သူမရဲ႕ေခါင္းထက္ႀကီးတဲ့ ေရဘဝဲေတြကို ကိုင္ၿပီး စားျပႏိုင္တယ္လို႔ ကိုယ့္ကိုယ္ကိုယုံၾကည္ခဲ့ပါတယ္။

ဒီအမ်ိဴးသမီးက Seaside Girl Little Seven ဆိုၿပီး Social Media ေတြေပၚမွာ ထင္ရွားပါတယ္။ သူမဟာ Live လႊင့္ၿပီးေတာ့ အစာစားျပတဲ့ Blogger တစ္ဦးလည္း ျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ သူမဟာ အႀကံေကာင္းတစ္ခုကို ရသြားပါတယ္။

50 sec ၾကာျမင့္တဲ့ Video ထဲမွာ သူမဟာ မ်က္ႏွာနီးပါးႀကီးမားတဲ့ ေရဘဝရဲ႕လက္တစ္ေခ်ာင္းကို ကိုက္ဖို႔ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ ေရဘဝရဲက သူမရဲ႕မ်က္ႏွာဘယ္ဘက္ကို လာကပ္တဲ့အတြက္ေၾကာင့္ Seaside Girl အလန႔္တၾကားေအာ္မိသြားပါတယ္။ Seaside Girl ဟာ ေရဘဝဲကို မ်က္ႏွာကေန ဖယ္ထုတ္ပါတယ္။ သူမ ထင္ထားတာထက္ကို ခက္ခဲေနပါတယ္။ ေရဘဝဲဟာ ေသသြားခဲ့ေပမယ့္ လက္ေတြက ရွင္သန္ေနေသးတာကို သူမ မသိခဲ့တာပါ။ ေရဘဝရဲ႕လက္ေတြကသူမရဲ႕ ႏႈတ္ခမ္း၊ ပါး၊ မ်က္ခြံေတြမွာ ခိုင္ခိုင္ၿမဲၿမဲ တြယ္ကပ္ေနလို႔ နာၿပီးေအာ္ငိုေနခဲ့ပါတယ္။

30 sec ၾကာ ဖယ္ရွားၿပီးတဲ့ေနာက္မွာေတာ့ ေရဘဝဲက မ်က္ႏွာကို မကပ္ေတာ့ပါဘူး။ ေနာက္ Video မွာ ေရဘဝဲ စားျပမယ္လို႔လဲ ၾကည့္ရႉသူေတြကို ေျပာပါတယ္။ ေရဘဝဲရဲ႕လက္ေတြက သူမရဲ႕မ်က္ႏွာကို ကပ္တြယ္သြားတာေၾကာင့္ အေပါက္ေလးေတြျဖစ္သြားၿပီး ေသြးထြက္ေန ခဲ့ပါတယ္။ ေရဘဝဲကေတာ့ ေသသြားေပမယ့္ အစြမ္းရွိသေလာက္ ကိုယ့္ကိုယ္ကို ကာကြယ္သြားခဲ့ပါတယ္။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments