ချောမောဝင်းပတဲ့ မျက်နှာလေးကို ရရှိဖို့ အလွယ်ဆုံးနည်းလမ်း

မျက်နှာကို ရေခဲတုံးလေးနဲ့ နေ့စဉ်ပွတ်တိုက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရလာမလဲ

နာမည်ကြီး စူပါမော်ဒယ် Kate Moss က သူမ အရွယ်တင်လှပနေရတဲ့ အကြောင်းအရင်းကတော့ မနက်တိုင်း ရေခဲတုံးလေးတွေနဲ့ မျက်နှာကို ပွတ်တိုက်တာကြောင့်လို့ ပြောပြခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ် Kate Moss က အသားအရေလှဖို့အတွက် မျက်နှာကို ရေခဲရေထဲမှာ ခဏကြာနှစ်ထားလေ့ရှိပြီး သခွားသီးကိုလည်း မျက်နှာမှာ ကပ်ပါတယ်။ တကယ်တော့ ရေခဲတုံးက တန်ဖိုးမကြီးမားပေမယ့် မျက်နှာအသားအရေချောမွေ့လှပဖို့အတွက် အများကြီး ကူညီပေးနိုင်ပါတယ်။

၁။ မျက်နှာဝင်းပလာခြင်း

မျက်နှာက အမြဲတမ်း မည်းညစ်ညစ်ဖြစ်နေတယ်ဆိုရင် စိတ်ညစ်စရာ မလိုတော့ဘူး။ မနက်တိုင်း မျက်နှာကို ရေခဲတုံးလေးတွေနဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် မျက်နှာပေါ်မှာ သွေးလည်ပတ်မှုတွေ ပိုကောင်းလာပါတယ်။ အဲဒီအခါ မျက်နှာက ပိုပြီးဝင်းပလာပြီး သဘာဝအတိုင်း glow နေတော့မှာပါ။

၂။ လိမ်းထားတဲ့ မိတ်ကပ်ပစ္စည်းတွေကို ပိုမိုစုပ်ယူနိုင်ခြင်း

မျက်နှာပေါ်မှာ cream ဒါမှမဟုတ် serum လိမ်းပြီးတဲ့အခါမှာ ရေခဲတုံးလေးနဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် cream သို့မဟုတ် serum က ပိုပြီးစိမ့်ဝင်နိုင်ပါတယ်။ ဒီနည်းကတော့ တစ်နေကုန်လှပဖို့အတွက် နည်းတွေထဲက လျှို့ဝှက်ချက် တစ်ခုပါပဲ။

၃။ မျက်ကွင်းညိုတာကို သက်သာစေခြင်း

ညဘက် အိပ်ရေးပျက်တာများလို့ ပန်ဒါဖြစ်နေရင် စိတ်ပူစရာ မလိုတော့ပါဘူးနော်။ မျက်ကွင်းညိုတဲ့နေရာကို ရေခဲတုံးလေးတွေနဲ့ ပွတ်တိုက်ပေးရုံပါပဲ။ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးထဲကို ရေခဲတုံးလေးတွေထည့်ပြီး မျက်လုံးအောက်နားကို ပွတ်ပေးရင်လည်း ရပါတယ်။ သခွားသီးကို ဖျော်ရည်ကြိတ်ပြီး မျက်လုံးအောက်နားကို လိမ်းပေးရင်လည်း မျက်ကွင်းညိုတာတွေ သက်သာပါတယ်။

၄။ မိတ်ကပ်ကို အချိန်ကြာမြင့်စွာ ခံစေခြင်း

ရေခဲတုံးလေးတွေက သဘာဝမိတ်ကပ် primer ပါပဲ။ အောက်ခံမိတ်ကပ် မလိမ်းခင်မှာ မျက်နှာကို ရေခဲတုံးလေးတွေနဲ့ ပွတ်တိုက်ပေးရင် မိတ်ကပ်ကြာကြာခံပါတယ်။ ပေါင်ဒါပုတ်ပြီးနောက် မျက်နှာကို ရေခဲရေထဲမှာ ၁၅ စက္ကန့်ကနေ ၃၀ စက္ကန့်ကြာ စိမ်ထားရင် matte look ရစေပါတယ်။ ဒီနည်းကတော့ ကိုရီးယား beauty hack တစ်ခုဖြစ်ပြီး "jamsu" လို့ ခေါ်ကြပါတယ်။

၅။ နှုတ်ခမ်းကို နူးညံ့စေခြင်း

နှုတ်ခမ်းတွေ အက်ကွဲနေပြီဆိုရင် ရေခဲတုံးလေးနဲ့သာ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ရေခဲတာ ရောင်ရမ်းနာကျင်တာတွေကို သက်သာစေတာကြောင့် နှုတ်ခမ်းသားတွေ ပြန်လည်နူးညံ့လာမှာပါ။

၆။ မျက်နှာက ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်း

နွားနို့ကို ရေခဲတုံးလေးတွေအဖြစ် ပြုလုပ်ထားတဲ့အခါ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ exfoliator ဖြစ်လာပါတယ်။ နွားနို့မှာ လက်တစ်အက်စစ်ပါဝင်တာကြောင့် ဆဲလ်သေတွေကို ကူညီဖယ်ရှားပေးပါတယ်။ အဲဒါကြောင့် မျက်နှာက အရင်ကထက် ပိုပြီး နူးညံ့ဖြူဝင်းလာမှာပါ။

၇။ မျက်နှာအဆီပြန်တာကို ကင်းဝေးစေခြင်း

မျက်နှာအဆီပြန်တဲ့အခါ ရေခဲတုံးလေးတွေနဲ့ ပွတ်တိုက်ပေးပါ။ မျက်နှာပေါ်က အဆီထုတ်လုပ်တဲ့ ချွေးပေါက်လေးတွေကို ရေခဲတုံးက ကျဉ်းသွားစေပါတယ်။ သံပရိုသီးအရည်လေးတွေကို ခဲထားပြီး မျက်နှာမှာ ပွတ်တိုက်ပေးရင် ပိုပြီးသိသာတဲ့ ရလဒ်ကို တွေ့ရှိရမှာပါ။

Zombie (Lovemedia)

For Zawgyi

ေခ်ာေမာဝင္းပတဲ့ မ်က္ႏွာေလးကို ရရွိဖို႔ အလြယ္ဆုံးနည္းလမ္း

မ်က္ႏွာကို ေရခဲတုံးေလးနဲ႔ ေန႔စဥ္ပြတ္တိုက္ေပးရင္ ဘယ္လို အက်ိဳးေက်းဇူးေတြ ရလာမလဲ

နာမည္ႀကီး စူပါေမာ္ဒယ္ Kate Moss က သူမ အ႐ြယ္တင္လွပေနရတဲ့ အေၾကာင္းအရင္းကေတာ့ မနက္တိုင္း ေရခဲတုံးေလးေတြနဲ႔ မ်က္ႏွာကို ပြတ္တိုက္တာေၾကာင့္လို႔ ေျပာျပခဲ့ပါတယ္။အသက္ ၄၆ ႏွစ္အ႐ြယ္ Kate Moss က အသားအေရလွဖို႔အတြက္ မ်က္ႏွာကို ေရခဲေရထဲမွာ ခဏၾကာႏွစ္ထားေလ့ရွိၿပီး သခြားသီးကိုလည္း မ်က္ႏွာမွာ ကပ္ပါတယ္။ တကယ္ေတာ့ ေရခဲတုံးက တန္ဖိုးမႀကီးမားေပမယ့္ မ်က္ႏွာအသားအေရေခ်ာေမြ႕လွပဖို႔အတြက္ အမ်ားႀကီး ကူညီေပးႏိုင္ပါတယ္။

၁။ မ်က္ႏွာဝင္းပလာျခင္း

မ်က္ႏွာက အၿမဲတမ္း မည္းညစ္ညစ္ျဖစ္ေနတယ္ဆိုရင္ စိတ္ညစ္စရာ မလိုေတာ့ဘူး။ မနက္တိုင္း မ်က္ႏွာကို ေရခဲတုံးေလးေတြနဲ႔ ပြတ္တိုက္ေပးမယ္ဆိုရင္ မ်က္ႏွာေပၚမွာ ေသြးလည္ပတ္မႈေတြ ပိုေကာင္းလာပါတယ္။ အဲဒီအခါ မ်က္ႏွာက ပိုၿပီးဝင္းပလာၿပီး သဘာဝအတိုင္း glow ေနေတာ့မွာပါ။

၂။ လိမ္းထားတဲ့ မိတ္ကပ္ပစၥည္းေတြကို ပိုမိုစုပ္ယူႏိုင္ျခင္း

မ်က္ႏွာေပၚမွာ cream ဒါမွမဟုတ္ serum လိမ္းၿပီးတဲ့အခါမွာ ေရခဲတုံးေလးနဲ႔ ပြတ္တိုက္ေပးမယ္ဆိုရင္ cream သို႔မဟုတ္ serum က ပိုၿပီးစိမ့္ဝင္ႏိုင္ပါတယ္။ ဒီနည္းကေတာ့ တစ္ေနကုန္လွပဖို႔အတြက္ နည္းေတြထဲက လွ်ိဳ႕ဝွက္ခ်က္ တစ္ခုပါပဲ။

၃။ မ်က္ကြင္းညိဳတာကို သက္သာေစျခင္း

ညဘက္ အိပ္ေရးပ်က္တာမ်ားလို႔ ပန္ဒါျဖစ္ေနရင္ စိတ္ပူစရာ မလိုေတာ့ပါဘူးေနာ္။ မ်က္ကြင္းညိဳတဲ့ေနရာကို ေရခဲတုံးေလးေတြနဲ႔ ပြတ္တိုက္ေပး႐ုံပါပဲ။ ဒါမွမဟုတ္ အဝတ္စသန႔္သန႔္ေလးထဲကို ေရခဲတုံးေလးေတြထည့္ၿပီး မ်က္လုံးေအာက္နားကို ပြတ္ေပးရင္လည္း ရပါတယ္။ သခြားသီးကို ေဖ်ာ္ရည္ႀကိတ္ၿပီး မ်က္လုံးေအာက္နားကို လိမ္းေပးရင္လည္း မ်က္ကြင္းညိဳတာေတြ သက္သာပါတယ္။

၄။ မိတ္ကပ္ကို အခ်ိန္ၾကာျမင့္စြာ ခံေစျခင္း

ေရခဲတုံးေလးေတြက သဘာဝမိတ္ကပ္ primer ပါပဲ။ ေအာက္ခံမိတ္ကပ္ မလိမ္းခင္မွာ မ်က္ႏွာကို ေရခဲတုံးေလးေတြနဲ႔ ပြတ္တိုက္ေပးရင္ မိတ္ကပ္ၾကာၾကာခံပါတယ္။ ေပါင္ဒါပုတ္ၿပီးေနာက္ မ်က္ႏွာကို ေရခဲေရထဲမွာ ၁၅ စကၠန႔္ကေန ၃၀ စကၠန႔္ၾကာ စိမ္ထားရင္ matte look ရေစပါတယ္။ ဒီနည္းကေတာ့ ကိုရီးယား beauty hack တစ္ခုျဖစ္ၿပီး "jamsu" လို႔ ေခၚၾကပါတယ္။

၅။ ႏႈတ္ခမ္းကို ႏူးညံ့ေစျခင္း

ႏႈတ္ခမ္းေတြ အက္ကြဲေနၿပီဆိုရင္ ေရခဲတုံးေလးနဲ႔သာ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။ ေရခဲတာ ေရာင္ရမ္းနာက်င္တာေတြကို သက္သာေစတာေၾကာင့္ ႏႈတ္ခမ္းသားေတြ ျပန္လည္ႏူးညံ့လာမွာပါ။

၆။ မ်က္ႏွာက ဆဲလ္ေသေတြကို ဖယ္ရွားေပးျခင္း

ႏြားႏို႔ကို ေရခဲတုံးေလးေတြအျဖစ္ ျပဳလုပ္ထားတဲ့အခါ ဆဲလ္ေသေတြကို ဖယ္ရွားေပးတဲ့ exfoliator ျဖစ္လာပါတယ္။ ႏြားႏို႔မွာ လက္တစ္အက္စစ္ပါဝင္တာေၾကာင့္ ဆဲလ္ေသေတြကို ကူညီဖယ္ရွားေပးပါတယ္။ အဲဒါေၾကာင့္ မ်က္ႏွာက အရင္ကထက္ ပိုၿပီး ႏူးညံ့ျဖဴဝင္းလာမွာပါ။

၇။ မ်က္ႏွာအဆီျပန္တာကို ကင္းေဝးေစျခင္း

မ်က္ႏွာအဆီျပန္တဲ့အခါ ေရခဲတုံးေလးေတြနဲ႔ ပြတ္တိုက္ေပးပါ။ မ်က္ႏွာေပၚက အဆီထုတ္လုပ္တဲ့ ေခြၽးေပါက္ေလးေတြကို ေရခဲတုံးက က်ဥ္းသြားေစပါတယ္။ သံပ႐ိုသီးအရည္ေလးေတြကို ခဲထားၿပီး မ်က္ႏွာမွာ ပြတ္တိုက္ေပးရင္ ပိုၿပီးသိသာတဲ့ ရလဒ္ကို ေတြ႕ရွိရမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments