ကိုယ်ကိုယ်တိုင် မေးခွန်းထုတ်ပြီး ပြန်ဖြေရမယ့် တက္ကသိုလ်နှစ်ဝက်စာမေးပွဲ

ကျောင်းသားတိုင်းက စာမေးပွဲကို ကြောက်ကြပါတယ်။ စာမေးပွဲကာလကို စိတ်အဖိစီးဆုံးနဲ့ စိတ်အညစ်ဆုံးကာလလို့ ပြောကြပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ ကိုယ်ကျက်ထားတဲ့စာတွေ မပါမှာရယ်၊ မေးခွန်းလှည့်မှာရယ်ကို ကြောက်ကြတာပါ။

ဒါပေမယ့် အခုတော့ မဟုတ်တော့ပါဘူး။ အိန္ဒိယနိုင်ငံမှာ စနစ်သစ်တစ်ခုကို စတင်လိုက်ပါပြီ။ အဲဒါကတော့ ကိုယ်ဖြေမယ့် စာမေးပွဲအတွက် ကိုယ်ကိုယ်တိုင် မေးခွန်းပြန်ထုတ်ရမှာပါ။

Covid ကြောင့် ကျောင်းသားတွေဟာ ပညာရေးမှာ စိတ်ပါဝင်စားမှု အားနည်းလာကြပါတယ်။ ဒီလို အခြေအနေကို ကျော်ဖြတ်ဖို့အတွက် ကိုယ်တိုင်မေးခွန်းထုတ်တဲ့ အစီအစဉ်ကို စတင်ခဲ့ကြတာပါ။

ကျောင်းသားတစ်ယောက်မှာ အမှတ် (၆၀) ဖိုးထိ မေးခွန်းထုတ်ခွင့် ရှိပါတယ်။ သင်ရိုးထဲကအတိုင်း ကြိုက်သလို ထုတ်နိုင်ပါတယ်။ ဒါပေမယ့် အချင်းချင်းတော့ တိုင်ပင်ပြီး ဖြေလို့မရပါဘူး။ တွေ့ရင်တော့ အမှတ်လျှော့ခံရမှာပါ။

ဒီလိုလုပ်လိုက်ခြင်းက ကျောင်းသားတွေကို စာမေးပွဲအပေါ်မှာ ကြောက်လန့်တဲ့စိတ်ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ ကျောင်းတက်ရတာ ပျော်လာပြီးတော့ ကိုယ့်အရည်အချင်းကို ကိုယ်တိုင်သွေးရတာပါ။

မိတ်ဆွေတို့ ဆိုရင်ရော ဘယ်လိုမေးခွန်းမျိုး ထုတ်မလဲ ဆိုတာကို comment မှာ ဖြေသွားပေးကြပါဦး။

Zombie (Lovemedia)

For Zawgyi

ကိုယ္ကိုယ္တိုင္ ေမးခြန္းထုတ္ၿပီး ျပန္ေျဖရမယ့္ တကၠသိုလ္ႏွစ္ဝက္စာေမးပြဲ

ေက်ာင္းသားတိုင္းက စာေမးပြဲကို ေၾကာက္ၾကပါတယ္။ စာေမးပြဲကာလကို စိတ္အဖိစီးဆုံးနဲ႔ စိတ္အညစ္ဆုံးကာလလို႔ ေျပာၾကပါတယ္။ တကယ္လည္းဟုတ္ပါတယ္။ ကိုယ္က်က္ထားတဲ့စာေတြ မပါမွာရယ္၊ ေမးခြန္းလွည့္မွာရယ္ကို ေၾကာက္ၾကတာပါ။

ဒါေပမယ့္ အခုေတာ့ မဟုတ္ေတာ့ပါဘူး။ အိႏၵိယႏိုင္ငံမွာ စနစ္သစ္တစ္ခုကို စတင္လိုက္ပါၿပီ။ အဲဒါကေတာ့ ကိုယ္ေျဖမယ့္ စာေမးပြဲအတြက္ ကိုယ္ကိုယ္တိုင္ ေမးခြန္းျပန္ထုတ္ရမွာပါ။

Covid ေၾကာင့္ ေက်ာင္းသားေတြဟာ ပညာေရးမွာ စိတ္ပါဝင္စားမႈ အားနည္းလာၾကပါတယ္။ ဒီလို အေျခအေနကို ေက်ာ္ျဖတ္ဖို႔အတြက္ ကိုယ္တိုင္ေမးခြန္းထုတ္တဲ့ အစီအစဥ္ကို စတင္ခဲ့ၾကတာပါ။

ေက်ာင္းသားတစ္ေယာက္မွာ အမွတ္ (၆၀) ဖိုးထိ ေမးခြန္းထုတ္ခြင့္ ရွိပါတယ္။ သင္႐ိုးထဲကအတိုင္း ႀကိဳက္သလို ထုတ္ႏိုင္ပါတယ္။ ဒါေပမယ့္ အခ်င္းခ်င္းေတာ့ တိုင္ပင္ၿပီး ေျဖလို႔မရပါဘူး။ ေတြ႕ရင္ေတာ့ အမွတ္ေလွ်ာ့ခံရမွာပါ။

ဒီလိုလုပ္လိုက္ျခင္းက ေက်ာင္းသားေတြကို စာေမးပြဲအေပၚမွာ ေၾကာက္လန႔္တဲ့စိတ္ကို အမ်ားႀကီး ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေက်ာင္းတက္ရတာ ေပ်ာ္လာၿပီးေတာ့ ကိုယ့္အရည္အခ်င္းကို ကိုယ္တိုင္ေသြးရတာပါ။

မိတ္ေဆြတို႔ ဆိုရင္ေရာ ဘယ္လိုေမးခြန္းမ်ိဳး ထုတ္မလဲ ဆိုတာကို comment မွာ ေျဖသြားေပးၾကပါဦး။

Zombie (Lovemedia)

Post a Comment

0 Comments