ရည်းစားဟောင်းနဲ့ ပြန်လက်မတွဲသင့်တဲ့ အကြောင်းရင်း (၅) ချက်

ရည်းစားဟောင်းတွေက ကိုယ့်ဘဝကြီး အဆင်ပြေနေချိန်ဆို ပြန်လာချင် တတ်ကြပါတယ်။ မျှော်လင့်ချက် အသစ်တွေ၊ စကားလုံး အသစ်တွေနဲ့ ပြန်ရောက်လာ တတ်ကြပါတယ်။ တချို့ တကယ်ချစ်ကြတဲ့ Ex တွေနဲ့ ပြန်ပြီး အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ex တွေက ကိုယ့်ကို ပြန်ပြီးဒုက္ခပေးဖို့ ပြန်လာတာလား ဆိုတာကိုတော့ သတိထားဖို့ လိုပါတယ်။ Ex နဲ့ ပြန်မတွဲသင့်တဲ့ အကြောင်းရင်းတွေက အများကြီးပါပဲ။

၁။ ဒုံရင်းက ဒုံရင်းပဲ။

သင့်ကို ထားခဲ့တဲ့ Ex ကို ဘယ်လိုမှ ပြန်လက်မခံသင့်ပါဘူး။ သူက ဘယ်လိုပြုပြင်ပါမယ်လို့ ကတိတွေ အထပ်ထပ် ပေးပါလိမ့်မယ်။ နောက်ပြီးရင်တော့ သူ့ရဲ့အရင်ပုံစံတွေ ပြန်ပေါ်လာပြီး သင့်ကို နောက်ထပ်တစ်ဖန် ဒုက္ခပေးနေဦးမှာပါ။ သူသာ တကယ်ချစ်ရင် အစကတည်းက မထားခဲ့ပါဘူး။

၂။ တစ်ကိုယ်ကောင်းဆန်တယ်။

သင်က လမ်းမခွဲဖို့ အကြိမ်ကြိမ် တောင်းပန်တုန်းက သူ သွေးအေးအေးနဲ့ ထွက်သွားခဲ့ဖူးပါတယ်။ သူ့ကို ပြန်လက်ခံလိုက်ရင် နောက်တစ်ကြိမ်လည်း ထပ်ထားခဲ့နိုင်ပါသေးတယ်။ အဲဒါကြောင့် တစ်ယောက်တည်း ပျော်ပျော်ပဲ နေလိုက်ပါ။

၃။ မျှော်လင့်ချက်တွေ မရှိတော့ဘူး။

သင်ချစ်ရတဲ့သူအပေါ်မှာ မျှော်လင့်ချက်တွေ အများကြီးထားခဲ့မှာပါ။ သူထားခဲ့တဲ့ အချိန်မှာတော့ အဲဒီ မျှော်လင့်ချက်တွေက ပျောက်သွားပါပြီ။ သူပြန်လာရင် မျှော်လင့်ချက် အသစ်တွေ ထပ်ပေးဦးမှာပါ။ မပြိုလဲဖို့ အနိုင်နိုင် ရပ်တည်နေတဲ့ စိတ်အခြေအနေကို မသေချာတဲ့ မျှော်လင့်ချက်တွေကြောင့် အပျက်စီး မခံသင့်ပါဘူး။

၄။ အခွင့်အရေးပေးဖို့ မထိုက်တန်ဘူး။

တစ်ခါတရံမှာ ex တွေက ကိုယ့်ကို တကယ်ချစ်လို့ ပြန်လာတာ မဟုတ်ပါဘူး။ သူ အဆင်မပြေတော့လို့၊ သင့်ကို ထပ်ပြီး ကစားချင်သေးလို့ ပြန်လာတာပါ။ သူပြန်အဆင်ပြေချိန်မှာ ပြန်မထွက်သွားဘူးလို့ မပြောနိုင်ပါဘူး။ သင့်မျက်ရည်တွေက သူ့အတွက် မထိုက်တန်ပါဘူး။

၅။ ကိုယ့်ကိုယ်ကိုယ် လေးစားပါ။

ရည်းစားဟောင်းတစ်ယောက် အတွက်နဲ့တော့ ကိုယ့်ရဲ့စိတ် အပင်ပန်းမခံသင့်သလို အချိန်ကုန်လည်း မခံသင့်ပါဘူး။ မပြတ်သားရင် အခါခါသေရပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်တာ အကောင်းဆုံးပါပဲ။

Zombie (Lovemedia)

For Zawgyi

ရည္းစားေဟာင္းနဲ႔ ျပန္လက္မတြဲသင့္တဲ့ အေၾကာင္းရင္း (၅) ခ်က္

ရည္းစားေဟာင္းေတြက ကိုယ့္ဘဝႀကီး အဆင္ေျပေနခ်ိန္ဆို ျပန္လာခ်င္ တတ္ၾကပါတယ္။ ေမွ်ာ္လင့္ခ်က္ အသစ္ေတြ၊ စကားလုံး အသစ္ေတြနဲ႔ ျပန္ေရာက္လာတတ္ၾကပါတယ္။ တခ်ိဳ႕ တကယ္ခ်စ္ၾကတဲ့ Ex ေတြနဲ႔ ျပန္ၿပီး အဆင္ေျပႏိုင္ပါတယ္။ ဒါေပမယ့္ ex ေတြက ကိုယ့္ကို ျပန္ၿပီးဒုကၡေပးဖို႔ ျပန္လာတာလား ဆိုတာကိုေတာ့ သတိထားဖို႔ လိုပါတယ္။ Ex နဲ႔ ျပန္မတြဲသင့္တဲ့ အေၾကာင္းရင္းေတြက အမ်ားႀကီးပါပဲ။

၁။ ဒုံရင္းက ဒုံရင္းပဲ။

သင့္ကို ထားခဲ့တဲ့ Ex ကို ဘယ္လိုမွ ျပန္လက္မခံသင့္ပါဘူး။ သူက ဘယ္လိုျပဳျပင္ပါမယ္လို႔ ကတိေတြ အထပ္ထပ္ ေပးပါလိမ့္မယ္။ ေနာက္ၿပီးရင္ေတာ့ သူ႔ရဲ႕အရင္ပုံစံေတြ ျပန္ေပၚလာၿပီး သင့္ကို ေနာက္ထပ္တစ္ဖန္ ဒုကၡေပးေနဦးမွာပါ။ သူသာ တကယ္ခ်စ္ရင္ အစကတည္းက မထားခဲ့ပါဘူး။

၂။ တစ္ကိုယ္ေကာင္းဆန္တယ္။

သင္က လမ္းမခြဲဖို႔ အႀကိမ္ႀကိမ္ ေတာင္းပန္တုန္းက သူ ေသြးေအးေအးနဲ႔ ထြက္သြားခဲ့ဖူးပါတယ္။ သူ႔ကို ျပန္လက္ခံလိုက္ရင္ ေနာက္တစ္ႀကိမ္လည္း ထပ္ထားခဲ့ႏိုင္ပါေသးတယ္။ အဲဒါေၾကာင့္ တစ္ေယာက္တည္း ေပ်ာ္ေပ်ာ္ပဲ ေနလိုက္ပါ။

၃။ ေမွ်ာ္လင့္ခ်က္ေတြ မရွိေတာ့ဘူး။

သင္ခ်စ္ရတဲ့သူအေပၚမွာ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးထားခဲ့မွာပါ။ သူထားခဲ့တဲ့ အခ်ိန္မွာေတာ့ အဲဒီ ေမွ်ာ္လင့္ခ်က္ေတြက ေပ်ာက္သြားပါၿပီ။ သူျပန္လာရင္ ေမွ်ာ္လင့္ခ်က္ အသစ္ေတြ ထပ္ေပးဦးမွာပါ။ မၿပိဳလဲဖို႔ အႏိုင္ႏိုင္ ရပ္တည္ေနတဲ့ စိတ္အေျခအေနကို မေသခ်ာတဲ့ ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္ အပ်က္စီး မခံသင့္ပါဘူး။

၄။ အခြင့္အေရးေပးဖို႔ မထိုက္တန္ဘူး။

တစ္ခါတရံမွာ ex ေတြက ကိုယ့္ကို တကယ္ခ်စ္လို႔ ျပန္လာတာ မဟုတ္ပါဘူး။ သူ အဆင္မေျပေတာ့လို႔၊ သင့္ကို ထပ္ၿပီး ကစားခ်င္ေသးလို႔ ျပန္လာတာပါ။ သူျပန္အဆင္ေျပခ်ိန္မွာ ျပန္မထြက္သြားဘူးလို႔ မေျပာႏိုင္ပါဘူး။ သင့္မ်က္ရည္ေတြက သူ႔အတြက္ မထိုက္တန္ပါဘူး။

၅။ ကိုယ့္ကိုယ္ကိုယ္ ေလးစားပါ။

ရည္းစားေဟာင္းတစ္ေယာက္ အတြက္နဲ႔ေတာ့ ကိုယ့္ရဲ႕စိတ္ အပင္ပန္းမခံသင့္သလို အခ်ိန္ကုန္လည္း မခံသင့္ပါဘူး။ မျပတ္သားရင္ အခါခါေသရပါတယ္။ အဲဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ၿပီး ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္တာ အေကာင္းဆုံးပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments