အားဖြည့်အချိုရည်သောက်လို့ အပ်နဲ့ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ပေါက်ရတော့မယ့် အမျိုးသား
အားဖြည့်အချိုအရည်တွေ အလွန်အကျွံသောက်လို့ အပ်နဲ့ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ ပေါက်ရတော့မယ့် အမျိုးသား
အားဖြည့်အချိုရည် ဆိုတာက အင်အားပြတ်လတ်နေတဲ့အချိန်၊ ချွေးအလွန်ထွက်နေတဲ့အချိန်မှာ သောက်ရင် အားပြန်ပြည့်စေပါတယ်။ လူ့ရဲ့ ကုန်ခမ်းသွားတဲ့ သကြားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာတော့ ရှိပါတယ်။ Lee Kamen လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ဟာ ဖျော်ရည်ကို တစ်နေ့ ၁၂ ဗူးနှုန်းလောက် သောက်သုံးခဲ့ပါတယ်။ ရေအစား ဖျော်ရည်ကိုပဲ တောက်လျှောက်သောက်သုံးခဲ့တာပါ။
ဒီလို နေ့စဉ်ရက်ဆက် တစ်နှစ်ကြာ တစ်ရက်ကို အချိုရည် ၁၂ ဗူးလောက် သောက်သုံးခြင်းရဲ့ အကျိုးရလဒ်ကတော့ တစ်နှစ်အကြာမှာ နှလုံးရောဂါရသွားစေပါတယ်။ ဖျော်ရည်မှာ ပါတဲ့ ကယ်မီကယ်တွေ၊ ကြာရှည်ခံဆေးတွေ၊ အားဖြည့်ဓာတ်တွေက နှလုံးရောဂါ ရသွားစေတာပါ။ သူဟာ Red bull နဲ့ monster တို့ကိုပဲ စွဲသောက်ခဲ့တာပါ။
အားဖြည့်အချိုရည်တွေက အကျိူးရှိစေပေမယ့်လည်း ကြာတဲ့အခါမှာတော့ ဆိုးကျိုးတွေပဲ ပေးလာပါတယ်။
ဆရာဝန်တွေရဲ့ အဆိုအရ အသက် ၁၂ နှင့် ၁၈ ကြားကလေးတွေက ၁၀၀ မီလီဂရမ်ထက်ပိုတဲ့ ကဖိန်းဓာတ်ကို မသောက်သုံးသင့်ကြောင်း ပြောပါတယ်။ အထူးသဖြင့် ကော်ဖီပါ။ ရင်ကိုတုန်ပြီးတော့ အချိန်ကြာလာရင် နှလုံးရောဂါ ရစေနိုင်လို့ပါ။
မိတ်ဆွေတို့အနေနဲ့လည်း အချိုရည်သောက်တာ လျှော့စေချင်ပါတယ်။ အခုချိန် ရာသီဥတုက ပူတာမှန်ပေမယ့်လည်း သဘာဝ အချိုရည်တွေကိုသာ သောက်သုံးသင့်ပါတယ်။ ဥပမာ မန်ကျည်းရည်တို့၊ သရက်သီးကို အရည်ဖျော် သောက်တာမျိုးတို့ပေါ့။
မြန်မာနိုင်ငံက အချိုရည်တွေကို Lee Kamen သောက်သုံးခဲ့ရင် နှလုံးရောဂါနဲ့ မဟုတ်ပဲ ချောင်းဆိုးပြီး အရင်သေနိုင်ပါတယ်။
Zombie (Lovemedia)
အားဖြည့်အချိုအရည်တွေ အလွန်အကျွံသောက်လို့ အပ်နဲ့ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ပေါက်ရတော့မယ့် အမျိုးသား
အားဖြည့်အချိုရည်ဆိုတာက အင်အားပြတ်လတ်နေတဲ့အချိန်၊ ချွေးအလွန်ထွက်နေတဲ့အချိန်မှာ သောက်ရင် အားပြန်ပြည့်စေပါတယ်။ လူ့ရဲ့ ကုန်ခမ်းသွားတဲ့ သကြားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာတော့ ရှိပါတယ်။ Lee Kamen လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ဟာ ဖျော်ရည်ကို တစ်နေ့ ၁၂ ဗူးနှုန်းလောက် သောက်သုံးခဲ့ပါတယ်။ ရေအစား ဖျော်ရည်ကိုပဲ တောက်လျှောက်သောက်သုံးခဲ့တာပါ။
ဒီလို နေ့စဉ်ရက်ဆက် တစ်နှစ်ကြာ တစ်ရက်ကို အချိုရည် ၁၂ ဗူးလောက် သောက်သုံးခြင်းရဲ့ အကျိုးရလဒ်ကတော့ တစ်နှစ်အကြာမှာ နှလုံးရောဂါရသွားစေပါတယ်။ ဖျော်ရည်မှာ ပါတဲ့ ကယ်မီကယ်တွေ၊ ကြာရှည်ခံဆေးတွေ၊ အားဖြည့်ဓာတ်တွေက နှလုံးရောဂါ ရသွားစေတာပါ။ သူဟာ Red bull နဲ့ monster တို့ကိုပဲ စွဲသောက်ခဲ့တာပါ။
အားဖြည့်အချိုရည်တွေက အကျိူးရှိစေပေမယ့်လည်း ကြာတဲ့အခါမှာတော့ ဆိုးကျိုးတွေပဲ ပေးလာပါတယ်။
ဆရာဝန်တွေရဲ့ အဆိုအရ အသက် ၁၂ နှင့် ၁၈ ကြားကလေးတွေက ၁၀၀ မီလီဂရမ်ထက်ပိုတဲ့ ကဖိန်းဓာတ်ကို မသောက်သုံးသင့်ကြောင်း ပြောပါတယ်။ အထူးသဖြင့် ကော်ဖီပါ။ ရင်ကိုတုန်ပြီးတော့ အချိန်ကြာလာရင် နှလုံးရောဂါ ရစေနိုင်လို့ပါ။
မိတ်ဆွေတို့အနေနဲ့လည်း အချိုရည်သောက်တာ လျှော့စေချင်ပါတယ်။ အခုချိန် ရာသီဥတုက ပူတာမှန်ပေမယ့်လည်း သဘာဝ အချိုရည်တွေကိုသာ သောက်သုံးသင့်ပါတယ်။ ဥပမာ မန်ကျည်းရည်တို့၊ သရက်သီးကို အရည်ဖျော် သောက်တာမျိုးတို့ပေါ့။
မြန်မာနိုင်ငံက အချိုရည်တွေကို Lee Kamen သောက်သုံးခဲ့ရင် နှလုံးရောဂါနဲ့ မဟုတ်ပဲ ချောင်းဆိုးပြီး အရင်သေနိုင်ပါတယ်။
Zombie (Lovemedia)
For Zawgyi
အားဖြည့်အချိုရည်တွေက အကျိုးရှိစေပေမယ့်လည်း ကြာတဲ့အခါမှာတော့ ဆိုးကျိုးတွေပဲ ပေးလာပါတယ်။
Zombie (Lovemedia)
Post a Comment
0 Comments