ဆင်ကို အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရတနာတစ်ပါးလို တန်ဖိုးထားကြပါတယ်။ ဆင်တစ်ကောင်ရဲ့ တန်ဖိုးကလည်း ခုခေတ်မှာ နည်းတဲ့ဈေးတော့ မဟုတ်ပါဘူး။ ယခုခေတ်မှာ ဆင်ကို မြင်ဖို့ကလည်း ရှားပါးသွားပါပြီ။
ထိုင်းနိုင်ငံမှာရှိတဲ့ ကျောင်းတစ်ကျောင်းက ကျောင်းသားလေးတွေဟာ ကျောင်းကို တမူထူးခြားစွာ လာကြပါတယ်။ မနက်ကျောင်းသွားချိန် ရောက်ပြီဆိုတာနဲ့ ဆင်ကိုစီးပြီးတော့ လာကြတာပါ။
Surin ပြည်နယ်မှာ ရှိတဲ့ကောင်လေးတွေရဲ့ ဆင်စီးပြီးကျောင်းလာတာက လူမှုစာမျက်နှာတွေမှာလည်း နာမည်ကြီး နေပါတယ်။ ဒီလိုလာတာကို အားကျသူရှိသလို ဝေဖန်သူတွေကလဲ အများအပြားပါပဲ။
ဆင်ကို အာရှတစ်ဝိုက်မှာတော့ အလွန်ကိုတန်ဖိုးထားပြီး ရတနာတစ်ပါး အဖြစ်တောင် သတ်မှတ်ထားတာပါ။ ဒါကြောင့်လဲ တစ်ချို့လူတွေက မစီးဖို့ ပြောကြတာပါ။ ဘုရင်တွေနဲ့ မြင့်မြတ်သူတွေပဲ စီးခွင့်ရှိတယ်လို့ သတ်မှတ်ထားတာကြောင့်ပါ။
လူအချို့ကလဲ ဒီလို စီးနှင်းတာကို အားကျပြီး Comments တွေပါ ဝင်ရေးထားပါသေးတယ်။
ဒီအဖြစ်ရဲ့ နောက်ကွယ်က အချက်ကတော့ ဆီဈေးတွေ မြင့်တက်လာမှုကြောင့်လို့ သုံးသပ်ကြပါတယ်။ ဆင်ရဲ့ဘေးနားမှာလည်း ဖခင်ဖြစ်သူလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးလဲ ပါဝင်ပါတယ်။
Zombie (Lovemedia)
For Zawgyi
ကျောင်းကို ဘတ်စ်ကားနဲ့ မသွားဘဲ ဆင်စီးသွားတဲ့ ကျောင်းသားလေးတွေ
Zombie (Lovemedia)
0 Comments