မနက်အိပ်ရာထချိန် စပျစ်သီးခြောက်ရေစိမ်ရည်ကို သောက်ရင် ရရှိမယ့် အကျိုးကျေးဇူးများ

စပျစ်သီးခြောက်ကို ရေစိမ်ပြီး သောက်တဲ့နည်းဟာ BC 2000 ပတ်ဝန်းကျင် ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ ဗီတာမင်၊ အမျှင်ဓာတ်၊ သတ္ထုဓာတ်တွေက စပျစ်သီးခြောက်ထဲမှာ အများကြီး ပါဝင်ပါတယ်။ အာဟာရပညာရှင်တွေ ကလည်း စပျစ်သီးခြောက် ရေစိမ်ရည်ကို သောက်ဖို့ လူနာတွေကို တိုက်တွန်းပါတယ်။

စပျစ်သီးခြောက်ကို ရေထဲမှာ တစ်ညကြာအောင် စိမ်ထားရင် ကျန်းမာရေး အတွက် အများကြီး အကျိုးရှိမှာပါ။ ရေထဲမှာ စပျစ်သီးခြောက်ရဲ့ သတ္ထုဓာတ်တွေနဲ့ အာဟာရဓာတ် ပျော်ဝင်သွားပါတယ်။ စပျစ်သီးခြောက်ရည်ရဲ့ အစွမ်းက အသားအရေကို လှစေပြီး ကျန်းမာရေးကို ကောင်းစေပါတယ်။

1. အသည်းနဲ့အူမှာ အဆိပ်တွေ ကင်းသွားစေပါတယ်။

အိန္ဒိယနိုင်ငံက Ayurveda ဆေးနည်းမှာ စပျစ်သီးခြောက် ရေစိမ်ရည်ကို အသည်းနဲ့ အူကို သန့်စင်ဖို့ သုံးခဲ့တာ နှစ်ပေါင်း မနည်းတော့ ပါဘူး။ စပျစ်သီးခြောက်မှာ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး အဆိပ်တွေကို ကင်းစေပါတယ်။

အင်တီအောက်ဆီးဒင့်က အသည်းကို ကောင်းကောင်းအလုပ်လုပ်စေပြီး အသည်းက အဆိပ်တွေကို ဖယ်ပေးပါတယ်။ အမျှင်ဓာတ်က အူမကြီးနဲ့ အူထဲကို သန့်ရှင်းရေး လုပ်ပေးပါတယ်။ ဗိုက်ထဲမှာ ဘာအစာမှ မရှိသေးခင် စပျစ်သီးခြောက် ရေစိမ်ရည်ကို သောက်ပေးရင် ပိုကောင်းပါတယ်။ စပျစ်သီးခြောက် ရေစိမ်ရည်ကို သောက်ပြီးရင် စပျစ်သီးခြောက် အဖတ်တွေ ကိုလည်း ဝါးစားဖို့ မမေ့ပါ နဲ့နော်။

2. ခန္ဓာကိုယ်ကို စွမ်းအင် မြန်မြန်ပြည့်စေပါတယ်။

အားကစားသမားတွေက စပျစ်သီးခြောက်ဟာ စွမ်းအင်မြန်မြန် ပြည့်စေပြီး အကြာကြီး အားရှိစေတယ်လို့ ပြောပါတယ်။ စပျစ်သီးခြောက်မှာ အာဟာရဓာတ်တွေ ပါပြီးသားဖြစ်လို့ သကြားတွေ၊ အချိုတွေ ထပ်ထည့်စရာ မလိုပါဘူး။ စပျစ်သီးခြောက်ရေစိမ်ရည်ကို မနက်မှာ သောက်ရင် တစ်နေကုန် အားပြည့်နေမှာပါ။ အားကစားမလုပ်ခင် အချိန်တွေ မှာလည်း စပျစ်သီးခြောက်ရေစိမ်ရည်ကို သောက်ပေးလို့ ရပါတယ်။

3. ကိုလက်စထရောကို ကျစေပြီး သွေးဖိအားကို တည်ငြိမ်စေပါတယ်။

စပျစ်သီးခြောက်မှာ ပိုတက်ဆီယမ်လည်း ပါဝင်ပါတယ်။ စပျစ်သီးခြောက် ရေစိမ်ရည်ကို သောက်သူဟာ မသောက်သူထက် သွေးဖိအား သိသိသာသာ ကျတာကို တွေ့ရမှာပါ။ စပျစ်သီးခြောက် ရေစိမ်ရည်ကို နည်းနည်းပဲ သောက်ရင်တောင် ဒီအာနိသင်ကို ရမှာပါ။ စပျစ်သီးခြောက် ရေစိမ်ရည်က ကိုလက်စထရောကို သိသိသာသာ ကျစေလို့ နှလုံးသွေးကြောကျဉ်း ရောဂါတွေဖြစ်ဖို့လည်း ရာခိုင်နှုန်း နည်းသွားမှာပါ။

Zombie (Lovemedia)

For Zawgyi

မနက္အိပ္ရာထခ်ိန္ စပ်စ္သီးေျခာက္ေရစိမ္ရည္ကို ေသာက္ရင္ ရရွိမယ့္ အက်ိဳးေက်းဇူးမ်ား

စပ်စ္သီးေျခာက္ကို ေရစိမ္ၿပီးေသာက္တဲ့ နည္းဟာ BC 2000 ပတ္ဝန္းက်င္ ကတည္းက ရွိခဲ့တာျဖစ္ပါတယ္။ ဗီတာမင္၊ အမွ်င္ဓာတ္၊ သတၳဳဓာတ္ေတြက စပ်စ္သီးေျခာက္ထဲမွာ အမ်ားႀကီး ပါဝင္ပါတယ္။ အာဟာရပညာရွင္ေတြ ကလည္း စပ်စ္သီးေျခာက္ ေရစိမ္ရည္ကို ေသာက္ဖို႔ လူနာေတြကို တိုက္တြန္းပါတယ္။

စပ်စ္သီးေျခာက္ကို ေရထဲမွာ တစ္ညၾကာေအာင္ စိမ္ထားရင္ က်န္းမာေရး အတြက္ အမ်ားႀကီး အက်ိဳးရွိမွာပါ။ ေရထဲမွာ စပ်စ္သီးေျခာက္ရဲ႕ သတၳဳဓာတ္ေတြနဲ႔ အာဟာရဓာတ္ ေပ်ာ္ဝင္သြားပါတယ္။ စပ်စ္သီးေျခာက္ရည္ရဲ႕ အစြမ္းက အသားအေရကို လွေစၿပီး က်န္းမာေရးကို ေကာင္းေစပါတယ္။

1. အသည္းနဲ႔အူမွာ အဆိပ္ေတြ ကင္းသြားေစပါတယ္။

အိႏၵိယႏိုင္ငံက Ayurveda ေဆးနည္းမွာ စပ်စ္သီးေျခာက္ ေရစိမ္ရည္ကို အသည္းနဲ႔ အူကို သန႔္စင္ဖို႔ သုံးခဲ့တာ ႏွစ္ေပါင္း မနည္းေတာ့ ပါဘူး။ စပ်စ္သီးေျခာက္မွာ အင္တီေအာက္ဆီးဒင့္နဲ႔ အမွ်င္ဓာတ္ေတြ ပါဝင္ၿပီး အဆိပ္ေတြကို ကင္းေစပါတယ္။

အင္တီေအာက္ဆီးဒင့္က အသည္းကို ေကာင္းေကာင္းအလုပ္လုပ္ေစၿပီး အသည္းက အဆိပ္ေတြကို ဖယ္ေပးပါတယ္။ အမွ်င္ဓာတ္က အူမႀကီးနဲ႔ အူထဲကို သန႔္ရွင္းေရး လုပ္ေပးပါတယ္။ ဗိုက္ထဲမွာ ဘာအစာမွ မရွိေသးခင္ စပ်စ္သီးေျခာက္ ေရစိမ္ရည္ကို ေသာက္ေပးရင္ ပိုေကာင္းပါတယ္။ စပ်စ္သီးေျခာက္ေရစိမ္ရည္ကို ေသာက္ၿပီးရင္ စပ်စ္သီးေျခာက္အဖတ္ေတြ ကိုလည္း ဝါးစားဖို႔ မေမ့ပါ နဲ႔ေနာ္။

2. ခႏၶာကိုယ္ကို စြမ္းအင္ ျမန္ျမန္ျပည့္ေစပါတယ္။

အားကစားသမားေတြက စပ်စ္သီးေျခာက္ဟာ စြမ္းအင္ျမန္ျမန္ ျပည့္ေစၿပီး အၾကာႀကီး အားရွိေစတယ္လို႔ ေျပာပါတယ္။ စပ်စ္သီးေျခာက္မွာ အာဟာရဓာတ္ေတြ ပါၿပီးသားျဖစ္လို႔ သၾကားေတြ၊ အခ်ိဳေတြ ထပ္ထည့္စရာ မလိုပါဘူး။ စပ်စ္သီးေျခာက္ေရစိမ္ရည္ကို မနက္မွာ ေသာက္ရင္ တစ္ေနကုန္ အားျပည့္ေနမွာပါ။ အားကစားမလုပ္ခင္ အခ်ိန္ေတြ မွာလည္း စပ်စ္သီးေျခာက္ေရစိမ္ရည္ကို ေသာက္ေပးလို႔ ရပါတယ္။

3. ကိုလက္စထေရာကို က်ေစၿပီး ေသြးဖိအားကို တည္ၿငိမ္ေစပါတယ္။

စပ်စ္သီးေျခာက္မွာ ပိုတက္ဆီယမ္လည္း ပါဝင္ပါတယ္။ စပ်စ္သီးေျခာက္ ေရစိမ္ရည္ကို ေသာက္သူဟာ မေသာက္သူထက္ ေသြးဖိအား သိသိသာသာ က်တာကို ေတြ႕ရမွာပါ။ စပ်စ္သီးေျခာက္ ေရစိမ္ရည္ကို နည္းနည္းပဲ ေသာက္ရင္ေတာင္ ဒီအာနိသင္ကို ရမွာပါ။ စပ်စ္သီးေျခာက္ ေရစိမ္ရည္က ကိုလက္စထေရာကို သိသိသာသာ က်ေစလို႔ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါေတြျဖစ္ဖို႔လည္း ရာခိုင္ႏႈန္းနည္းသြားမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments