တစ်မိသားစုလုံးရဲ့ အသက်ကိုကယ်တင်ပေးခဲ့တဲ့ ခွေးကလေး

မီးဘေးအန္တရာယ်ဆိုတာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ မီးလောင်လို့ ပျက်စီးသွားတဲ့အိမ်တွေ၊ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ အများကြီးပါပဲ။ ပေါ့လျော့လို့ မီးလောင်နိုင်သလို ကလေးတွေ ဆော့ကစားတာတွေ၊ ဝိုင်ယာကြိုးတွေကနေ လောင်တာတွေလည်း ရှိပါတယ်။

ဒီတစ်ခါမှာတော့ ခွေးလေးတစ်ကောင်ရဲ့ သတိပေးမှုကြောင့် အသက်ဘေးကနေ လွတ်မြောက်လာတဲ့ မိသားစုအကြောင်းကို ပြောပြချင်ပါတယ်။

မလေးရှားနိုင်ငံက အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ Vimala ဆိုတဲ့ အမျိုးသမီးဟာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေပါတယ်။ မနက် ၅ နာရီလောက်မှာ Anandaveli ဆိုတဲ့ ခွေးလေးက နားရွက်ကိုကိုက်လိုက်၊ အင်္ကျီကိုဆွဲလိုက်နဲ့ လာနှိုးပါတယ်။ နိုးလာလို့ ထကြည့်တဲ့အခါမှာတော့ သူတို့မိသားစု ဆုတောင်းခန်းမှာ မီးလောင်နေပါတယ်။

စစပိုင်းတုန်းက ခွေးလေးကရေဆာလို့ လာနှိုးတယ် ထင်ပေမယ့် အတင်းနှိုးလို့ ထကြည့်လိုက်တဲ့အခါမှ မီးလောင်နေတာကို တွေ့တာလို့ သူမကဆိုပါတယ်။မီးလောင်တာ သိသိချင်း သူမဟာ ကလေး (၃) ယောက်ကို အမြန်ပြေးနှိုးပြီး အိမ်ပြင်ကို ထွက်စေပါတယ်။ ကလေးတွေ အပြင်ရောက်တဲ့အခါ လေဖြတ်နေတဲ့ ခင်ပွန်းသည်က နောက်ဖေးခန်းမှာ ရှိနေတာကို ရုတ်တရက် သတိရလိုက်ပါတယ်။

အငယ်ဆုံးကလေးဖြစ်တဲ့အသက် ၁၈ နှစ်အရွယ် Vimalan ကို အဖေဖြစ်သူကို အပြင်ကို ခေါ်ထုတ်ဖို့ ပြောလိုက်ပါတယ်။ ကလေးကလည်း သူ့အဖေကို ရဲရဲရင့်ရင့်နဲ့ မီးတွေကြားထဲကနေ ရအောင်ခေါ်ထုတ်ခဲ့ပါတယ်။

မလေးရှားမီးသတ်နှင့် ကယ်ဆယ်ရေးဌာန (JBPM) မှ မီးသတ်သမား ၁၂ ယောက်နဲ့ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ Pasir Bedamar ပြည်နယ်လွှတ်တော် အမတ် Terence Naidu က ပြောပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ မလေးရှားရင်းဂစ် ၅၀၀၀၀ ခန့် ရှိပါတယ်။

Vimala နဲ့ သူ့ရဲ့မိသားစုကိုတော့ ခရိုင်ရုံးကနေ အရေးပေါ်ရန်ပုံငွေတွေ၊ အစားအစာနဲ့ နေထိုင်ရေးတွေကိုပါ စီစဉ်ပေးမယ်လို့ ပြောပါတယ်။

သူတို့မိသားစု အသက်အန္တရာယ်ကင်းရဲ့ အဓိကအကြောင်းရင်းက သူတို့ရဲ့ ခွေးလေးကြောင့်ပါပဲ။ ခွေးလေးက သတိလာပေးလို့သာ အကုန်လုံး အသက်ဘေးက လွတ်သွားတာပါ။

Zombie (Lovemedia)

For Zawgyi

တစ္မိသားစုလုံးရဲ႕ အသက္ကိုကယ္တင္ေပးခဲ့တဲ့ ေခြးကေလး

မီးေဘးအႏၲရာယ္ဆိုတာ အလြန္ေၾကာက္ဖို႔ေကာင္းပါတယ္။ မီးေလာင္လို႔ ပ်က္စီးသြားတဲ့အိမ္ေတြ၊ ဆုံးရႈံးခဲ့ရတဲ့ အသက္ေတြ အမ်ားႀကီးပါပဲ။ ေပါ့ေလ်ာ့လို႔ မီးေလာင္ႏိုင္သလို ကေလးေတြေဆာ့ကစားတာေတြ၊ ဝိုင္ယာႀကိဳးေတြကေန ေလာင္တာေတြလည္း ရွိပါတယ္။

ဒီတစ္ခါမွာေတာ့ ေခြးေလးတစ္ေကာင္ရဲ႕ သတိေပးမႈေၾကာင့္ အသက္ေဘးကေန လြတ္ေျမာက္လာတဲ့ မိသားစုအေၾကာင္းကို ေျပာျပခ်င္ပါတယ္။

မေလးရွားႏိုင္ငံက အသက္ ၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ Vimala ဆိုတဲ့ အမ်ိဳးသမီးဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေမာက်ေနပါတယ္။ မနက္ ၅ နာရီေလာက္မွာ Anandaveli ဆိုတဲ့ ေခြးေလးက နား႐ြက္ကိုကိုက္လိုက္၊ အက်ႌကိုဆြဲလိုက္နဲ႔ လာႏႈိးပါတယ္။ ႏိုးလာလို႔ ထၾကည့္တဲ့အခါမွာေတာ့ သူတို႔မိသားစု ဆုေတာင္းခန္းမွာ မီးေလာင္ေနပါတယ္။

စစပိုင္းတုန္းက ေခြးေလးကေရဆာလို႔ လာႏႈိးတယ္ ထင္ေပမယ့္ အတင္းႏႈိးလို႔ ထၾကည့္လိုက္တဲ့အခါမွ မီးေလာင္ေနတာကို ေတြ႕တာလို႔ သူမကဆိုပါတယ္။မီးေလာင္တာ သိသိခ်င္း သူမဟာ ကေလး (၃) ေယာက္ကို အျမန္ေျပးႏႈိးၿပီး အိမ္ျပင္ကို ထြက္ေစပါတယ္။ ကေလးေတြ အျပင္ေရာက္တဲ့အခါ ေလျဖတ္ေနတဲ့ ခင္ပြန္းသည္က ေနာက္ေဖးခန္းမွာ ရွိေနတာကို ႐ုတ္တရက္ သတိရလိုက္ပါတယ္။

အငယ္ဆုံးကေလးျဖစ္တဲ့အသက္ ၁၈ ႏွစ္အ႐ြယ္ Vimalan ကို အေဖျဖစ္သူကို အျပင္ကို ေခၚထုတ္ဖို႔ ေျပာလိုက္ပါတယ္။ ကေလးကလည္း သူ႔အေဖကို ရဲရဲရင့္ရင့္နဲ႔ မီးေတြၾကားထဲကေန ရေအာင္ေခၚထုတ္ခဲ့ပါတယ္။

မေလးရွားမီးသတ္ႏွင့္ ကယ္ဆယ္ေရးဌာန (JBPM) မွ မီးသတ္သမား ၁၂ ေယာက္နဲ႔ ျငႇိမ္းသတ္ႏိုင္ခဲ့တယ္လို႔ Pasir Bedamar ျပည္နယ္လႊတ္ေတာ္ အမတ္ Terence Naidu က ေျပာပါတယ္။ ဆုံးရႈံးမႈတန္ဖိုးကေတာ့ မေလးရွားရင္းဂစ္ ၅၀၀၀၀ ခန႔္ ရွိပါတယ္။

Vimala နဲ႔ သူ႔ရဲ႕မိသားစုကိုေတာ့ ခ႐ိုင္႐ုံးကေန အေရးေပၚရန္ပုံေငြေတြ၊ အစားအစာနဲ႔ ေနထိုင္ေရးေတြကိုပါ စီစဥ္ေပးမယ္လို႔ ေျပာပါတယ္။

သူတို႔မိသားစု အသက္အႏၲရာယ္ကင္းရဲ႕ အဓိကအေၾကာင္းရင္းက သူတို႔ရဲ႕ ေခြးေလးေၾကာင့္ပါပဲ။ ေခြးေလးက သတိလာေပးလို႔သာ အကုန္လုံး အသက္ေဘးကလြတ္သြားတာပါ။

Zombie (Lovemedia)

Post a Comment

0 Comments