ပစ္စည်းတွေကို ကြောင်တောင်တောင်ခွဲယူပီး ကွာရှင်းခဲ့ကြတဲ့ လင်မယား

လင်မယားတွေက ချစ်နေကြတုန်းကတော့ ကြည်ဖြူပြီးတော့ မချစ်တော့တဲ့အခါ၊ ကွာရှင်းတဲ့အခါ အလွန်ကို ပြတ်သားကြပါတယ်။

မကြာသေးတဲ့ အချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံ၊ Sampung ခရိုင်မှာ ကွာရှင်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့ကွာရှင်းတာကလည်း သမားရိုးကျကွာရှင်းတာ မဟုတ်ပဲ ကြောင်တောင်တောင်နိုင်ပါတယ်။

ကွာရှင်းခဲ့တဲ့ စုံတွဲဟာ အိမ်ထောင်သက် ၁၀ နှစ် ရှိနေပါပြီ။ သူတို့ဟာ အဆင်မပြေမှုတွေများလို့ လမ်းခွဲခဲ့ကြတာလို့ ပြောပါတယ်။

ကွာရှင်းတဲ့အခါမှာ အမျိူးသားက အိမ်ခေါင်မိုးကို ပြန်လည် ဖြုတ်ယူခဲ့ပါတယ်။ အမျိုးသမီးကတော့ ကျန်တဲ့အိမ်အောက်ပိုင်းကို ယူခဲ့ပါတယ်။ မိဘတွေက ပိုင်ဆိုင်တာမို့ ခေါင်မိုးကလွဲရင် အကုန်ပြန်ယူတာလို့ ပြောပါတယ်။

ရွာရဲ့အတွင်းရေးမှူး Sampung ရဲ့ ပြောကြားချက်အရတော့ အမျိုးသမီးဖြစ်သူဟာ ဟောင်ကောင်မှာ အလုပ်သွားလုပ်ပြီး ၆ လအကြာမှာတော့ ကွာရှင်းဖို့ တောင်းဆိုခဲ့တာလို့ ပြောပါတယ်။

Ponorogo ဘာသာရေးတရားရုံးမှာ ကွာရှင်းမှုကို ခွင့်ပြုပေးတဲ့အခါမှာတော့ ပိုင်ဆိုင်မှုတွေကို ခွဲဝေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထပ်ပြီးဆွေးနွေးကြတဲ့ အခါမှာတော့ အမျိူးသားဟာ သစ်သားတွေကိုပါ ပြန်လည်ခွါယူခဲ့ပါတယ်။ မြေကတော့ အမျိုးသမီးရဲ့ မိဘတွေပိုင်ဆိုင်တာကြောင့်ပါ။

သူ့ရဲ့အမျိုးသမီး ဟောင်ကောင်မှာ အလုပ်သွားလုပ်နေတဲ့အချိန် အိမ်ထောင်ရှင် အမျိုးသားကောင်းဖြစ်အောင် ကြိုးစားနေထိုင်ခဲ့တယ်လို့ အမျိုးသားက ဆိုပါတယ်။ ယောက္ခမနေမကောင်းတာတောင် သေချာဂရုစိုက်ပြီး ပြုစုခဲ့တယ်လို့တောင် ပြောပါတယ်။

ဒါပေမယ့်လည်း သူတို့ဟာ ကွာရှင်းခဲ့ပြီးတော့ မိမိဆိုင်ရာပစ္စည်းကို မိမိတို့ပဲ ပြန်လည်ဖြုတ်ယူသွားခဲ့ပါတယ်။

Zombie (Lovemedia)

For Zawgyi

ပစၥည္းေတြကို ေၾကာင္ေတာင္ေတာင္ခြဲယူပီး ကြာရွင္းခဲ့ၾကတဲ့ လင္မယား

လင္မယားေတြက ခ်စ္ေနၾကတုန္းကေတာ့ ၾကည္ျဖဴၿပီးေတာ့ မခ်စ္ေတာ့တဲ့အခါ၊ ကြာရွင္းတဲ့အခါ အလြန္ကို ျပတ္သားၾကပါတယ္။

မၾကာေသးတဲ့ အခ်ိန္တုန္းက အင္ဒိုနီးရွားႏိုင္ငံ၊ Sampung ခ႐ိုင္မွာ ကြာရွင္းမႈတစ္ခု ျဖစ္ခဲ့ပါတယ္။ သူတို႔ကြာရွင္းတာကလည္း သမား႐ိုးက်ကြာရွင္းတာမဟုတ္ပဲ ေၾကာင္ေတာင္ေတာင္ႏိုင္ပါတယ္။

ကြာရွင္းခဲ့တဲ့ စုံတြဲဟာ အိမ္ေထာင္သက္ ၁၀ ႏွစ္ရွိေနပါၿပီ။ သူတို႔ဟာ အဆင္မေျပမႈေတြမ်ားလို႔ လမ္းခြဲခဲ့ၾကတာလို႔ ေျပာပါတယ္။

ကြာရွင္းတဲ့အခါမွာ အမ်ိဴးသားက အိမ္ေခါင္မိုးကို ျပန္လည္ျဖဳတ္ယူခဲ့ပါတယ္။ အမ်ိဳးသမီးကေတာ့ က်န္တဲ့အိမ္ေအာက္ပိုင္းကို ယူခဲ့ပါတယ္။ မိဘေတြက ပိုင္ဆိုင္တာမို႔ ေခါင္မိုးကလြဲရင္ အကုန္ျပန္ယူတာလို႔ ေျပာပါတယ္။

႐ြာရဲ႕အတြင္းေရးမႉး Sampung ရဲ႕ ေျပာၾကားခ်က္အရေတာ့ အမ်ိဳးသမီးျဖစ္သူဟာ ေဟာင္ေကာင္မွာ အလုပ္သြားလုပ္ၿပီး ၆ လအၾကာမွာေတာ့ ကြာရွင္းဖို႔ ေတာင္းဆိုခဲ့တာလို႔ ေျပာပါတယ္။

Ponorogo ဘာသာေရးတရား႐ုံးမွာ ကြာရွင္းမႈကို ခြင့္ျပဳေပးတဲ့အခါမွာေတာ့ ပိုင္ဆိုင္မႈေတြကို ခြဲေဝဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ထပ္ၿပီးေဆြးေႏြးၾကတဲ့ အခါမွာေတာ့ အမ်ိဴးသားဟာ သစ္သားေတြကိုပါ ျပန္လည္ခြါယူခဲ့ပါတယ္။ ေျမကေတာ့ အမ်ိဳးသမီးရဲ႕ မိဘေတြပိုင္ဆိုင္တာေၾကာင့္ပါ။

သူ႔ရဲ႕အမ်ိဳးသမီး ေဟာင္ေကာင္မွာ အလုပ္သြားလုပ္ေနတဲ့အခ်ိန္ အိမ္ေထာင္ရွင္ အမ်ိဳးသားေကာင္းျဖစ္ေအာင္ ႀကိဳးစားေနထိုင္ခဲ့တယ္လို႔ အမ်ိဳးသားက ဆိုပါတယ္။ ေယာကၡမေနမေကာင္းတာေတာင္ ေသခ်ာဂ႐ုစိုက္ၿပီး ျပဳစုခဲ့တယ္လို႔ေတာင္ ေျပာပါတယ္။

ဒါေပမယ့္လည္း သူတို႔ဟာ ကြာရွင္းခဲ့ၿပီးေတာ့ မိမိဆိုင္ရာပစၥည္းကို မိမိတို႔ပဲ ျပန္လည္ျဖဳတ္ယူသြားခဲ့ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments