ဗိုက်ဆာနေတဲ့ နွားသုံးကောင် စတိုးဆိုင်ထဲ ဝင်စားသွား (ရုပ်သံ)

Hong Kong မှာရှိတဲ့ စတိုးဆိုင်တစ်ခုထဲကို ဗိုက်ဆာနေတဲ့ နွားသုံးကောင် ဝင်လာပြီး စားချင်တာတွေ ယူစားကြတဲ့အခါ ဈေးဝယ်သူတွေ ဝရုန်းသုန်းကား ဖြစ်သွားကြပါတယ်။ Mui Wo မြို့က စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်တဲ့ မြို့တစ်မြို့ဖြစ်ပြီး Lantua ကျွန်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။

ကြာသပတေးနေ့က Mui Wo မြို့ရဲ့ စတိုးဆိုင်တစ်ဆိုင်ထဲကို နွားရိုင်းသုံးကောင် ဝင်လာပြီး အသီးအနှံတွေ စားနေကြတာကို ကင်မရာနဲ့ ရိုက်ယူနိုင်ခဲ့ပါတယ်။

နွားတွေက အအေးဓာတ်လွှတ်ထားတဲ့စင်တွေပေါ်က ပန်းသီး၊ သစ်တော်သီးနဲ့ ချယ်ရီသီးတွေကို အငမ်းမရ စားခဲ့ကြပါတယ်။ ဒီစတိုးဆိုင်က Hong Kong က အကြီးဆုံးစူပါမားကတ်ရဲ့ ဆိုင်ခွဲတစ်ခုဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းတွေကတော့ ဒီအတိုင်းပဲကြည့်နေပြီးတော့ ဈေးဝယ်သူတစ်ယောက်က နွားတွေကို ငှက်ပျောသီးကျွေးလိုက်ပါတယ်။

နွားတွေက ဆိုင်ထဲမှာ ခဏတာလောက်ပဲနေပြီး ပြန်ထွက်သွားပါတယ်။ ဆိုင်ဝန်ထမ်းတွေက တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်ပါတယ်။ အဲဒီနောက်မှာတော့ နွားတွေစားသွားတဲ့ အသီးအနှံတွေကို ရှင်းလင်းလိုက်ပါတယ်။ တချို့ကတော့ ဒီထူးထူးဆန်းဆန်းဖြစ်ရပ်ကို သဘောကျနေကြပါတယ်။ တချို့တွေ့ကတော့ တိရစ္ဆာန်တွေအတွက် စားကျက်မြေ နည်းပါးလာမှုနဲ့ သက်ဆိုင်တယ်လို့ ထင်မြင်ချက်ပေးကြပါတယ်။

Video ကို တင်တင်ချင်းပဲ Facebook သုံးသူတစ်ယောက်က " ဒီနှစ်က နွားနှစ်မဟုတ်သေးပါဘူး " လို့ စနောက်ခဲ့ပါတယ်။

" နွားလေးတွေ သနားပါတယ်။ သူတို့အရမ်း ဗိုက်ဆာနေလို့ လုပ်မိလုပ်ရာ လုပ်တာပါ " လို့ တစ်ယောက်က comment ရေးထားပါတယ်။

"ဆိုင်က ဝန်ထမ်းတွေက နွားတွေကို အေးအေးဆေးဆေး စားခွင့်ပြုထားတာကိုပဲ ဝမ်းသာပါတယ်။ နွားလေးတွေ သနားပါတယ်" လို့ နောက်တစ်ယောက်ကလည်း comment ရေးထားပါတယ်။

Lantau ကျွန်း၊ Sai Kung မြို့၊ Ma On Shan မြို့နဲ့ Hong Kong ရဲ့ အလယ်ပိုင်းဒေသ၊ အရှေ့မြောက်ပိုင်းဒေသတို့မှာ စုစုပေါင်း နွားရိုင်းကောင်ရေ 1100 အထက်နဲ့ ကျွဲရိုင်းကောင်ရေ 120 အထက် ရှိတယ်လို့ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ပြောပါတယ်။

Mui Wo ခရိုင်ရဲ့ကောင်စီဝင် Andy Wong Man-han ကတော့ Mui Wo မြို့မှာ နွားရိုင်းကောင်ရေ 30 လောက်နဲ့ ကျွဲရိုင်းကောင်ရေ 40 လောက်ရှိတယ်လို့ ပြောပါတယ်။ ပြီးတော့ စတိုးဆိုင်ထဲကို နွားရိုင်းတွေကို ဝင်သွားတာ သူ့အတွက် ပထမဆုံးအကြိမ်ကြားဖူးခြင်းပါလို့ Ming Pao သတင်းစာကို ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက စားကျက်မြေတွေကို ဘောလုံးကွင်းတွေ၊ ကုန်လှောင်ရုံတွေ၊ အမှိုက်စွန့်ပစ်တဲ့နေရာတွေအဖြစ် ပြောင်းလဲလိုက်လို့ နွားတွေအတွက် နေစရာ၊ စားစရာ မရှိတော့တာပါလို့ Lantau Buffalo အသင်းရဲ့ဥက္ကဌ Ho Lay က ပြောပါတယ်။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

ဗိုက္ဆာေနတဲ့ ႏြားသုံးေကာင္ စတိုးဆိုင္ထဲ ဝင္စားသြား (႐ုပ္သံ)

Hong Kong မွာရွိတဲ့ စတိုးဆိုင္တစ္ခုထဲကို ဗိုက္ဆာေနတဲ့ ႏြားသုံးေကာင္ဝင္လာၿပီး စားခ်င္တာေတြ ယူစားၾကတဲ့အခါ ေဈးဝယ္သူေတြ ဝ႐ုန္းသုန္းကား ျဖစ္သြားၾကပါတယ္။ Mui Wo ၿမိဳ႕က စိုက္ပ်ိဳးေရး လုပ္ငန္းလုပ္ကိုင္တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး Lantua ကြၽန္းရဲ႕ အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ တည္ရွိပါတယ္။ ၾကာသပေတးေန႔က Mui Wo ၿမိဳ႕ရဲ႕ စတိုးဆိုင္တစ္ဆိုင္ထဲကို ႏြား႐ိုင္းသုံးေကာင္ ဝင္လာၿပီး အသီးအႏွံေတြ စားေနၾကတာကို ကင္မရာနဲ႔ ႐ိုက္ယူႏိုင္ခဲ့ပါတယ္။

ႏြားေတြက အေအးဓာတ္လႊတ္ထားတဲ့စင္ေတြေပၚက ပန္းသီး၊ သစ္ေတာ္သီးနဲ႔ ခ်ယ္ရီသီးေတြကို အငမ္းမရ စားခဲ့ၾကပါတယ္။ ဒီစတိုးဆိုင္က Hong Kong က အႀကီးဆုံးစူပါမားကတ္ရဲ႕ ဆိုင္ခြဲတစ္ခုျဖစ္ပါတယ္။ ဆိုင္ဝန္ထမ္းေတြကေတာ့ ဒီအတိုင္းပဲၾကည့္ေနၿပီးေတာ့ ေဈးဝယ္သူတစ္ေယာက္က ႏြားေတြကို ငွက္ေပ်ာသီးေကြၽးလိုက္ပါတယ္။

ႏြားေတြက ဆိုင္ထဲမွာ ခဏတာေလာက္ပဲေနၿပီး ျပန္ထြက္သြားပါတယ္။ ဆိုင္ဝန္ထမ္းေတြက တာဝန္ရွိသူေတြကို အေၾကာင္းၾကားလိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ ႏြားေတြစားသြားတဲ့ အသီးအႏွံေတြကို ရွင္းလင္းလိုက္ပါတယ္။ တခ်ိဳ႕ကေတာ့ ဒီထူးထူးဆန္းဆန္းျဖစ္ရပ္ကို သေဘာက်ေနၾကပါတယ္။ တခ်ိဳ႕ေတြ႕ကေတာ့ တိရစာၦန္ေတြအတြက္ စားက်က္ေျမ နည္းပါးလာမႈနဲ႔ သက္ဆိုင္တယ္လို႔ ထင္ျမင္ခ်က္ေပးၾကပါတယ္။

Video ကို တင္တင္ခ်င္းပဲ Facebook သုံးသူတစ္ေယာက္က " ဒီႏွစ္က ႏြားႏွစ္မဟုတ္ေသးပါဘူး " လို႔ စေနာက္ခဲ့ပါတယ္။

" ႏြားေလးေတြ သနားပါတယ္။ သူတို႔အရမ္း ဗိုက္ဆာေနလို႔ လုပ္မိလုပ္ရာ လုပ္တာပါ " လို႔ တစ္ေယာက္က comment ေရးထားပါတယ္။

"ဆိုင္က ဝန္ထမ္းေတြက ႏြားေတြကို ေအးေအးေဆးေဆး စားခြင့္ျပဳထားတာကိုပဲ ဝမ္းသာပါတယ္။ ႏြားေလးေတြ သနားပါတယ္" လို႔ ေနာက္တစ္ေယာက္ကလည္း comment ေရးထားပါတယ္။

Lantau ကြၽန္း၊ Sai Kung ၿမိဳ႕၊ Ma On Shan ၿမိဳ႕နဲ႔ Hong Kong ရဲ႕ အလယ္ပိုင္းေဒသ၊ အေရွ႕ေျမာက္ပိုင္းေဒသတို႔မွာ စုစုေပါင္း ႏြား႐ိုင္းေကာင္ေရ 1100 အထက္နဲ႔ ကြၽဲ႐ိုင္းေကာင္ေရ 120 အထက္ ရွိတယ္လို႔ စိုက္ပ်ိဳးေရး၊ ငါးလုပ္ငန္းနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးဌာနက ေျပာပါတယ္။

Mui Wo ခ႐ိုင္ရဲ႕ေကာင္စီဝင္ Andy Wong Man-han ကေတာ့ Mui Wo ၿမိဳ႕မွာ ႏြား႐ိုင္းေကာင္ေရ 30 ေလာက္နဲ႔ ကြၽဲ႐ိုင္းေကာင္ေရ 40 ေလာက္ရွိတယ္လို႔ ေျပာပါတယ္။ ၿပီးေတာ့ စတိုးဆိုင္ထဲကို ႏြား႐ိုင္းေတြကို ဝင္သြားတာ သူ႔အတြက္ ပထမဆုံးအႀကိမ္ၾကားဖူးျခင္းပါလို႔ Ming Pao သတင္းစာကို ေျပာပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက စားက်က္ေျမေတြကို ေဘာလုံးကြင္းေတြ၊ ကုန္ေလွာင္႐ုံေတြ၊ အမႈိက္စြန႔္ပစ္တဲ့ေနရာေတြအျဖစ္ ေျပာင္းလဲလိုက္လို႔ ႏြားေတြအတြက္ ေနစရာ၊ စားစရာ မရွိေတာ့တာပါလို႔ Lantau Buffalo အသင္းရဲ႕ဥကၠဌ Ho Lay က ေျပာပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments