ကြက်ကြော် မှာစားရာမှာ တဘက်စကြီးဖြစ်နေ

ကြက်ကြော်အစား တဘက်စကို မုန့်နှစ်သုတ်ပြီး ကြော်ပေးလိုက်တဲ့ စားသောက်ဆိုင်

ကြက်ကြော် ဆိုရင်တော့ မကြိုက်တဲ့သူ ခပ်ရှားရှားပါပဲနော်။ ဘယ်အချိန် ဘယ်နေရာမှာစားစား ကြက်ကြော်ဆိုတာ အမြဲ စားကောင်းပါတယ်။ သင်ကြိုက်တဲ့ ကြက်ကြော်ကို စားချင်လို့ မှာလိုက်ပြီးမှ ကြက်ကြော်အစား တဘက်စကြီးကို ကြော်ပေးလိုက်ရင် အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းမှာပါပဲနော်။

ဖိလစ်ပိုင်နိုင်ငံက Alique Perez ဆိုတဲ့ အမျိုးသမီးက နာမည်ကြီး ကြက်ကြော်ဆိုင် တစ်ဆိုင်ကနေ ကြက်ကြော်မှာခဲ့ပါတယ်။ ဒါပေမယ့် ရောက်လာတဲ့အခါ ကြက်ကြော်အစား တဘက်ကြော်ကြီး ဖြစ်နေတာကြောင့် အရမ်းကို လန့်သွားခဲ့ပါတယ်။ ကြက်ကြော်အစား တဘက်ကြော်ကြီး ရောက်လာတာကြောင့် အရမ်း စိတ်ပျက်စရာကောင်းကြောင်း facebook မှာ တင်ခဲ့ပါတယ်။

သူမှာစားခဲ့တဲ့ ကြက်ကြော်ဆိုင်ကတော့ Taguig မြို့က နာမည်ကြီး Jollibee စားသောက်ဆိုင်ခွဲ တစ်ခုကပါ။ Alique ရဲ့သားက ကြက်ကြော်ကို လှီးစားရတာ ခက်နေတာကြောင့် သူ့အမေကို လှီးခိုင်းပါတယ်။ သူ့အမေကလည်း ကြက်ကြော်လှီးရတာ ခက်နေလို့ ကြက်ကြော်ကို ဖြဲကြည့်တဲ့အခါ တဘက်ကြီး ဖြစ်နေပါတယ်။

ဆိုင်က တဘက်စကို မုန့်နှစ်သုတ်ပြီး ကြော်ပေးလိုက်တာပါ။ ဒါပေမယ့် ဆိုင်ကတော့ အခုချိန်ထိ ဘာမှဖြေရှင်းချက်မပေးပါဘူး။ တကယ်တော့ စားသုံးသူကို စော်ကားသလို ဖြစ်နေတာကြောင့် တစ်ခုခုတော့ ဆိုင်က ဖြေရှင်းချက် ပေးသင့်ပါတယ်။

သင်ရော အစားအသောက်မှာစားရင်း အလွဲလေးတွေ ကြုံဖူးရင် comment မှာ ရေးသွားပါဦးနော်။

Zombie (Lovemedia)

For Zawgyi








Zombie (Lovemedia)

Post a Comment

0 Comments