မောင်နှမတွေထဲမှာ အငယ်ဆုံးကလေးတွေက ပျော်ပျော်နေတတ်သူများဖြစ်

သင်က မောင်နှမတွေထဲမှာ အငယ်ဆုံးဆိုရင် အစ်ကို အစ်မတွေနဲ့ မတူဘဲ ထူးခြားတဲ့ အချက်တစ်ခု ရှိပါတယ်။ တစ်အူထုံဆင်းမောင်နှမတွေ ဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်၊ စိတ်နေစိတ်ထားက မတူနိုင်ပါဘူး။

ဗြိတိန်က သုတေသနလုပ်ငန်းတစ်ခုဖြစ်တဲ့ UouGov က အသက် ၁၈ နှစ်နဲ့အထက် လူပေါင်း ၁၇၈၂ ယောက်ကို လေ့လာခဲ့ပါတယ်။ လူပေါင်း ၁၇၈၂ ယောက်ကို မောင်နှမတွေအကြား တာဝန်ယူစိတ်၊ ပျော်ပျော်နေစိတ်၊ မတူညီတဲ့ အားသာချက်တွေအကြောင်း မေးခဲ့ပါတယ်။ရလဒ်အနေနဲ့ မောင်နှမတွေအကြား အထင်ရှားဆုံး ကွာခြားချက်ကတော့ ပျော်ပျော်နေတတ်တဲ့စိတ်ပါပဲ။

အငယ်ဆုံးကလေးတွေက တခြား ညီအစ်ကိုမောင်နှမတွေထက် ၄၆% ပျော်ပျော်နေတတ်တာကို တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ အငယ်ဆုံးတွေက အပူအပင်နည်းပြီး ပေါ့ပေါ့နေတတ်တာကိုလည်း တွေ့ရပါသေးတယ်။အကြီးဆုံးကလေးတွေက တာဝန်ယူစိတ်ရှိတာ ပိုများကြောင်း၊ အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်ကြောင်း၊ ပိုပြီး အောင်မြင်ကြောင်း တွေ့ရပါတယ်။

အကြီးဆုံးကလေးတွေက မိဘနဲ့ တခြားမောင်နှမတွေအပေါ် တာဝန်သိတတ်တာ၊ ကူညီပေးတာ၊ တာဝန်ယူစိတ် ရှိတာကိုလည်း တွေ့ရပါတယ်။ အငယ်ဆုံးကလေးတွေက အများအားဖြင့် စိတ်ကို ပေါ့ပေါ့ပါးပါးထားတတ်တာကြောင့် ဖန်တီးမှုစွမ်းရည် ကောင်းပါတယ်။ စိတ်ခံစားလွယ်ပြီး တစ်ဖက်မှာလည်း ပျော်ပျော်နေတတ်ပါသေးတယ်။

အလတ်တွေကတော့ အကြီးတွေလိုလည်း အခွင့်အရေးမရသလို အငယ်လိုလည်း ဂရုစိုက်ခံရတာ နည်းပါတယ်။ အဲဒါကြောင့် တစ်ခါတရံမှာ မိသားစုကို တော်လှန်တာမျိုး ဖြစ်တတ်ပါတယ်။ အလတ်တွေက အများအားဖြင့် မိသားစုနဲ့ အဆင်မပြေပေမယ့် သူစိမ်းတွေနဲ့ကျတော့ လူမှုဆက်ဆံရေးက ကောင်းနေပြန်ပါတယ်။

တစ်ဦးတည်းသော ကလေးတွေကလည်း ကွဲပြားပါသေးတယ်။ မောင်နှမမရှိတဲ့ ကလေးတွေက မိဘရဲ့ဂရုစိုက်မှုကို အပြည့်အဝ ရရှိပါတယ်။ အဲဒါကြောင့် သူတို့က တခြားသူတွေကို ဖေးဖေးမမ ဆက်ဆံတတ်သလို အားလည်း ပေးတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မောင်နှမတွေဆိုတာက ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တွေထဲက တစ်ခုပါပဲ။

Zombie (Lovemedia)

For Zawgyi

ေမာင္ႏွမေတြထဲမွာ အငယ္ဆုံးကေလးေတြက ေပ်ာ္ေပ်ာ္ေနတတ္သူမ်ားျဖစ္

သင္က ေမာင္ႏွမေတြထဲမွာ အငယ္ဆုံးဆိုရင္ အစ္ကိုအစ္မေတြနဲ႔ မတူဘဲ ထူးျခားတဲ့အခ်က္တစ္ခု ရွိပါတယ္။ တစ္အူထုံဆင္းေမာင္ႏွမေတြ ျဖစ္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အက်င့္စ႐ိုက္၊ စိတ္ေနစိတ္ထားက မတူႏိုင္ပါဘူး။

ၿဗိတိန္က သုေတသနလုပ္ငန္းတစ္ခုျဖစ္တဲ့ UouGov က အသက္ ၁၈ ႏွစ္နဲ႔အထက္ လူေပါင္း ၁၇၈၂ ေယာက္ကို ေလ့လာခဲ့ပါတယ္။ လူေပါင္း ၁၇၈၂ ေယာက္ကို ေမာင္ႏွမေတြအၾကား တာဝန္ယူစိတ္၊ ေပ်ာ္ေပ်ာ္ေနစိတ္၊ မတူညီတဲ့ အားသာခ်က္ေတြအေၾကာင္း ေမးခဲ့ပါတယ္။ရလဒ္အေနနဲ႔ ေမာင္ႏွမေတြအၾကား အထင္ရွားဆုံး ကြာျခားခ်က္ကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့စိတ္ပါပဲ။

အငယ္ဆုံးကေလးေတြက တျခား ညီအစ္ကိုေမာင္ႏွမေတြထက္ ၄၆% ေပ်ာ္ေပ်ာ္ေနတတ္တာကို ေတြ႕ရပါတယ္။ ဒါတင္မကေသးပါဘူး။ အငယ္ဆုံးေတြက အပူအပင္နည္းၿပီး ေပါ့ေပါ့ေနတတ္တာကိုလည္း ေတြ႕ရပါေသးတယ္။အႀကီးဆုံးကေလးေတြက တာဝန္ယူစိတ္ရွိတာ ပိုမ်ားေၾကာင္း၊ အမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္တတ္ေၾကာင္း၊ ပိုၿပီး ေအာင္ျမင္ေၾကာင္း ေတြ႕ရပါတယ္။

အႀကီးဆုံးကေလးေတြက မိဘနဲ႔ တျခားေမာင္ႏွမေတြအေပၚ တာဝန္သိတတ္တာ၊ ကူညီေပးတာ၊ တာဝန္ယူစိတ္ ရွိတာကိုလည္း ေတြ႕ရပါတယ္။ အငယ္ဆုံးကေလးေတြက အမ်ားအားျဖင့္ စိတ္ကို ေပါ့ေပါ့ပါးပါးထားတတ္တာေၾကာင့္ ဖန္တီးမႈစြမ္းရည္ ေကာင္းပါတယ္။ စိတ္ခံစားလြယ္ၿပီး တစ္ဖက္မွာလည္း ေပ်ာ္ေပ်ာ္ေနတတ္ပါေသးတယ္။

အလတ္ေတြကေတာ့ အႀကီးေတြလိုလည္း အခြင့္အေရးမရသလို အငယ္လိုလည္း ဂ႐ုစိုက္ခံရတာ နည္းပါတယ္။ အဲဒါေၾကာင့္ တစ္ခါတရံမွာ မိသားစုကို ေတာ္လွန္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အလတ္ေတြက အမ်ားအားျဖင့္ မိသားစုနဲ႔ အဆင္မေျပေပမယ့္ သူစိမ္းေတြနဲ႔က်ေတာ့ လူမႈဆက္ဆံေရးက ေကာင္းေနျပန္ပါတယ္။

တစ္ဦးတည္းေသာ ကေလးေတြကလည္း ကြဲျပားပါေသးတယ္။ ေမာင္ႏွမမရွိတဲ့ ကေလးေတြက မိဘရဲ႕ဂ႐ုစိုက္မႈကို အျပည့္အဝ ရရွိပါတယ္။ အဲဒါေၾကာင့္ သူတို႔က တျခားသူေတြကို ေဖးေဖးမမ ဆက္ဆံတတ္သလို အားလည္း ေပးတတ္ပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ ေမာင္ႏွမေတြဆိုတာက ဘဝအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ လက္ေဆာင္ေတြထဲက တစ္ခုပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments