အဝတ်လျှော်စက်ထဲမှာ 35 မိနစ်ကြာ လျှော်ခံခဲ့ရပေမယ့် အသက်မသေတဲ့ကြောင်လေး

ဒီထူးခြားတဲ့ အဖြစ်အပျက်လေးကတော့ ကြောင်တွေမှာ အသက် 9 ချောင်း ပါဝင်ကြောင်း သက်သေပြလိုက်ပါတယ်။ အသက် တစ်နှစ်အရွယ် ကြောင်လေး Felix ဟာ သခင်ရဲ့  အဝတ်လျှော်စက်ထဲကို ဝင်အိပ်နေ ခဲ့ပါတယ်။

Felix ရဲ့ သခင် Stefani Carroll Kirchaff က အဝတ်လျှော်ဖို့ အတွက် Start ခလုပ်ကို နှိပ်လိုက် ပါတယ်။ သူမရဲ့ကြောင်လေး အဝတ်လျှော်စက်ထဲမှာ ရှိနေတာကို မသိလိုက် ပါဘူး။ Felix က လည်နေတဲ့ အဝတ်လျှော်စက်ထဲမှာ 35 မိနစ်လုံး ရှိနေခဲ့ ပါတယ်။

Stefani က အဝတ် မလျှော်ခင်မှာ သူမရဲ့ ကြောင်လေးတွေ အဝတ်လျှော်စက်ထဲ ဝင်နေတတ်လားဆိုတာကို အမြဲ စစ်တတ်ပါတယ်။ ဒါပေမယ့် Stefani က ဒီတစ်ခါတော့ စစ်ဖို့ မေ့သွား ပါတယ်။ အဝတ်လျှော်ပြီးတဲ့ အခါမှာ အဝတ်တွေက ရေတွေ စိုနေပြီး မခြောက်သေး တာကို Stefan သတိထားမိလိုက်ပါတယ်။

Stefani က အဝတ်လျှော်စက်ကို ပြန်ပိတ်လိုက်ပြီး Start ခလုပ်ကို နှိပ်ခါနီးမှာ အဝတ်တွေ ကြားထဲကနေ ထိုးထွက်နေတဲ့ ခြေထောက်လေး တစ်ချောင်းကို တွေ့လိုက် ပါတယ်။ Stefani က ကြောင်လေး Felix ကို တိရစ္ဆာန်ဆရာဝန်ဆီကို အလျင်အမြန် သွားပို့လိုက် ပါတယ်။

ကြောင်လေး Felix ရဲ့ အဆုတ်ထဲမှ ရေ တော်တော် များများ ဝင်နေပါတယ်။ ကြောင်လေးက နမိုးနီးယားရောဂါဖြစ်ပြီး ခဏတာ အမြင်အာရုံ ကွယ်သွား ပါတယ်။ အခုတော့ Felix က လုံးဝ နေကောင်းလာပြီး ဆော့ကစားနေပါပြီ။

Felix နေကောင်းလာမှ Stefani လည်း စိတ်သက်သာရာ ရသွားပါတယ်။ ဒါပေမယ့် ကြောင်လေးက အခုထိ အဝတ်လျှော်စက်နားကို သွားဖို့ ကြောက်နေတုန်း ပါပဲ။ တစ်ခါလေး မေ့လျော့ မိလို့ ဖြစ်သွားတဲ့ဒီကိစ္စကို သူမရဲ့ တစ်ဘဝလုံး မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ Stefani က ပြောပြပါတယ်။

Zombie (Lovemedia)

For Zawgyi

အဝတ္ေလွ်ာ္စက္ထဲမွာ 35 မိနစ္ၾကာ ေလွ်ာ္ခံခဲ့ရေပမယ့္ အသက္မေသတဲ့ေၾကာင္ေလး

ဒီထူးျခားတဲ့ အျဖစ္အပ်က္ေလး ကေတာ့ ေၾကာင္ေတြမွာ အသက္ 9 ေခ်ာင္း ပါဝင္ေၾကာင္း သက္ေသျပလိုက္ပါတယ္။ အသက္ တစ္ႏွစ္အ႐ြယ္ ေၾကာင္ေလး Felix ဟာ သခင္ရဲ႕ အဝတ္ေလွ်ာ္စက္ထဲကို ဝင္အိပ္ေန ခဲ့ပါတယ္။

Felix ရဲ႕ သခင္ Stefani Carroll Kirchaff က အဝတ္ေလွ်ာ္ဖို႔ အတြက္ Start ခလုပ္ကို ႏွိပ္လိုက္ ပါတယ္။ သူမရဲ႕ေၾကာင္ေလး အဝတ္ေလွ်ာ္စက္ထဲမွာ ရွိေနတာကို မသိလိုက္ ပါဘူး။ Felix က လည္ေနတဲ့ အဝတ္ေလွ်ာ္စက္ထဲမွာ 35 မိနစ္လုံး ရွိေနခဲ့ ပါတယ္။

Stefani က အဝတ္ မေလွ်ာ္ခင္မွာ သူမရဲ႕ ေၾကာင္ေလးေတြ အဝတ္ေလွ်ာ္စက္ထဲ ဝင္ေနတတ္လားဆိုတာကို အၿမဲ စစ္တတ္ပါတယ္။ ဒါေပမယ့္ Stefani က ဒီတစ္ခါေတာ့ စစ္ဖို႔ ေမ့သြား ပါတယ္။ အဝတ္ေလွ်ာ္ၿပီးတဲ့ အခါမွာ အဝတ္ေတြက ေရေတြ စိုေနၿပီး မေျခာက္ေသး တာကို Stefan သတိထားမိလိုက္ပါတယ္။

Stefani က အဝတ္ေလွ်ာ္စက္ကို ျပန္ပိတ္လိုက္ၿပီး Start ခလုပ္ကို ႏွိပ္ခါနီးမွာ အဝတ္ေတြ ၾကားထဲကေန ထိုးထြက္ေနတဲ့ ေျခေထာက္ေလး တစ္ေခ်ာင္းကို ေတြ႕လိုက္ ပါတယ္။ Stefani က ေၾကာင္ေလး Felix ကို တိရစာၦန္ဆရာဝန္ဆီကို အလ်င္အျမန္ သြားပို႔လိုက္ ပါတယ္။

ေၾကာင္ေလး Felix ရဲ႕ အဆုတ္ထဲမွ ေရ ေတာ္ေတာ္ မ်ားမ်ား ဝင္ေနပါတယ္။ ေၾကာင္ေလးက နမိုးနီးယားေရာဂါျဖစ္ၿပီး ခဏတာ အျမင္အာ႐ုံ ကြယ္သြား ပါတယ္။ အခုေတာ့ Felix က လုံးဝ ေနေကာင္းလာၿပီး ေဆာ့ကစားေနပါၿပီ။

Felix ေနေကာင္းလာမွ Stefani လည္း စိတ္သက္သာရာ ရသြားပါတယ္။ ဒါေပမယ့္ ေၾကာင္ေလးက အခုထိ အဝတ္ေလွ်ာ္စက္နားကို သြားဖို႔ ေၾကာက္ေနတုန္း ပါပဲ။ တစ္ခါေလး ေမ့ေလ်ာ့ မိလို႔ ျဖစ္သြားတဲ့ဒီကိစၥကို သူမရဲ႕ တစ္ဘဝလုံး ေမ့ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ Stefani က ေျပာျပပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments