ဒီလက္ခဏာတွေ ပြနေပီဆိုရင်တော့ သင့်ကလေးကို ဆရာဝန်ပြသင့်နေပါပီ

သင့်ကလေးကို ဆရာဝန်ထံ ပြသင့်နေကြောင်း သတိပေးနေတဲ့ လက္ခဏာများ

ကလေး နေမကောင်းဖြစ်ပြီ ဆိုရင် မိဘတွေ စိတ်ပူပန်ကြ ရပါတယ်။ ကလေး နေမကောင်းတဲ့ လက္ခဏာတွေကို အချိန်မီ သိထားရင် အရမ်း မပင်ပန်းတော့ ပါဘူး။ ကလေး ကျန်းမာရေး အတွက် မေ့လျော့မထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ် ။

1. မှဲ့

ကလေးခန္ဓာကိုယ်ပေါ်မှာ မှဲ့က ပုံမှန်အရွယ် မဟုတ်ဘဲ ကြီးလာရင် (6 မီလီမီတာထက်)၊ ရှိပြီးသား မှဲ့တွေကလည်း ကြီးလာရင် ကလေးကို ဆရာဝန်ဆီ သွားပြဖို့ လိုလာပါပြီ။

2. ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်တာက ခန္ဓာကိုယ် အတွင်းပိုင်းမှာ ပြဿနာ ရှိနေတာပါ။ ဗီတာမင် ချို့တဲ့ရင် ဆံပင်ကျွတ်လာပါတယ်။ ကလေးအထူးကု ဆရာဝန်ဆီ သွားပြဖို့ အရေးကြီးပါတယ်။

3. ကလေးရဲ့ စိတ်အခြေအနေနှင့် အပြုအမူ

ကလေးက ရုတ်တရက် အစားစားချင်စိတ် မရှိတော့ဘူး ဆိုရင်၊ အိပ်ချိန်တွေ မမှန်တော့ဘူးဆိုရင်၊ တမှိုင်မှိုင် တထွေထွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ စစ်ဆေးကြည့်ပါ။

4. ဦးခေါင်းအရွယ်အစား ကြီးလာခြင်း

ကလေးတွေရဲ့ ဦးခေါင်း အနောက်မှာ နည်းနည်းလေး ချိုင့်နေတာက ပုံမှန်အနေ အထားပါ။ ဦးခေါင်းအနောက်က မချိုင့်တော့ဘဲ ပြည့်ပြည့်လေးဖြစ်သွားရင် မေ့လျေ ာ့မနေသင့် ပါဘူး။ ရောဂါ တစ်ခုခု ဖြစ်နေပြီ ဆိုတဲ့ လက္ခဏာပါ။

5. အကြားအာရုံ ချို့ယွင်းလာခြင်း

ကလေးကို နာမည်ခေါ်တဲ့အခါ ပြန်မထူးရင်၊ စကားပြောတာကို ပြန်မတုံ့ပြန်ရင် ကလေးရဲ့ အကြားအာရုံမှာ ပြဿာနာ ရှိနေပါပြီ။

6. မကြာခဏ ရေဆာခြင်း

ကလေးလေးက မကြာခဏ ရေဆာနေပြီ ဆိုရင် ပုံမှန် မဟုတ်တဲ့ လက္ခဏာပါ။ အဲဒါကြောင့် ကလေးအထူးကု ဆရာဝန်ဆီ မြန်မြန်သွားပြတာ အကောင်းဆုံးပါ။

7. ဟောက်သံကျယ်ခြင်း

ကလေးတွေ အိပ်ရင် ဟောက်သံ မထွက်တာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဟောက်သံ ကျယ်တာက ကလေး အသက်ရှူရာမှာ ပြဿနာ ဖြစ်နေကြောင်း ဖော်ပြတာပါ။ ဟောက်သံ ကျယ်လာပြီ ဆိုရင် အန္တရာယ် ရှိလို့ မေ့လျော့ မထားသင့် ပါဘူး။ အသက်ရှူ လမ်းကြောင်း ကူးစက်ရောဂါရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

သင့္ကေလးကို ဆရာဝန္ထံ ျပသင့္ေနေၾကာင္း သတိေပးေနတဲ့ လကၡဏာမ်ား

ကေလး ေနမေကာင္း ျဖစ္ၿပီ ဆိုရင္ မိဘေတြ စိတ္ပူပန္ၾက ရပါတယ္။ ကေလး ေနမေကာင္းတဲ့ လကၡဏာေတြကို အခ်ိန္မီ သိထားရင္ အရမ္း မပင္ပန္းေတာ့ ပါဘူး။ ကေလး က်န္းမာေရး အတြက္ ေမ့ေလ်ာ့မထားသင့္တဲ့ အခ်က္ေလးေတြ ရွိပါတယ္ ။

1. မွဲ႔

ကေလးခႏၶာကိုယ္ေပၚမွာ မွဲ႔က ပုံမွန္အ႐ြယ္ မဟုတ္ဘဲ ႀကီးလာရင္ (6 မီလီမီတာထက္)၊ ရွိၿပီးသား မွဲ႔ေတြကလည္း ႀကီးလာရင္ ကေလးကို ဆရာဝန္ဆီ သြားျပဖို႔ လိုလာပါၿပီ။

2. ဆံပင္ကြၽတ္ျခင္း

ဆံပင္ကြၽတ္တာက ခႏၶာကိုယ္ အတြင္းပိုင္းမွာ ျပႆနာ ရွိေနတာပါ။ ဗီတာမင္ ခ်ိဳ႕တဲ့ရင္ ဆံပင္ကြၽတ္လာပါတယ္။ ကေလးအထူးကု ဆရာဝန္ဆီ သြားျပဖို႔ အေရးႀကီးပါတယ္။

3. ကေလးရဲ႕ စိတ္အေျခအေနႏွင့္ အျပဳအမူ

ကေလးက ႐ုတ္တရက္ အစားစားခ်င္စိတ္ မရွိေတာ့ဘူး ဆိုရင္၊ အိပ္ခ်ိန္ေတြ မမွန္ေတာ့ဘူးဆိုရင္၊ တမႈိင္မႈိင္ တေထြေထြ ျဖစ္လာၿပီဆိုရင္ ဆရာဝန္နဲ႔ စစ္ေဆးၾကည့္ပါ။

4. ဦးေခါင္းအ႐ြယ္အစား ႀကီးလာျခင္း

ကေလးေတြရဲ႕ ဦးေခါင္း အေနာက္မွာ နည္းနည္းေလး ခ်ိဳင့္ေနတာက ပုံမွန္အေန အထားပါ။ ဦးေခါင္းအေနာက္က မခ်ိဳင့္ေတာ့ဘဲ ျပည့္ျပည့္ေလးျဖစ္သြားရင္ ေမ့ေလ် ာ့မေနသင့္ ပါဘူး။ ေရာဂါ တစ္ခုခု ျဖစ္ေနၿပီ ဆိုတဲ့ လကၡဏာပါ။

5. အၾကားအာ႐ုံ ခ်ိဳ႕ယြင္းလာျခင္း

ကေလးကို နာမည္ေခၚတဲ့အခါ ျပန္မထူးရင္၊ စကားေျပာတာကို ျပန္မတုံ႔ျပန္ရင္ ကေလးရဲ႕ အၾကားအာ႐ုံမွာ ျပႆာနာ ရွိေနပါၿပီ။

6.မၾကာခဏ ေရဆာျခင္း

ကေလးေလးက မၾကာခဏ ေရဆာေနၿပီ ဆိုရင္ ပုံမွန္ မဟုတ္တဲ့ လကၡဏာပါ။ အဲဒါေၾကာင့္ ကေလးအထူးကု ဆရာဝန္ဆီ ျမန္ျမန္သြားျပတာ အေကာင္းဆုံးပါ။

7. ေဟာက္သံက်ယ္ျခင္း

ကေလးေတြ အိပ္ရင္ ေဟာက္သံ မထြက္တာက ျပႆနာ မရွိပါဘူး။ ဒါေပမယ့္ ေဟာက္သံ က်ယ္တာက ကေလး အသက္ရႉရာမွာ ျပႆနာ ျဖစ္ေနေၾကာင္း ေဖာ္ျပတာပါ။ ေဟာက္သံ က်ယ္လာၿပီ ဆိုရင္ အႏၲရာယ္ ရွိလို႔ ေမ့ေလ်ာ့ မထားသင့္ ပါဘူး။ အသက္ရႉ လမ္းေၾကာင္း ကူးစက္ေရာဂါရဲ႕ လကၡဏာ ျဖစ္ေနႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments