သင့်ကလေးကို အမြန်ဆုံးအိပ်ပျော်စေမယ့် နည်းလမ်း ၈ ခု

သင့်ကလေးကို အချိန်မကုန် လူမပင်ပန်းစေပဲ မြန်မြန်အိပ်ပျော်စေမယ့် နည်းလမ်းများ

သင့်ကလေးကအမြဲငိုယိုနေပြီး တော်တော်နဲ့ မအိပ်တတ်တဲ့ကလေးဆို တော်တော် စိတ်ရှုပ်ရမှာပါ။ ကိုယ်ကလည်းအလုပ်တစ်ဖက် ကလေးကလဲ ဂျီကျနဲ့ဆို ပိုပြီးတောင် စိတ်ညစ်ရမှာပါ။ ဆူရင်လဲ အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ပြန်ကြည့်လို့ မဆူရက်တာတွေလဲ ရှိမှာပါ။ ဒီနေ့မှာတော့ သင့်ကလေးက တငိုငိုနဲ့ ဂျီကျနေမယ် မအိပ်ဘူးဆိုရင် သူတို့ကို အလွယ်တကူ အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေကို ပြောပြပါမယ်။

၁ ။ သူတို့လေးတွေရဲ့ မျက်နှာကို နှိပ်နယ်ပေးပါ။

အတတ်နိုင်ဆုံး အညင်သာဆုံးနဲ့ ကလေးရဲ့ မျက်နှာတစ်ဝိုက်ကို နှိပ်ပေးပါ။ သင့်ရဲ့လက်မနဲ့ ကလေးရဲ့ ပါးစပ်အပေါ်ကနေ ဖြည်းညင်းစွာ ဆွဲချပါ။ ပြီးရင် မေးစေ့ကနေမှ အပေါ်ကို ပါးရိုးအတိုင်းလေး ဆွဲတင်ပေးလိုက်ပါ။ နှဖူးကနေလည်း ဘေးဘက်ကို ဆွဲချနိုင်ပါတယ်။

၂ ။ တစ်ရှူးဖြင့် စပါ။

ဖခင်တစ်ယောက်က ရိုးရိုးရှင်းရှင်း လှည့်ကွက်တစ်ခုကို သုံးပြီးတော့ သူ့ကလေးကို အိပ်စက်စေပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ မျက်နှာပေါ်ကို အလင်းတိုက်ရိုက်ကျစေသောကြောင့် သူတို့တွေကို စိတ်အာရုံစူးစိုက်မှု ရှိစေပါတယ်။ အဲဒီလိုနည်းနဲ့ မျက်ခွံတွေလေးလံလာပြီး မြန်မြန်အိပ်ပျော်သွားစေပါတယ်။

၃ ။ အသံကို အသုံးပြုပါ။

Dr. Harvey Karp က“ ssshhh, ssshhh” ဆိုတဲ့ အသံကို အသုံးပြုပြီးကလေးတွေကို အိပ်ပျော်အောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။

၄ ။ အစားကို ဝအောင်ကျွေးပါ။

ကလေးပေါက်စတွေရဲ့ သဘာဝက ဆာရင်ဆာတယ် မပြောတတ်ကြပေမယ့် ထထငိုတတ်ကြပါတယ်။ အဲ့လို ထငိုခြင်းဟာလဲ သင့်ကိုအလုပ်ပျက် အိပ်ရေးပျက်စေမှာပါ။ ဒါကြောင့် ကလေးကို အစားဝအောင်ကျွေးပြီး သိပ်ထားဖို့လိုပါတယ်။

၅ ။ စကားလုံးအတိုများကို အသုံးပြုပါ။

'Ommmm‘ 'Hhmm‘ စတဲ့စကားလုံးများကို အသုံးပြုပေးခြင်းကလဲ ကလေးတွေအတွက် အိပ်ပျော်စေပါတယ်။ ဒီလိုပျော့ပျောင်းတဲ့ အသံတွေက နှလုံးခုန်နှုန်းကို မြန်စေပြီး အလုပ် ပိုလုပ်ရတဲ့အတွက် အိပ်ပျော်စေတာပါ။

၆ ။ ရေသံကို နားထောင်စေခြင်း

အမျိုးသမီးတစ်ဦးဟာ ရေကို ဇလုံထဲသို့ အပြည့်ထည့်ထားပါတယ်။ ပြီးနောက်ရေကို တဖြည်းဖြည်း ဖွင့်ချလိုက်ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ ကလေးကို ရေသံနဲ့ ညှို့ယူလိုက်သလိုပါပဲ။ အလျင်အမြန် အိပ်ပျော်စေပါတယ်။

၇ ။ ဆူညံသံတွေကို နားထောင်စေခြင်း

တချို့ကလေးတွေကလဲ တော်တော်ကို ဆန့်ကျက်ဘက်နိုင်ပါတယ်။ ချော့ပြောရင် ရတဲ့ကလေး ရှိသလို ခြောက်ပြောမှ နာခံတဲ့ကလေးရှိ ပါတယ်။ သာယာတဲ့အသံတွေကို နားထောင်ပြီး အိပ်မပျော်တဲ့ကလေးကို ဖုန်စုပ်စက်သံ၊ အဝတ်လျှော်စက်သံ စတာတွေကို နားထောင်ခိုင်းလိုက်ပါ။

၈ ။ ရင်ခွင်ထဲကို ထည့်ပြီး ချော့သိပ်ပါ။

ရင်ခွင်ထဲထည့်ပြီး ချော့သိပ်တာက အကောင်းဆုံးနည်းလမ်းပါ။ သူတို့ရဲ့ကျောကို ညင်သာစွာ ပွတ်သပ်ပေးခြင်းက သူတို့အတွက် အရမ်းကို နေလို့ကောင်းစေပါတယ်။ အိပ်ပျော်သွားပြီ ဆိုရင်တော့ အိပ်ယာထဲမှာ ချထားလိုက်ပါ။ ဒါဟာ အနွေးထွေးဆုံးနဲ့ အကြင်နာဆုံး နည်းလမ်းပါပဲ။

Zombie (Lovemedia)

For Zawgyi

သင့္ကေလးကို အျမန္ဆုံးအိပ္ေပ်ာ္ေစမယ့္ နည္းလမ္း ၈ ခု

သင့္ကေလးကို အခ်ိန္မကုန္လူမပင္ပန္းေစပဲ ျမန္ျမန္အိပ္ေပ်ာ္ေစမယ့္ နည္းလမ္းမ်ား

သင့္ကေလးကအၿမဲငိုယိုေနၿပီး ေတာ္ေတာ္နဲ႔ မအိပ္တတ္တဲ့ကေလးဆို ေတာ္ေတာ္ စိတ္ရႈပ္ရမွာပါ။ ကိုယ္ကလည္းအလုပ္တစ္ဖက္ ကေလးကလဲ ဂ်ီက်နဲ႔ဆို ပိုၿပီးေတာင္ စိတ္ညစ္ရမွာပါ။ ဆူရင္လဲ အျပစ္ကင္းတဲ့ မ်က္လုံးေလးေတြနဲ႔ျပန္ၾကည့္လို႔ မဆူရက္တာေတြလဲ ရွိမွာပါ။ ဒီေန႔မွာေတာ့ သင့္ကေလးက တငိုငိုနဲ႔ ဂ်ီက်ေနမယ္ မအိပ္ဘူးဆိုရင္ သူတို႔ကို အလြယ္တကူ အိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေလးေတြကို ေျပာျပပါမယ္။

၁ ။ သူတို႔ေလးေတြရဲ႕ မ်က္ႏွာကို ႏွိပ္နယ္ေပးပါ။

အတတ္ႏိုင္ဆုံး အညင္သာဆုံးနဲ႔ ကေလးရဲ႕ မ်က္ႏွာတစ္ဝိုက္ကို ႏွိပ္ေပးပါ။ သင့္ရဲ႕လက္မနဲ႔ ကေလးရဲ႕ ပါးစပ္အေပၚကေန ျဖည္းညင္းစြာ ဆြဲခ်ပါ။ ၿပီးရင္ ေမးေစ့ကေနမွ အေပၚကို ပါး႐ိုးအတိုင္းေလး ဆြဲတင္ေပးလိုက္ပါ။ ႏွဖူးကေနလည္း ေဘးဘက္ကို ဆြဲခ်ႏိုင္ပါတယ္။

၂ ။ တစ္ရႉးျဖင့္ စပါ။

ဖခင္တစ္ေယာက္က ႐ိုး႐ိုးရွင္းရွင္းလွည့္ကြက္တစ္ခုကို သုံးၿပီးေတာ့ သူ႔ကေလးကို အိပ္စက္ေစပါတယ္။ အဲဒီလိုလုပ္ျခင္းဟာ မ်က္ႏွာေပၚကို အလင္းတိုက္႐ိုက္က်ေစေသာေၾကာင့္ သူတို႔ေတြကို စိတ္အာ႐ုံစူးစိုက္မႈ ရွိေစပါတယ္။ အဲဒီလိုနည္းနဲ႔ မ်က္ခြံေတြေလးလံလာၿပီး ျမန္ျမန္အိပ္ေပ်ာ္သြားေစပါတယ္။

၃ ။ အသံကို အသုံးျပဳပါ။

Dr. Harvey Karp က“ ssshhh, ssshhh” ဆိုတဲ့ အသံကို အသုံးျပဳၿပီးကေလးေတြကို အိပ္ေပ်ာ္ေအာင္ လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။

၄ ။ အစားကို ဝေအာင္ေကြၽးပါ။

ကေလးေပါက္စေတြရဲ႕ သဘာဝက ဆာရင္ဆာတယ္ မေျပာတတ္ၾကေပမယ့္ ထထငိုတတ္ၾကပါတယ္။ အဲ့လို ထငိုျခင္းဟာလဲ သင့္ကိုအလုပ္ပ်က္ အိပ္ေရးပ်က္ေစမွာပါ။ ဒါေၾကာင့္ ကေလးကို အစားဝေအာင္ေကြၽးၿပီး သိပ္ထားဖို႔လိုပါတယ္။

၅ ။ စကားလုံးအတိုမ်ားကို အသုံးျပဳပါ။

'Ommmm‘ 'Hhmm‘ စတဲ့စကားလုံးမ်ားကို အသုံးျပဳေပးျခင္းကလဲ ကေလးေတြအတြက္ အိပ္ေပ်ာ္ေစပါတယ္။ ဒီလိုေပ်ာ့ေပ်ာင္းတဲ့ အသံေတြက ႏွလုံးခုန္ႏႈန္းကို ျမန္ေစၿပီး အလုပ္ပိုလုပ္ရတဲ့အတြက္ အိပ္ေပ်ာ္ေစတာပါ။

၆ ။ ေရသံကို နားေထာင္ေစျခင္း

အမ်ိဳးသမီးတစ္ဦးဟာ ေရကို ဇလုံထဲသို႔ အျပည့္ထည့္ထားပါတယ္။ ၿပီးေနာက္ေရကို တျဖည္းျဖည္း ဖြင့္ခ်လိုက္ပါတယ္။ အဲဒီလိုလုပ္ျခင္းဟာ ကေလးကို ေရသံနဲ႔ ညႇိဳ႕ယူလိုက္သလိုပါပဲ။ အလ်င္အျမန္ အိပ္ေပ်ာ္ေစပါတယ္။

၇ ။ ဆူညံသံေတြကို နားေထာင္ေစျခင္း

တခ်ိဳ႕ကေလးေတြကလဲ ေတာ္ေတာ္ကို ဆန႔္က်က္ဘက္ႏိုင္ပါတယ္။ ေခ်ာ့ေျပာရင္ ရတဲ့ကေလး ရွိသလို ေျခာက္ေျပာမွ နာခံတဲ့ကေလးရွိ ပါတယ္။ သာယာတဲ့အသံေတြကို နားေထာင္ၿပီး အိပ္မေပ်ာ္တဲ့ကေလးကို ဖုန္စုပ္စက္သံ၊ အဝတ္ေလွ်ာ္စက္သံ စတာေတြကို နားေထာင္ခိုင္းလိုက္ပါ။

၈ ။ ရင္ခြင္ထဲကို ထည့္ၿပီး ေခ်ာ့သိပ္ပါ။

ရင္ခြင္ထဲထည့္ၿပီး ေခ်ာ့သိပ္တာက အေကာင္းဆုံးနည္းလမ္းပါ။ သူတို႔ရဲ႕ေက်ာကို ညင္သာစြာ ပြတ္သပ္ေပးျခင္းက သူတို႔အတြက္ အရမ္းကို ေနလို႔ေကာင္းေစပါတယ္။ အိပ္ေပ်ာ္သြားၿပီ ဆိုရင္ေတာ့ အိပ္ယာထဲမွာ ခ်ထားလိုက္ပါ။ ဒါဟာ အေႏြးေထြးဆုံးနဲ႔ အၾကင္နာဆုံး နည္းလမ္းပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments