မွေးကင်းစကလေးတွေနဲ့ ပတ်သက်ပြီး မိဘတွေ သတိမထားမိတဲ့ အမှား (၇) ချက်

ကလေးတွေကို အကောင်းဆုံး ပြုစု စောင့်ရှောက်နိုင်မယ့် နည်းလမ်းတွေကို blog တွေ၊ သူနာပြုတွေ၊ ဖိုရမ်တွေ၊ အဘွားတွေ ဆီကနေ လေ့လာလို့ ရပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ မိခင်အချို့က ကလေးစောင့်ရှောက်နည်းနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတုန်းပါပဲ။ ငယ်ရွယ်သေးတဲ့ မိဘတွေ ပြုလုပ်တတ်တဲ့ အမှားလေးတွေက ကလေးတွေအတွက် အသက်အန္တရာယ် နိုင်ပါတယ်။

1. ကလေးကို နို့မှုန့်မတိုက်ခြင်း

အမေရဲ့နို့က ကလေးတွေအတွက် အကောင်းဆုံးပါပဲ။ ဒါပေမယ့် တစ်ခါတလေမှာ အမေရဲ့နို့ကို မရနိုင်တဲ့အခါလည်း ရှိနိုင်ပါတယ်။ အဲဒီအခါ သူနာပြုတွေက နို့မှုန့်ကိုဖျော်ပြီး ကလေးကို တိုက်ပါတယ်။ တချို့မိခင်တွေက ကလေးကို နို့မှုန့်တိုက်တာ မကြိုက်ပါဘူး။ ကလေးတွေ ဗိုက်ဆာခြင်းက အလွန်အန္တရာယ်များပါတယ်။ ဗိုက်ဆာရင် ရေဓာတ်ခန်းလာပြီး အသက် ဆုံးရှုံးနိုင်လို့ပါ။

2. ကလေး ဗိုက်အပြည့် လွန်ခြင်း

ကလေးငိုတာက အမြဲတမ်း ဗိုက်ဆာနေလို့ မဟုတ်ပါဘူး။ တစ်နေရာက နာကျင်လို့ ဒါမှမဟုတ် အမေကို တွေ့ချင်လို့လည်း ကလေးငိုပါတယ်။ တစ်ခါတလေမှာ ကလေးငိုရင် ဗိုက်ဆာတယ် ထင်ပြီး မုန့်တွေကျွေးခြင်းက ကလေးကို ဗိုက်အပြည့် လွန်စေပါတယ်။ ကလေးရဲ့ ဗိုက်ထဲမှာ သက်တောင့်သက်သာ မဖြစ်တော့ပါဘူး။ အဲဒါကြောင့် ကလေးငိုတိုင်း ဗိုက်ဆာလို့ ငိုတာ မဟုတ်ပါဘူး။

3. နို့ကို ဘူးထဲထည့်ထားခြင်း

တစ်ခါတလေ ကျရင် ကလေးတွေက နို့ကို ကောင်းကောင်း မစို့ကြပါဘူး။ အဲဒီအခါ အမေတွေက နို့ကိုညှစ်ပြီး ဘူးထဲ ထည့်ထားကြပါတယ်။ ယေဘုယျ အားဖြင့်တော့ ဒါဟာ အန္တရာယ် မရှိပါဘူး။ နို့ဘူးကနေ နို့စို့ရတာက ကလေးတွေအတွက် ပိုလွယ်ကူပါတယ်။ အဲဒီအခါ ကလေးက ဗိုက်ပြည့်နေပေမယ့်လည်း နို့ဘူးကို ဆက်သောက်နေ မှာပါ။ ကလေးတွေက နို့ကို လိုတာထက် ပိုပြီး သောက်ရင် စကားပြောတတ်တဲ့ အရွယ်မှာ ပြဿနာ ရှိလာနိုင်ပါတယ်။

4. ကလေးကို အလွန် ထုပ်ထားခြင်း

ကလေးကို နွေးနေအောင် ဆိုပြီး စောင်တွေနဲ့ ထုပ်ထားတတ် ကြပါတယ်။ ဒါပေမယ့် ကလေးတွေမှာ အပူလွန်ကဲရင် သေနိုင်တဲ့အထိ အန္တရာယ် ရှိပါတယ်။ အပူချိန် 64`ဖာရင်ဟိုက်နဲ့ 68`ဖာရင်ဟိုက်ကြားက ကလေးတွေအတွက် သင့်တော်တဲ့ အပူချိန်ပါပဲ။ ကလေးတွေကို စောင်အထူကြီးတွေနဲ့၊ စောင် အထပ်လိုက်ကြီးတွေနဲ့ မထားသင့်သလို အပူပေးစက် ဘေးမှာလည်း မထားသင့်ပါဘူး။ ပါးလေးတွေနီနေရင်၊ ချွေးတွေ အလွန်အမင်း ထွက်နေရင် ကလေးက အပူလွန်ကဲနေတာပါ။

5. ကလေးရဲ့ ပတ်ဝန်းကျင်ကို ပိုးသတ်ခြင်း

အရင်တုန်းက လူကြီးတွေက ကလေးကို ရေနွေးနဲ့ ရေချိုးပေးရမယ်၊ အနှီးတွေကို မီးပူတိုက်ရမယ်၊ ကလေးရဲ့အခန်းကို ခဏခဏ သန့်ရှင်းရေး လုပ်ရမယ်လို့ ယူဆကြပါတယ်။ ငယ်ရွယ်သေးတဲ့ မိဘတွေကျတော့ ကလေးရဲ့ ကျန်းမာရေးကို စိုးရိမ်ပြီး ကလေးရဲ့ဘေးမှာ အိမ်မွေး တိရစ္ဆာန်လေးတွေ မထားပါဘူး။ ဒါပေမယ့် ကလေးရဲ့ ပတ်ဝန်းကျင်မှာ အရမ်း သန့်ရှင်းနေရင် ကလေးမှာ ကိုယ်ခံအားမကောင်းတတ်ပါဘူး။ ဖျားလွယ်နာလွယ် ဖြစ်တတ်ပါတယ်။

6. ကလေးတွန်းလှည်းကို မှန်ကန်စွာ အသုံးမပြုခြင်း

တချို့ဓာတ်လှေကားတွေက မြန်မြန် ပိတ်သွားတတ်တာကြောင့် ဓာတ်လှေကားစီးရင် ကလေးကို တွန်းလှည်းထဲကနေ ထုတ်ပြီး လက်မှာ ချီထားသင့်ပါတယ်။

7. ပုခက်လွှဲနည်းမှားခြင်း

မိဘတွေက ပုခက်ကို ညင်ညင်သာသာ မလွှဲရင် ကလေးတွေ ငိုတတ်ပါတယ်။ ကလေးတွေရဲ့လည်ပင်းက အားနည်းပြီး ဦးနှောက်ကလည်း နုပါတယ်။ အဲဒါကြောင့် ပုခက်ကို အားနဲ့လွှဲရင် အခန့်မသင့်ရင် ကလေးက မသန်မစွမ်းအထိ ဖြစ်သွားနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ေမြးကင္းစကေလးေတြနဲ႔ ပတ္သက္ၿပီး မိဘေတြ သတိမထားမိတဲ့ အမွား (၇) ခ်က္

ကေလးေတြကို အေကာင္းဆုံး ျပဳစု ေစာင့္ေရွာက္ႏိုင္မယ့္ နည္းလမ္းေတြကို blog ေတြ၊ သူနာျပဳေတြ၊ ဖိုရမ္ေတြ၊ အဘြားေတြ ဆီကေန ေလ့လာလို႔ ရပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာ မိခင္အခ်ိဳ႕က ကေလးေစာင့္ေရွာက္နည္းနဲ႔ ပတ္သက္ၿပီး ျငင္းခုံေနၾကတုန္း ပါပဲ။ ငယ္႐ြယ္ေသးတဲ့ မိဘေတြ ျပဳလုပ္တတ္တဲ့ အမွားေလးေတြက ကေလးေတြအတြက္ အသက္အႏၲရာယ္ ႏိုင္ပါတယ္။

1. ကေလးကို ႏို႔မႈန႔္မတိုက္ျခင္း

အေမရဲ႕ႏို႔က ကေလးေတြအတြက္ အေကာင္းဆုံးပါပဲ။ ဒါေပမယ့္ တစ္ခါတေလမွာ အေမရဲ႕ႏို႔ကို မရႏိုင္တဲ့အခါလည္း ရွိႏိုင္ပါတယ္။ အဲဒီအခါ သူနာျပဳေတြက ႏို႔မႈန႔္ကိုေဖ်ာ္ၿပီး ကေလးကို တိုက္ပါတယ္။ တခ်ိဳ႕မိခင္ေတြက ကေလးကို ႏို႔မႈန႔္တိုက္တာ မႀကိဳက္ပါဘူး။ ကေလးေတြ ဗိုက္ဆာျခင္းက အလြန္အႏၲရာယ္မ်ားပါတယ္။ ဗိုက္ဆာရင္ ေရဓာတ္ခန္းလာၿပီး အသက္ ဆုံးရႈံးႏိုင္လို႔ပါ။

2. ကေလး ဗိုက္အျပည့္ လြန္ျခင္း

ကေလးငိုတာက အၿမဲတမ္း ဗိုက္ဆာေနလို႔ မဟုတ္ပါဘူး။ တစ္ေနရာက နာက်င္လို႔ ဒါမွမဟုတ္ အေမကို ေတြ႕ခ်င္လို႔လည္း ကေလးငိုပါတယ္။ တစ္ခါတေလမွာ ကေလးငိုရင္ ဗိုက္ဆာတယ္ ထင္ၿပီး မုန႔္ေတြေကြၽးျခင္းက ကေလးကို ဗိုက္အျပည့္ လြန္ေစပါတယ္။ ကေလးရဲ႕ ဗိုက္ထဲမွာ သက္ေတာင့္သက္သာ မျဖစ္ေတာ့ပါဘူး။ အဲဒါေၾကာင့္ ကေလးငိုတိုင္း ဗိုက္ဆာလို႔ ငိုတာ မဟုတ္ပါဘူး။

3. ႏို႔ကို ဘူးထဲထည့္ထားျခင္း

တစ္ခါတေလ က်ရင္ ကေလးေတြက ႏို႔ကို ေကာင္းေကာင္း မစို႔ၾကပါဘူး။ အဲဒီအခါ အေမေတြက ႏို႔ကိုညႇစ္ၿပီး ဘူးထဲ ထည့္ထားၾကပါတယ္။ ေယဘုယ် အားျဖင့္ေတာ့ ဒါဟာ အႏၲရာယ္ မရွိပါဘူး။ ႏို႔ဘူးကေန ႏို႔စို႔ရတာက ကေလးေတြအတြက္ ပိုလြယ္ကူပါတယ္။ အဲဒီအခါ ကေလးက ဗိုက္ျပည့္ေနေပမယ့္လည္း ႏို႔ဘူးကို ဆက္ေသာက္ေန မွာပါ။ ကေလးေတြက ႏို႔ကို လိုတာထက္ ပိုၿပီး ေသာက္ရင္ စကားေျပာတတ္တဲ့ အ႐ြယ္မွာ ျပႆနာ ရွိလာႏိုင္ပါတယ္။

4. ကေလးကို အလြန္ ထုပ္ထားျခင္း

ကေလးကို ေႏြးေနေအာင္ ဆိုၿပီး ေစာင္ေတြနဲ႔ ထုပ္ထားတတ္ ၾကပါတယ္။ ဒါေပမယ့္ ကေလးေတြမွာ အပူလြန္ကဲရင္ ေသႏိုင္တဲ့အထိ အႏၲရာယ္ ရွိပါတယ္။ အပူခ်ိန္ 64`ဖာရင္ဟိုက္နဲ႔ 68`ဖာရင္ဟိုက္ၾကားက ကေလးေတြအတြက္ သင့္ေတာ္တဲ့ အပူခ်ိန္ပါပဲ။ ကေလးေတြကို ေစာင္အထူႀကီးေတြနဲ႔၊ ေစာင္ အထပ္လိုက္ႀကီးေတြနဲ႔ မထားသင့္သလို အပူေပးစက္ ေဘးမွာလည္း မထားသင့္ပါဘူး။ ပါးေလးေတြနီေနရင္၊ ေခြၽးေတြ အလြန္အမင္း ထြက္ေနရင္ ကေလးက အပူလြန္ကဲေနတာပါ။

5. ကေလးရဲ႕ ပတ္ဝန္းက်င္ကို ပိုးသတ္ျခင္း

အရင္တုန္းက လူႀကီးေတြက ကေလးကို ေရေႏြးနဲ႔ ေရခ်ိဳးေပးရမယ္၊ အႏွီးေတြကို မီးပူတိုက္ရမယ္၊ ကေလးရဲ႕အခန္းကို ခဏခဏ သန႔္ရွင္းေရး လုပ္ရမယ္လို႔ ယူဆၾကပါတယ္။ ငယ္႐ြယ္ေသးတဲ့ မိဘေတြက်ေတာ့ ကေလးရဲ႕ က်န္းမာေရးကို စိုးရိမ္ၿပီး ကေလးရဲ႕ေဘးမွာ အိမ္ေမြး တိရစာၦန္ေလးေတြ မထားပါဘူး။ ဒါေပမယ့္ ကေလးရဲ႕ ပတ္ဝန္းက်င္မွာ အရမ္း သန႔္ရွင္းေနရင္ ကေလးမွာ ကိုယ္ခံအားမေကာင္းတတ္ပါဘူး။ ဖ်ားလြယ္နာလြယ္ ျဖစ္တတ္ပါတယ္။

6. ကေလးတြန္းလွည္းကို မွန္ကန္စြာ အသုံးမျပဳျခင္း

တခ်ိဳ႕ဓာတ္ေလွကားေတြက ျမန္ျမန္ ပိတ္သြားတတ္တာေၾကာင့္ ဓာတ္ေလွကားစီးရင္ ကေလးကို တြန္းလွည္းထဲကေန ထုတ္ၿပီး လက္မွာ ခ်ီထားသင့္ပါတယ္။

7. ပုခက္လႊဲနည္းမွားျခင္း

မိဘေတြက ပုခက္ကို ညင္ညင္သာသာ မလႊဲရင္ ကေလးေတြ ငိုတတ္ပါတယ္။ ကေလးေတြရဲ႕လည္ပင္းက အားနည္းၿပီး ဦးေႏွာက္ကလည္း ႏုပါတယ္။ အဲဒါေၾကာင့္ ပုခက္ကို အားနဲ႔လႊဲရင္ အခန႔္မသင့္ရင္ ကေလးက မသန္မစြမ္းအထိ ျဖစ္သြားႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments